Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday 13 March 2015

ခေတ်

ပိုက်ဆံအိတ်ထဲ ငွေဖောင်းနေသလား
အပေါင်းအသင်းများက ခေါ်ချင်ပြောချင်
ချစ်တဲ့သူကကြည်ဖြူ  မုန်းသူကလည်း
ပါးစပ်တစ်ပြင်ပြင် သြော်...ခေတ်

အတိုပြတ်နဲ့  မလုံတစ်လုံ
သိုးရေခြုံထားသော ဝံပုလွေတွေကြား
ပြေးလွှားဆော့ကစားချင် သြော်...ခေတ်

အငယ်အနှောင်း မယားပေါင်းသောင်းခြောက်ထောင်
ငွေရှိပါက ဘယ်နားထားထားနေမယ်ပြင် သြော်...ခေတ်

သစ္စာတရား   ဈေးကစားလို့ 
ရည်းစားများမှ အဟုတ်ထင် သြော်...ခေတ်

အပျော်အပါး  လောင်းကစား
ဘီယာအရက် ခုံမင်စွဲလန်း
ညစဉ်တိုင်းလည်း တီးဟောက်ထိုင်
အချိန်ဖြုန်းချင်ပြန် သြော်...ခေတ်

လူနဲ့ လူချင်း  မေတ္တာကင်းလို့ 
ရန်စစ်မီးများ လောင်ကျွမ်းပြန် သြော်...ခေတ်

သြော်...ခေတ်  သြော်...ခေတ် သြော်.

ညီညွတ်ညိန်း

လောကလူရွာ

ခဏရောက်လာ  သည်ချိန်ခါမယ်
အတိတ်ဘဝ ပြုသမျှကံ
ကြောင်းကျိုးပေးပုံ မတူလေ၏
ရုပ်ဝတ္ထုခင် ဓနဂုဏ်ငွေ
အစွဲပြုကာ သူငါအတ္တ
မာန်မာနတို့  မြင့်တတ်ကုန်၏
အနိစ္စမမြင် ရုပ်ကိုခင်တွယ်
ဒီသံသရာ  ဖတ်တွယ်လို့ ထား
မြင့်မြတ်ဘုံမှာ  နေရသော်လည်း
တရားမသိ  အမှားမမြင်
မျက်ကန်းစစ် ဖြစ်လျက်နေပါတကား။

ညီညွတ်ညိန်း

Thursday 15 January 2015

“ပြည်သူလွှတ်တော်အမတ်ကြီးနှင့် အိုးနင်းခွက်နင်းအစည်းဝေး”



ရွှေပြည်သာမြို့ နယ်မှ ပြည်သူလွှတ်တော်အမတ် ဦးတင်မောင်ဦးသည် (၁၄.၁.၂၀၁၅)
နံနက် ၁၀နာရီအချိန်တွင် ရွှေပြည်သာမြို့ နယ် အမှတ်(၁၃)ရပ်ကွက် ဓမ္မာရုံ၌   ရပ်ကွက်အုပ်ချုပ်ရေးမှူး
ဖြစ်သူဦးအောင်ကိုကိုထက်နှင့် သဘောတူညီ အင်အားများစုစည်းလျက် အစည်းဝေးပြုလုပ်ကြပါသည်။
ယင်းအစည်းဝေးသည် ရပ်ကွက်ပြည်ခိုင်ဖြိုးပါတီနှင့် ရပ်ကွက်ဖွံ့ ဖြိုးတိုးတတ်ရေးအထောက်အကူပြု ကော်မတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ တို့ ကိုလည်း အသိပေးခြင်းမရှိပဲ အစည်းဝေးပွဲကျင်းပခဲ့ကြောင်းသိရှိရပါသည်။ရပ်ကွက်ပြည်သူများ၏ ဆန္ဒပြ၊အကြိမ်ကြိမ်တိုင်ကြားခြင်း
ခံထားရသော ရပ်ကွက်အုပ်ချူပ်ရေးမှူးအား ရပ်ကျိုးရွာကျိုးလုပ်နေသူပမာ၊ချီးမွမ်းတောပနာပြုပေးနေလျက်
အုပ်ချူပ်ရေးမှူးတာဝန် ဆက်လက်ဆောင်ရွက်နိုင်ရန် ပြည်သူထောက်ခံမှုရရှိသည့် ပုံစံသရုပ်ဖော်စည်းဝေးနေစဉ် ဓမ္မာရုံအတွင်းရေးမှူး ဦးခင်ထွေးမှ “လွှတ်တော်အမတ်ကြီးခင်ဗျာ ကျွန်တော် ပြည်သူတစ်ယောက်အနေနဲ့  ရှေ့ ကဆွေးနွေးသူများလို တင်ပြဆွေးနွေး ခွင့်ရှိပါသလား”
ဟူ၍ ခွင့်တောင်းရာ “ရတယ် ရတယ်” ဟု ခွင့်ပြုသဖြင့် “လွှတ်တော်အမတ်ကြီးခင်ဗျာ ကျွန်တော်တို့ (၁၃)ရပ်ကွက်အလယ်အူကြောင်းလမ်းမကြီးဖြစ်တဲ့ မန္တလေးလမ်းတစ်လျှောက်မှာ စက်မှုဇုံ(၂)ထဲမှာရှိသော unilever စက်ရုံရဲ့  မဟာဓါတ်အားလိုင်းအဆင့်ရှိ ဗို့ အား ၃၃၀၀၀ ဖြတ်သန်းသွယ်တန်းနိုင်ဖို့  ဓါတ်တိုင် ၂၀ ခန့် ကို ၁၀ရက်လောက်အချိန်ယူစိုက်ထူခဲ့ပါတယ်။ရပ်ကွက်ပြည်သူတွေ အန္တရာယ် ကျရောက်နိုင်တဲ့အတွက်
ရပ်မိရပ်ဖများနဲ့  ပြည်သူများက ဒီဓမ္မာရုံကြီးထဲမှာပဲ ရပ်ကွက်အုပ်ချူပ်ရေးမှုးကိုမေးမြန်းတဲ့အခါမှာ “အုပ်ချူပ်ရေးမှူးဖြစ်တဲ့ ဦးအောင်ကိုကိုထက်က ဓါတ်တိုင် ၂၀လောက် စိုက်ထားတာကို သူမသိပါဘူးဆိုပြီး
တာန်မဲ့ ရပ်ကွက်အကျိုးကိုလျစ်လျှူရှုပြီး ငြင်းဆိုသွားပါတယ်။
တကယ်တော့ အဲဒီဓါတ်တိုင်များဟာ ရပ်ကွက်အုပ်ချူပ်ရေးမှူးရုံးနဲ့  ပေ ၁၀၀ အတွင်းသာကွာဝေးပါတယ်။
ဒါကိုမသိဘူးဆိုပြီးငြင်းဆိုခဲ့တာ တကယ်ကို အံ့သြမိသည်။ ဒါပေမဲ့  တိုင်စိုက်တာ ဆက်လုပ်နေလို့  ကျွန်တော်တို့ က သတင်းစာရှင်းလင်းပွဲပြုလုပ်ခဲ့ပါတယ်။စံတော်ချိန် နေ့ စဉ်ထုတ်သတင်းစာမှ ပါရှိသည့်အတွက်
စိုက်ထူထားသော တိုင်အားလုံးတို့ ကိုပြည်လည်နှုတ်ယူသွားပါသည်။”
၎င်းအချက်လက်များကို တင်ပြသည့်အခါ ဦးအောင်ကိုကိုထက်မှ ပြောဆို၍ရသော လူတစ်စုက
“ဒါတွေမပါဘူး၊အဲဒါတာတွေမပါဘူး” ဟု အော်ဟစ်ကြ၍ လွှတ်တော်အမတ်ကြီး ဦးတင်မောင်ဦးမှာ
ဘာပြောဆိုရမှန်းမသိပဲ အိုးနင်းခွက်နင်းဖြစ်ကာ အစရှိ၍ အဆုံးမသတ်နိုင်သော အစည်းအဝေးမှ
မည်သူတစ်ဦ်းတစ်ယောက်ကိုမျှ နှုတ်မဆက်နိုင်ပဲ ရရာဆိုင်ကယ်ဖြင့် ပြန်လည်ထွက်ခွာသွားပါသည်။
၎င်းဦးတင်မောင်ဦး ပြန်သွားပြီးနောက် ၁၃ ရပ်ကွက် ပန်းခြံအသိးသီးသို့  ရပ်ကွက်အုပ်ချူပ်ရေးမှူးမှ
တာဝန်ပေးချက်ဖြင့် ခေါင်းစဉ် “မဲ့” အမည်စာရင်း ၊မှတ်ပုံတင်၊လိပ်စာတို့ ကို ရေးသွင်းပြီး လက်မှတ်ထိုးခိုင်းနေကြောင်းသိရှိရပါသည်။
မှတ်ချက်။  ။၁၃ ရပ်ကွက်အတွင်း စုံစမ်းသိရှိနိုင်ပါသည်။
                                              အမှန်တရားကိုမြတ်နိုးသူရပ်ကွက်သူ၊ရပ်ကွက်သားများ

Monday 5 January 2015




အဆုံးအက္ခရာ သုံးလုံးကစ၍ အနူလောမ ဖတ်ပြီးလျှင် နှစ်လုံးစီ နောက်သို့ ဆုတ်၍ အစအက္ခရာ သုံးလုံး၌ အစသတ်၍ ဖတ်ပေးပါ။

မောင်ချစ်သူ
လှသူတစ်မျိုး
လေးစူနုတ်ခမ်း
သူတိုသဝန်
ချစ်လွန်းလို့ ။
ယုံပါကွယ်
မရွယ်မုန်းစိတ်
ထက်ဆုံးအသက်
တစ်ရွက်နှစ်လွှာ
စွယ်တော်ပေါင်းဖက်
ယှက်မှညှာချင်း
တစ်ပွင့်တစ်ညှာ
တစ်သက်မှာ။

အဖြောင့်ကား။ ။
ချစ်လွန်းလို့ 
သဝန်သူတို
နူတ်ခမ်းလေးစူ
တစ်မျိုးလှသူ
မောင်ချစ်သူ။
တစ်သက်မှာ
တစ်ညှာတစ်ပွင့်
ညှာချင်းယှက်မှ
ပေါင်းဖတ်စွယ်တော်
နှစ်လွှာတစ်ရွက်
အသက်ထက်ဆုံး
မုန်းစိတ်မရွယ်
ယုံပါကွယ်။