ပန်းငွေသဇင် ဆင်ယဉ်ရန်ပ
ခက်လှပါသေး သြော်ပန်းကလေး
ချူချင်သူများ တကယ်များလှ
တော်ဝင်သည့်ပန်း နန်းနန်းထက်ဝယ်
ပျော်စံလို့ သာ သာယာနေသည်။
လေညှင်းဆော်သွေး သဇင်လေးက
သင်းတစ်မြမြ ဆင်းရနံ့ ကြွယ်
အဖော်ဝေးသူ ဆွေးပူစေတော့
လွမ်းရပေါ့ကွယ်။
မှန်းဆမိသည် တိုင်းရွှေပြည်ဆီ
အဖော်များရယ် ပျော်နေလားကွယ်
အိမ်ဝေးသူမယ် မှိုင်ငေးလို့ သာ
ဆွေးရတော့သည်။
!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Tuesday, 8 January 2013
Monday, 7 January 2013
***မိန်းကလေးတို့ သဘောသဘာဝ**.....
ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့ 
သိပ်ခက်သဟဲ့ ကြည့်ဖို့ ကို
စိတ်ပျက်သကွယ် ထိဖို့ ဆိုလျှင်
အမိတို့ လိုမြွေမျိုး။
နှာခေါင်းလေ အမှုတ်ခံလျှင်
တမုဟုတ်အမြန် သေတက်ပါသဗျိုး။
ကိုက်များကိုက်က ငိုက်ဆိုက်နေပြီ
ကတိုက်ကရိုက်သေမည် အမှန်ဆိုး
မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့်
ကြံဆိုးကြံနှင့် အသင့်ရှောင်။
"အသူဘ"ခေါ် ဆေးတော်ကြီး
မနှေးဖော်ပြီး သုံးစွဲပါလေအမောင်။
ငါတို့ ဘုရားအလောင်းတော်တောင်ပင်
ကြောင်းမလျှော်ပေါင် မိဖုရားနှင့်
ကြည်ဖွားသဖြင့် အသင့်ဥာဏ်တွေပြယ်
အကျင့်ဈာန်တွေကွယ်
မြွေအမျိုးကြောင့်တန်ခိုးပြယ်လျှင်
အမျိုးနွယ်မှိန်တတ်ပါသတဲ့လေး။
ဒီကဗျာလေးကတော့ဆရာတော်အရှင်ဇနကာဘိဝံရဲ့ တေးထပ်ကဗျာလေးပါ
ကဗျာလေးကမိန်းကလေးတွေကမြွေတစ်ကောင်နဲ့ တူတယ်သူတို့ ကိုကြည့်မိရုံနဲ့ 
အဆိပ်တတ်တယ်နောက်ကိုက်များကိုက်မိလျှင်တော့သွားရှာပြီပေါ့မိန်ကလေးတွေ
အကြောင်းကိုရေးစပ်ထားသောကဗျာလေးပါ....
စာရေးဆရာအကြည်တော်ရေးသားတဲ့စာအုပ်လေးတစ်အုပ်မှာ
ရေးသားထားတာဖတ်ရတယ်....မိန်းမဆိုတာအရွယ်သုံးပါးပဲရှိတယ်တဲ့
ပထမအရွယ်မိဘကိုဒုက္ခပေးတဲ့အရွယ်ဒုတိယအရွယ်လင်ယောင်္ကျားကိုဒုက္ခပေး
တဲ့အရွယ်တတိယအရွယ်သမက်ကိုဒုက္ခပေးတဲ့အရွယ်အဲဒီအရွယ်သုံးပါးပဲ
ရှိပါတယ်လို့ ရေးသားထားသည်။
မည်သို့ ပင်ဆိုစေကာမူမရှိမကောင်းရှိမကောင်းမပေါင်းလဲခက်ပေါင်းလဲခက်တာမို့ 
သူတို့ သဘောသဘာဝလေးတွေကိုသိထားတော့သူတို့ နဲ့ ပေါင်းရတာ
အဆင်ပြေမယ်ထင်ပါတယ်နော်....
မိန်းကလေးတွေမှာတူညီတဲ့အချက်ကလေးတွေရှိပါတယ်အဲဒါတွေကတော့
စပ်စုတက်ခြင်း၊သဝန်တိုခြင်း၊အလှပကြိုက်ခြင်း၊အချော့ကြိုက်ခြင်းပေါ့ဗျာ...
ကဲမိန်းကလေးတွေကိုဘာကြောင့်ပထမအရွယ်မှာမိဘကိုဒုက္ခပေးတဲ့အရွယ်လို့ ပြော
ကြတာလဲဆိုတာလေးကြည့်မယ်နော်...
မိန်းကလေးတွေသည်အသက်၁၂နှစ်နဲ့ ၁၆နှစ်ကြားရောက်ပြီဆိုရင်
အပျိုဖော်ဝင်စအရွယ်ပေါ့အဲဒီအရွယ်လေးမှာသူတို့ စိတ်ကလေးတွေက
မြီးကောင်ပေါက်မအရွယ်ကျီးအတောင်ပေါက်စသဖွယ်ပေါ့"
အဲဒီအရွယ်လေးမှာသစ်ရွက်တွေလေတိုက်လို့ ကြွေတာတောင်ခိုးခိုးခစ်ခစ်
ရယ်တက်ကြတယ်လေ...နောက်အပျိုဖော်ဝင်ပြီဆိုတာနဲ့ 
ဖိုသတ္တဝါရဲ့ အသံလေးအဝေးကကြားတာတောင်ကြာပေးချင်ပြီး
အလှပတွေလဲမက်မောလာကြသည်.....
မိန်းကလေးတွေကအပျိုဖော်ဝင်ပြိဆိုတာနဲ့ ဓမ္မတာလဲစနေပြီလော..
သွေးသားရဲ့ လှုံဆော်မှု့ ကြောင့်လဲသူတို့ လေးတွေဖိုသတ္တဝါရဲ့ 
အရေးပေးမှု့ အလေးထားမှု့ ကိုခံချင်ကြတာပေါ့....
အပျိုဖော်ဝင်အစအရွယ်မှာမတည်ငြိမ်တဲ့စိတ်တွေကြောင့်ပဲအချစ်ကို
ရွေးချယ်ကြတယ်လမ်းမှားတွေရောက်ကြရောဗျာ....
အဲဒါကြောင့်မိဘကိုဒုက္ခပေးတဲ့အရွယ်လို့ ပြောတာပေါ့ဗျ....
ကဲဒုတိယအရွယ်ကြည့်မယ်နော်.....
ဒုတိယအရွယ်ရောက်တော့အိမ်ထောင်ရက်သားပြုတယ်လေ
အာဝါဟဝိဝါဟပေါ့ထိမ်းမြားလက်ထပ်မင်္ဂလာပြုပြီးတော့
တစ်အိုးတစ်အိမ်ထောင်ထူထောင်ကြတယ်အဲမှာမိန်းကလေးတွေက
လင်ယောင်္ကျားရှာဖွေပေးမှု့ ကိုလောက်ငှအောင်အသုံးစွဲပဲ
လင်အပေါ်ပူညံပူညံလုပ်ပါလေရောလား...
လင်ခမျာမောပန်းစွာရှာရ မိန်းမကဆဲဆိုဆိုတော့
လင်မယားတွေရန်ဖြစ်လင်ယောင်္ကျားကိုဒုက္ခပေးတဲ့အရွယ်ဒုတိယအရွယ်ပေါ့
ကဲတတိယအရွယ်သားမက်ကိုဒုက္ခပေးတဲ့အရွယ်လေ..
သမီးတွေနဲ့ လိုက်နေပြီးသားမက်ကိုအမျိုးမျိုးဒုက္ခပေးတက်လို့ 
ဒါကြောင့်တတိယအရွယ်လို့ ခေါ်တာပေါ့........
မိန်းမဆိုတိုင်းအပြစ်မမြင်ပါနဲ့ .....
မိန်းမဆိုတိုင်းတော့အပြစ်မမြင်စေချင်ပါဘူးဗျာဘာကြောင့်လဲဆိုတော့
မြန်မာရာဇဝင်တွေမှာမိန်းမကောင်းမိန်းမမြတ်တွေများစွာရှိခဲ့ကြလို့ ပဲနော်
နောက်များမှဆက်လျက်ဖော်ပြပေးပါဦးမယ်.....
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Saturday, 5 January 2013
***မိန်းမဟူသည်**......
ကြည့်ရုံမြင်ရုံ အဆိပ်တက်သမို့ 
သိပ်ခက်သဟဲ့ ကြည့်ဖို့ ကို
စိတ်ပျက်သကွယ် ထိဖို့ ဆိုလျှင်
အမိတို့ လိုမြွေမျိုး။
နှာခေါင်းလေ အမှုတ်ခံလျှင်
တမုဟုတ်အမြန် သေတက်ပါသဗျိုး။
ကိုက်များကိုက်က ငိုက်ဆိုက်နေပြီ
ကတိုက်ကရိုက်သေမည် အမှန်ဆိုး
မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့်
ကြံဆိုးကြံနှင့် အသင့်ရှောင်။
"အသူဘ"ခေါ် ဆေးတော်ကြီး
မနှေးဖော်ပြီး သုံးစွဲပါလေအမောင်။
ငါတို့ ဘုရားအလောင်းတော်တောင်ပင်
ကြောင်းမလျှော်ပေါင် မိဖုရားနှင့်
ကြည်ဖွားသဖြင့် အသင့်ဥာဏ်တွေပြယ်
အကျင့်ဈာန်တွေကွယ်
မြွေအမျိုးကြောင့်တန်ခိုးပြယ်လျှင်
အမျိုးနွယ်မှိန်တတ်ပါသတဲ့လေး။
အရှင်ဇနကာဘိဝံသ ရေးသားသောတေးထပ်ကဗျာလေးပါ
ပြန်လည်ဖော်ပြပေးခြင်းပါ
သိပ်ခက်သဟဲ့ ကြည့်ဖို့ ကို
စိတ်ပျက်သကွယ် ထိဖို့ ဆိုလျှင်
အမိတို့ လိုမြွေမျိုး။
နှာခေါင်းလေ အမှုတ်ခံလျှင်
တမုဟုတ်အမြန် သေတက်ပါသဗျိုး။
ကိုက်များကိုက်က ငိုက်ဆိုက်နေပြီ
ကတိုက်ကရိုက်သေမည် အမှန်ဆိုး
မိုက်မိုက်ပွေလီ ဥာဏ်သူခိုးဖြင့်
ကြံဆိုးကြံနှင့် အသင့်ရှောင်။
"အသူဘ"ခေါ် ဆေးတော်ကြီး
မနှေးဖော်ပြီး သုံးစွဲပါလေအမောင်။
ငါတို့ ဘုရားအလောင်းတော်တောင်ပင်
ကြောင်းမလျှော်ပေါင် မိဖုရားနှင့်
ကြည်ဖွားသဖြင့် အသင့်ဥာဏ်တွေပြယ်
အကျင့်ဈာန်တွေကွယ်
မြွေအမျိုးကြောင့်တန်ခိုးပြယ်လျှင်
အမျိုးနွယ်မှိန်တတ်ပါသတဲ့လေး။
အရှင်ဇနကာဘိဝံသ ရေးသားသောတေးထပ်ကဗျာလေးပါ
ပြန်လည်ဖော်ပြပေးခြင်းပါ
***အနန္တဂုဏ်အင်ကျေးဇူးရှင်**.....
သန္ဓေစတည်ရင်သွေးငယ်ကို
ကိုးလလွယ်ပြီး ဆယ်လတွင်းဖွား
အို...မိခင်သည် မီးတွင်းထဲမှာ
သေမင်းနှင့်စစ်ချီရပြီ...
မွေးဖွားသန့်စင် ကလေးရုပ်သွင်
မြင်သောအချိန် နာကြင်ပြင်းပြ
ဝေဒနာတို့သည် ကင်းစင်လွင့်ပျောက်
အပြုံးမျက်နှာ ဝေရှာနိုင်သည်
ကျေးဇူးဂုဏ်အင်အနန္တပင်။
ဤလူဘုံဝယ် ဝင်ရောက်သည်မှ
အိုဖခင်သည် လုပ်ကိုင်ကျွေးမွေး
ဖခင်ပခုံး ကျွဲပခုံးပမာ
အသားမာတည် ညိုညစ်ရောင်းသန်း
သို့သော်ဖခင် ပြုံးရွှင်မပျက်
အသည်းလှစွာ ဖွေရှာကျွေးခဲ့
ကျေးဇူးဂုဏ်အင်နှိုင်းမမှီ။
စိတ္တသုခ၊ကာယသုခ ပြည့်စုံပါစေ.....ညီညွတ်ညိန်း
***လွတ်လပ်ရေးဖခင်သို့ **......
မျက်ရည်ယိုသူ ပြည်သူတွေကို
ရင်မှနွယ်ဖွား သားသ္မီးပမာ
ရင်ငွေ့ တွေပေး ငြိမ်းချမ်းရေးကို
ဖော်ဆောင်ယူသူ ဖခင်လိုလူ
မြင့်မြတ်စိတ်ထား စိတ်ဝယ်ထားလို့ 
အသက်မငဲ့  အများတွက်ကို
ကိုယ်ကျိုးစွန့် ပြု အသက်လှူသူ
ဖခင်လိုလူ ထိုသူကိုတော့
ထာဝစဉ်သာ မမေ့ခြင်းနဲ့ 
အောက်မေ့တမ်းတ သတိရလျှက်.........
ကမ္ဘာအလယ် ပြိုင်စံရှားသူ
တို့ များအတွက် လမ်းပြရှေ့ ဆောင်
ဗိုလ်အောင်ဆန်းနှင့် ဇာနည်နွယ်ဖွား
သူရဲကောင်းများ တို့ မမေ့အပ်
နှလုံးသားထက် ကဗျည်းတင်မယ်
ကမ္ဘာတည်သမျှ ရှိနေတော့မည်....
ဗိုလ်အောင်ဆန်းနှင့် အာဇာနည်တွေရယ်...........
***ကးယားရောဂါ(သို့ )အညာဇင်ယော်
ကျနော်မနေ့ ကဆရာဆွေမင်း၊ဓနုဖြူရဲ့  တွက်ပီနဲ့ အညာဇင်ယော်
စာအုပ်လေးဖတ်လိုက်ရတယ်...ဆရာရေးထားတာကမြန်မာပြည်ကိုရီးကားတွေ
စတင်ဝင်ရောက်လာပြီးကိးုရီးယားရောဂါရသွားပုံနောက်ကောင်မလေးတွေကစပြီး
ရည်းစားစာပေးပုံနဲ့ ကျေးလက်တောသူတွေတောင်လယ်ယာအလုပ်ကို
အာရုံမထားနိုင်ပဲညနေစောင်းပြီဆိုတာနဲ့ ကိးုရီးယားကားကြည့်ဖို့ ပဲသိနေပြီး
အလုပ်ရှင်တွေစိတ်ပျက်ရပုံလေးတွေ အိမ်ထောင်ရှင်အမျိုးသမီးတွေလင်ယောင်္ကျားအပေါ်
တာဝန်တွေလစ်ဟင်းလာပုံ နောက်ကိးုရီးယားနိုင်ငံအကြောင်း
အကျဉ်းချုပ်ရှင်းပြထားတာတွေအစုံလင်ရေးသားထားတာတွေ့ ရပါတယ်..
မြိုင်ရာတွက်ပီကာတွန်းဆိုတာနဲ့တချို့ သောသူတွေကဟာသထင်ချင်ထင်ပါလိမ့်မယ်...ဒါပေမဲ့ဆရာကလက်တွေဘဝမှာ
ဖြစ်ပျက်နေတာကိုဟာသရောပြီးပညာပေးရေးထားတယ်လို့ ကျနော်မြင်မိပါတယ်...
ကောင်မလေးတွေသည် ကိးုရီးယားကားတွေနေ့ မနားညမနားကြည့်လာတော့
ပထမဆုံးအနေနဲ့ ကျန်မာရေးကိုထိခိုက်လာပါတယ်....
တန်ဆေးလွန်ဘေးဆိုတာဒါမျိုးထင်ပါရဲ့ နော်...
နောက်ကိုးရီးယားကထဲကကောင်မလေးတွေကချစ်ကြောင်းကြိုက်ကြောင်း
စပြောတာတွေတော့အတုယူတာအတွေ့ နည်းပါသေးတယ်...
ကိုးရီးယားကတွေထဲကဝတ်စားဆင်မှု့ မျိုးကိုတော့အတုခိုးလာကြပါတယ်
ခေတ်ဆန်တယ်ဆိုတာတော့ကျနော်လက်ခံပါတယ်
်သို့ သော်လဲရိုးရာဝတ်စားဆင်ယဉ်မှု့ တွေကိုတော့မမေ့သင့်ပါဘူး
လူမျိုးတိုင်းလူမျိုးတိုင်းသည်ဝတ်စားဆင်ယဉ်မှု့ ယဉ်ကျေးမှု့ ပျောက်ရင်
လူမျိုးပျောက်ကွယ်သွားပါလိမ့်မယ်...လူမျိုးပျောက်ရင်ဘာသာစာပေတွေလဲပျောက်သွားမှာအမှန်ပါပဲ...
ကျနော်နဲ့ Gtalkမှာတွေ့ နေတဲ့ကျနော်ညီမလေးလိုခင်ရသူတစ်ယောက်
ရှိပါတယ်.....သူလာပြီဆိုရင်တော့ အကိုတောင်~အိုပါး~တဲ့လေ
နောက်နုတ်ဆက်တာလဲ~အညာဆရော်~တဲ့လေ
ကျနော်တော်တော်လေးစိတ်ပျက်သွားမိတယ်..
ဘာကြောင့်လဲဆိုတော့ဟိုအရင်ကတစ်ရောက်နဲ့ တစ်ယောက်
နုတ်ဆက်ကျရင် ~မင်္ဂလာပါ~ လို့ ကျက်သရေရှိစွာနုတ်ဆက်မှု့ တွေအစား
အညာဇင်ယော်ဝင်ရောက်လာတာရင်နာစရာကောင်းလိုက်တာနော်
ဘာသာစကားဆိုတာတက်ထားတာကောင်းပါတယ်နော်
သို့ သော်လည်းသူနေရာလေးနဲ့ သူအသုံချတက်မှု့ မရှိတော့
ရွှေဥဒေါင်းတွေကြားကျီးသံနှောတော့ပေါတောတောနိုင်တာပေါ့
အတုယူသင့်တာတွေပဲယူကြပါလို့ မိန်းကလေးဆို တာ
သားကောင်းရတနာတွေမွေးဖွားပေးတဲ့မိခင်လောင်းတွေပါ
သူတို့ တွေကစပြီးပျက်ဆီးနေတော့တွေးသာကြည့်တော့ဗျာ....
စိတ္တသုခ၊ကာယသုခ ပြည့်စုံပါစေ.....ညီညွတ်ညိန်း
Tuesday, 1 January 2013
***အနန္တဂုဏ်အင်ကျေးဇူးရှင်**
သန္ဓေစတည်ရင်သွေးငယ်ကို
ကိုးလလွယ်ပြီး ဆယ်လတွင်းဖွား
အို...မိခင်သည် မီးတွင်းထဲမှာ
သေမင်းနှင့်စစ်ချီရပြီ...
မွေးဖွားသန့်စင် ကလေးရုပ်သွင်
မြင်သောအချိန် နာကြင်ပြင်းပြ
ဝေဒနာတို့သည် ကင်းစင်လွင့်ပျောက်
အပြုံးမျက်နှာ ဝေရှာနိုင်သည်
ကျေးဇူးဂုဏ်အင်အနန္တပင်။
ဤလူဘုံဝယ် ဝင်ရောက်သည်မှ
အိုဖခင်သည် လုပ်ကိုင်ကျွေးမွေး
ဖခင်ပခုံး ကျွဲပခုံးပမာ
အသားမာတည် ညိုညစ်ရောင်းသန်း
သို့သော်ဖခင် ပြုံးရွှင်မပျက်
အသည်းလှစွာ ဖွေရှာကျွေးခဲ့
ကျေးဇူးဂုဏ်အင်နှိုင်းမမှီ။
စိတ္တသုခ၊ကာယသုခ ပြည့်စုံပါစေ.....ညီညွတ်ညိန်း
Subscribe to:
Posts (Atom)