Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, 24 November 2012

***လတန်ဆောင်တိုင်**

ရေသလ္လာပြင်ဝယ်၊ရွှေကြာနွယ်ပန်း
သွယ်တန်းစီစီ၊ဖူးလွှာပွင့်ပွင့်
အလှတင့်တင့်၊ပွင့်လန်းနေရှာ
သဒ္ဒါဆွတ်ဆွတ်၊တာရာညွတ်၍
စန္ဒာလမင်း၊ထိန်ထိန်ဝင်းဝင်း
ထွန်းလင်းနေရှာ
ရွှေလသာသာ၊ငြိမ့်ညောင်းသာယာ
သာယာလက်ခက်၊စဉ်ရက်ကန်းသံ
နားဝသံချို၊တေးသံပုံနှယ်
ဖန်စွတ်ရည်စိုး၊မြတ်သင်္ကန်းကို
ရွှင်ပြုံးပီတိ၊ခိုတွဲသဒ္ဒါ
ကြည်လင်စွာရယ်၊သာယာမနော
ပီတိဇောနှင့်၊နိဗ္ဗာန်ရည်မျှော်
မြတ်ဘုရားကို၊ပူဇော်ရန်တွက်
ယက်လုပ်လေသည်

ဆီးမီးမြိုင်မြိုင်၊ပန်းတွေလှိုင်လှိုင်
ကထိန်သင်္ကန်း၊လက်ဝယ်ကိုင်ဆောင်
ကျောင်းတော်ရာသို့၊ကောင်းမှူ့ပြုရန်
တူစုံမောင်မယ်၊ခြေလှမ်းငယ်ဖြင့်
လှမ်းသွားလေသည်

မြတ်ဘုရားရှေ့၊ရွှေလက်စုံကို
ကြာငုံပမာ၊ထိပ်ဝယ်ဦးတင်
ဝပ်တွားခေါ်ရော်၊ထိခြင်းငါးဖြာ
ဦးခိုက်ခါရယ်၊လက်ဝယ်သင်္ကန်း
မြတ်ဘုရားထံ၊ဆည်းကပ်ပူဇော်
ပြည်နိဗ္ဗာန်လမ်း၊တက်လှမ်းသွားရန်
အုတ်မြစ်လှေကား၊ဖြစ်စေသားဟု
ဒါနတံခွန်၊စိုက်ထူလွှင့်သည်

Tuesday, 20 November 2012

***ရှင်မွှေးလွန်းမင်းနန္ဒာတေးထပ်**.....

ဖခမည်းတော်မညှာတာ
ကြိမ်စင်္ကြာပြန်လို့သိမ်းတာကြောင့်
လာရန်ပင်အလွန်ခက်
မွှေးလွန်းသခင်မရယ်
ရန်ဆွယ်တွေများ
မောင်တော်သွားဝံ့လွန်ကျူး

မောင်တော်ရယ်အန္တရာယ်
လမ်းကြားမို့နှမတော်ပူရှာ
အမျှော်ထောက် ပေါ်မလာ
ဖြေရန်ပင်ခက်ပြီ
လေသာပြတင်းဆီ
မျှော်ရည်ငေးဆွေးစိတ်မဖြေ
တိုးကာရစ်ခွေချစ်ဦးမောင်တော်သခင်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Monday, 19 November 2012

***မင်းနန္ဒာတေးထပ်**.....

တောင်ကျွန်းသပြေတက်နေစိုးလို့
တက်နေကွန့်မြူးထွက်ကာပြု
ဇဗ္ဗူဝယ်ဘက်မတူပြိုင်သူကင်း  ဘုန်းရှိန်ထွန်းတောက်
လျှမ်းမောက်ဝေဖြာ  ကြက်သရေတစ်မျိုးစုံတဲ့မင်း
ရတနာထိန်ထိန်  စိန်ကျောက်ဝေဖြိုး
ရှိန်းဂုဏ်မောက်၍  ပိုင်စိုးနင်းသည်
လျံတေပျံ့သင်း မင်းနန္ဒာမည်ငယ်
မယွင်းပါပြီ ဘုန်းတော်ထွန်းလို့
မဟာမျိုးလယ်သတိုးဆွေနွယ်
နန်းရှင်မိုးလေး

***ချစ်ခွန်းစာလွှာ**

နန်းပင်တိုင်  အလယ်ကလေသင့်ရာမွှေး
ငွေသဇင်ပွင့်လွှာငယ်ဝင့်ကြွားကာထည်
ကြူမွှေးခူးချင်ရက်  မခူးသာတယ်လူးသာကြည်လို့
မောင်ငေးပြုံးအသွင်
ဖူးကာပွင့်မေကိုထူးတင့်တယ်ခူးလင့်သည့်
စာပေရင်ညှာစူးရှ ကာရယ် နန်းလွှာသဇင်ညှာရယ်
ညွှတ်ပါတော့ကွယ်

***ချစ်ခွန်းပြန်စာ**

ခက်ညွန့်ဖြာဖြာ  ပင်မြင့်ယံမှာ
ဖူးငုံအာပွင့်အလှတင့်သည့်
ပန်းမာလာထုံထုံကြူးမွှေး
ပန်းတစ်ခိုင်ဖြူဖွေး
တစ်ပင်တိုင်နန်းသူလေးမို့
မြူသွေးမောင်ဆွယ်
သဝဏ်လွှာပါးညွှန်းစာဖွဲ့ဆို
လွှတ်လေသူ ပျိုညွတ်ချင်သော်လည်း
အို...ဆွတ်လျှင်ကြွေမကျစေဖို့
မေလှလှလှမ်းရန်တွက်
ပန်းကလပ်သာပြင်
နောင်မမုန်းနဲ့မောင်ဘုန်းသခင်ရယ်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Sunday, 18 November 2012

***မွေးနွန်းတေးထပ်**.....

နန်းတစ်ပင်တိုင်ဆန်းငွေခရု
ပန်းရွှေပဒုစက်စန်းငွေတုမက်မပြေ
တက်နေထက်ဝေ၊ကြက်သရေမြူး
ပျော်ပါးစံစည်းစိမ်တော်ဝယ်
ဘယ်ညာပတ်ပတ်လည်  ပျိုပေါင်းရံခြယ်
အိုအကြောင်းကံ  ကုသိုလ်ထူး
လူတခိုညွန့်ဖူးထိပ်ထားမယ်
နဂိုသာစွဘုန်းကံကြွယ်  သခင်ထိပ်ထားနန်းလျာမှာ
ချမ်းသာကြွယ်မှု့ဝိုင်းရံစိုး
နန်းပြဿာဒ်ထယ်  စံမြန်းနေမျိုးနတ်နွယ်
သရေမညှိုးတင့်တယ်ပါဘိလေး

***မျှော်ခိုက်တေးထပ်**

နေမင်းရောင်ရှိန် လေသာပြတင်းဆီက
အမှောင်ဖြိုးခွင်းပ  လင်းအာရုံပန်းဝတ်မှုံဝတ်မှုံ
အိုဆွတ်ပျံ့တယ်လေး
ဝဿန်ခါကူးမိုးလေရူးရဲ့ထုံထုံ
တွေးထူပုံကြောင့် ရက်စဉ်မော
ဥဩငှက်ရဲ့ကခရာပို  ကိုကိုရေလာပါတော့
ကျီးသံကနှော

***မျှော်စိုက်တေးထပ်**

ချစ်ပန်းပွင့်လန်း  ပျိုချစ်သူမောင်တော်
လှမ်းဆွတ်ပါ့ကွယ်  တံချူရှင်
ကြွေမယ်ပွင့်ဖူးမာလာ
အဖေါ်မဲ့သူမို့အတော်ဘဲနော်

ပန်းသဇင်နန်းပင်မြင့်မှာ  ခန့်ညားထည်ဝါ
ဆန်းယဉ်ယဉ်တင့်တယ်ပ မကြည်တွယ်သူ
ဆွတ်ချူမဲ့တံချူရှင်ရယ်  မချူချင်တော့ပြီလား
ဖူးစာရှင်နတ်ဆွေကညာ ကပ်လေဒေါင့်ကြား


မှတ်ချက်။     ။တေးထပ်ကဗျာလေ့လာဆဲမို့လိုအပ်ရင်သင်ပြပေးကြပါ

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Thursday, 15 November 2012

***အတောမသတ်လောကဇာတ်**.....

အတောမသတ်

လောကဇာတ်ခုံ

ဇာတ်ရုပ်မျိုးစုံ

ငိုတစ်ခါကွယ်

ရယ်(ရီ)တစ်လှည့်နဲ့

ကျော်ဖြတ်လို့ရယ်

အတ္တ္တဖုံဖုံ

မာနပုံစု

ရင်စုံစွဲလို့

ပျော်လိုက်ပါးလိုက်

နေလာလိုက်တာ

နေဝင်ချိန်သို့

စိုက်စိုက်ရောက်လာ

ရင်ဝယ်နာပြီ

ငါမှားလေသည်

နုနုငယ်ငယ်

လှသွေးကြွယ်ချိန်

စိတ်ဝယ်ထင်တာ

ငါ၏ခန္ဓာ

မြဲမည်သာဟု

တွေးတောကာရယ်

မေ့လျော့ပေါဆ

သတိမရ

တရားအသိ

နည်းခဲ့လေသည်

မျက်ဝန်းအိမ်ဝယ်

မျက်ရည်ဖြိုင်ဖြိုင်

သွင်သွင်ကျဆင်း

နောက်ဆုံးခရီး

ဝမ်းနည်းကြီးစွာ

လိုက်ပို့နေရှာ

ပျောက်သောသူသည်

ရှာရင်တွေ့မည်

သေသောသူသည်

ကြာရင်မေ့မှာ

သံသရာဆီ

ငါနာမ်ရုပ်သည်

ဆက်လျက်ထွက်ခွာ

လက်ဗလာချည်

ထွက်ခွာနေသည်

ဪ....

အတောမသတ်

လောကဇာတ်

အသစ်ဘဝ

ဆက်ကရမည်...


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Tuesday, 13 November 2012

***ကိုယ်ချစ်သူနဲ့တစ်ပါးသူ**.....


အခါတော်ပေး

နတ်ရေးဖူးစာ

ကိုယ်ချစ်သူနဲ့

တစ်ပါးသူတို့

နေကောင်းရက်မြတ်

လက်ထပ်မင်္ဂလာ

ကြွလာသူ

မိတ်သဟာပေါင်း

စိတ်ဘဝင်လန်း

မရွှင်ရင်ထဲ

တောင်းဆုပဏာ

လှစ်ခါခြွေနေ

ချစ်သောသူနဲ့

မညားခဲ့လည်း

ညားသောသူနဲ့

ချစ်နိုင်ဖို့ရာ

သူတို့ချစ်ခြင်း

အပြစ်ကင်းခါ

ချစ်သဒ္ဒါလှိုင်

ရှစ်ကမ္ဘာတိုင်

မေတ္တာမယိုင်

ချစ်နိုင်ပါစေ...

ဒါပေမဲ့လည်း

ရင်ထဲမချိ

အတိတ်ကာလ

မင်းကိုယ်ချစ်ပုံ

အရိပ်ပမာ

မခွဲမခွာ

သစ္စာတိုင်တွေ

ဆောက်ခဲ့သော်လည်း

အခုတော့လေ

မရွှင်သာပါ

အစဉ်လာကြီး

မင်္ဂလာသတို့သ္မီးဖြစ်နေပြီလေ...


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Friday, 9 November 2012

***တစ်ဆောင်းသစ်ခဲ့ပြန်ပြီ**.....

ဟေမာန်ဦးမြောက်ပြန်လေရူးနဲ့အတူ

ရင်ထဲစို့စို့အလွမ်းတွေဝင်လာ

ကြင်နာသူနဲ့ဝေးဆွးမှိုင်နေရှာ

တစ်ကိုယ်ရေတည်းသာ

သူရှိရာမှန်းဆလို့သာ

တမ်းတလွမ်းနေပြီ

မျက်ဝန်းလဲ့ပြာရီ

ချစ်ခွန်းဖွဲ့စကားတွေလည်း

ပြောကြားဖိုးရာအားမရှိပြီ

မျက်ရည်မိုးတွေသာ

ဖြိုင်ဖြိုင်သွန်းဖြိုးရွာ

ရာသီအလီလီပြောင်း

တစ်ဆောင်းသစ်ခဲ့ပြန်ပြီ

သည်ဆောင်းရောက်ရင်ဖြင့်

မောင်လာမယ်ပြောထားခဲ့ပေ

မျှော်ရှာနေရော့မယ်

ကံကြမ္မာရယ်အခွင့်မပေး

ရောက်မလာနိုင်

တိုင်တည်သစ္စာတွေ

ပျက်ခဲ့တာမဟုတ်ရပါလေ

ချစ်သူတွက်အသက်စွန့်ဝံ့သူကို

အမျက်တော်မရှလိုက်ပါနဲ့လေ

ချစ်တဲ့သူကောင်းစားဖို့ရာ

မပြည့်ဝသေးတာမို့

ခဏတော့ထပ်ဝေးရမယ်

ချစ်သူရယ်

ချစ်လျက်နဲ့ဝေးနေရတာ

အဆွေးရင်မှာပူလောင်လွန်းပြီလေ

လွမ်းရက်တွေလွန်ပါစေ

မြတ်စိန္တေထံဆုပန်နေမယ်


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ