Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, 27 January 2013

realplayer

playerကောင်းပါ Videoတွေလဲဒေါင်းရပါတယ်
ယူရင်ဒီမှာ
http://www.mediafire.com/?99zorc6fsybbb3d

Saturday, 26 January 2013

သစ်ပင်တို့ ကမ္ဘာ

ရွက်နူဝေဆာ အကိုင်းဖြာဝေ
အလှပေါချိန် ပျော်စံကျေးငှက်
အုပ်ကြွက်ကြွက်နှင့် ပျော်ပါးမဆုံး
ဤကမ္ဘာပေါ်အလှဆုံးလေ။
သစ်ပင်အိုသည် အရိုးကျန်နေ
အမေတွေအို ဆန်ဖြူသွားကြွေ
ပါးရေးနားတွန့်  အလှပျက်နေ
အေးမြအရိပ် တစ်ခဏတောင်
ရောက်မလာနိုင်ကြပေ။
မိဘအိုတွေအရိုးရေတည်
မလုပ်နိုင်မကိုင်နိုင် 
သူများတွေပေးကျွေးတာလေးနဲ့ 
မဝဝမ်းစာစားနေရတာ
သားသမီးများမှာလှည့်မကြည့်ပေ။
အကိုင်းတွေကျိုးမြေသို့ တိုးမှ
နောင်တတစ်သိုက်ရင်ဝယ်ပိုက်လျက်
ဆိုက်ဆိုက်ရောက်လာ
ငိုပွဲတစ်ရာဖြင့်သာ
သြော်လောကဓမ္မတာ
အပင်အိုများတွက်ကြေကွဲရပါလား......................။
 
 
 


Friday, 25 January 2013

***ပန်းပျိုးလက်များသို့ **......


 

အနန္တဂုဏ်အင်၊ကျေးဇူးရှင်မို့ 
မြတ်နိုးပါ၏။
သန္ဓေလွယ်စ၊ရင်သွေးကစ
ယုယကြပေ။
ပူငံစပ်ခါး၊ရှောင်ရှားခါရယ်
ဝမ်းတွင်းလွယ်လျက်။
နေ့ စဉ်ရင်ဆက်၊ကြင်နာလျက်သာ
ကျော်ဖြတ်လေ၏။
ရက်တွေကျော်ဖြတ်၊ လတွေလွန်သော်
ဆယ်လတွင်းဝယ်၊သေမင်းနှင့်ယှဉ်
အားခြင်းပြိုင်လို့ ၊စစ်ခင်လေပြီ။
သူနိုင်ကိုယ်နိုင်၊ယှဉ်ပြိုင်လို့ သာ
ဝမ်းတွင်းသက်ဆင်း၊အူဝဲငိုသံ
စူစူညံညံ၊အသံစာစာ
ကြားရသောခါ၊ဝေဒနာတွေ
လွင်ကာကြေ၏။
ငယ်စဉ်တောင်ကျေး၊ကလေးဘဝ
ကျွေးမွေးယုယ၊ပြုစုပျိုးထောင်
လောကဘောင်တွင်း၊တင့်တယ်စေခြင်း
ပညာတော်သင်၊ကျောင်းတော်ကိုလည်း
အပ်နှင်းခဲ့ပေ ။
လူလားမြောက်ပြန်၊ထိမ်းမြားလက်ထပ်
အပ်ခါပေးသည်။
အတောင်စုံကာ၊ခွဲကာခွာသွား
ဝေးရာဆီကို၊မိဘရိပ်မြုံ
နွေးထွေးလုံခြုံ၊ခြေစုံကန်သွား
မေ့ကာထားပြီး၊ဘဝကြီးမှာ
မျိုးစုံဒုက္ခ၊ကြုံလာသောချိန်
မိဘအိမ်သို့ ၊ဝင်ခိုလာသည်။
သို့ သော်မိဘ၊အပြစ်မယူ
မပူစေရ၊။
၊အေးမြစေဟု
မေတ္တာထုကို၊ယုယဖော်ထုတ်
ရင်အုပ်မကွာ၊စောင့်ရှောက်ရှာပေ
ကြီးမားလှပေ၊မေတ္တာတွေ
ပေးဆပ်မကုန်ကမ္ဘာတည်ပေ။



ၸၸၸ


Thursday, 24 January 2013

***ကြာပန်းပမာ**.....

ကြာနွယ်အလှ ဖြူလွှလွှပွင့်
အပုပ်နွံဝယ် နစ်မြုပ်မနေ
နွယ်ကိုဆန်ထုတ် ရေပေါ်တက်လို့ 
လှပတင်ဆန်း ပွင့်လန်းတာမို့ 
ဆွတ်ချူသူတွေ တကယ်ပေါလှ
ကြာနွယ်အလှ တင့်တယ်ပေစွ
အစစ်မှန်က နွံမနစ်ရ
ကျွန်ဖြစ်မခံ သခင်ဖြစ်ရန်သာ
ကြိုးစားအားထုတ် ပြုလုပ်သင့်ပေ
နွံတောမှာပျော် တော်လှပြီထင်
မှတ်ထင်နေက ဘဝပျက်သုဉ်း
နိဂုံးမလှပေ။
ကြာလိုရေပေါ် နေပျော်တက်မှ
လူတော်လူမော် တပ်ခေါ်သင့်မည်။
 
 

Tuesday, 22 January 2013

***ငွေနှင်းစိုအလွမ်း**.....

ငွေနှင်းမှုန်ကြဲ        လေမှာဝဲခါ
ဖိုးရွှေလသာ    ကြယ်တာရာတို့ 
ကခုန်ပျော်မြူး    အလှထူးသည့်
သည်ဆောင်းဟေမာန်    ချမ်းခိုက်ခိုက်တုန်
လေချိုတွေသွေး   အေးတော့မည့်ဟန်
မျှော်ကာငေးမော  ဆွေးစိတ်ကပို
ချစ်တဲ့သူကို   မှန်းမျှော်လို့ သာ
လွမ်းစိတ်တွေက ဖြေမရလေ။
 ငွေနှင်းစိုစို။

နွေကိုမလို တေးကိုဆိုနေ
 စမ်းရေရောင်မြူး  တံငါလောင်းလှေ
ကမ်းခြေသောင်ဦး  အလှထူးကာ
ရေပြင်ဧရာ ဗေဒါမျောပါ
ရွှေငါးကြင်တွေဆန်  ငါးတန်တွေကူး
အဖော်ဝေးသူဆွေးစေဖို့ ဖန်။
 

Saturday, 19 January 2013

***ခွာညိုပန်းတွေပွင့်ပြီလေ**.....



ဆောင်းလပြာသိုလ်၊ခွာညိုပန်းတွေ
ခိုင်ပင်မင်းထက်၊ကြိုင်လှိုင်ကာမွှေး
လေပြေဆော်သွေး၊ရနံ့ လေးကြွယ်
လှနေရက်ပြီ။
ခွာညိုပွင့်ရင်၊ကေသာထက်ဝယ်
ဆင်ယဉ်ခြင်ပေ၊ပြောခဲ့လေသေိာ
ညိုညာပြောချော၊အခုတော့ကွယ်
ဘယ်ဆီဘယ်ဝယ်၊ပုန်းရှောင်နေလဲ
ဖုန်းမောင်သက်လည်ရူးပြီကွယ်။
ပုန်းကာရှောင်ကာ၊မနေပါနဲ့ 
ရောက်ရာအရပ်၊ပြေးလာလှည့်တော့
သက်ထားပျိုရေ။
ခွာညိုနဲ့ အတူမျော်သူ
နွမ်းလျခန္ဓာ၊ညှိုးရှာလို့ ရယ်
ပါးပြင်ထက်ဝယ်၊မျက်ရည်ကြွယ်ကြွယ်
စိမ့်စမ်းရေနှယ်၊ပိတ်ပယ်တားဆီး
မျက်လွှာလေးမှာ၊နာကျင်ရှာပြီ
ချစ်သဒ္ဒါပို၊မျက်ရည်စိုစေ
ကျိန်စာပြုခဲ့တာလားကွယ်။

***တိမ်ပန်းချီ**.....

တိမ်ညိုမိလ္လာ၊တိမ်စူကာနှင့်
တိမ်ပြာရောယှက်၊မရန်းဖက်၍
တိမ်သက်တန့်ရောင်၊အဝါပေါင်ဝယ်
မှောင်ခဲ့တခါ၊ပြာခဲ့တချို့
ညို့ခဲ့တလီ၊ရီခဲ့တဖုံ
မှုန်ခဲ့တချက်
ယုဝန်ထက်က၊လေးဖက်လုံးခြုံ
တိမ်ဂဠုန်လည်း၊နဂါးရုံကြွေ့
ရန်ချင်းတွေ့သော်
ခိုးငွေ့လွှတ်ပြိုင်၊ဂုဏ်ချင်းဆိုင်ခဲ့။

။ရေးသားသူ။      ။ရှင်ဥတ္တမကျော်