Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday, 7 September 2013

ဒေါင်းယောင်ဆောင်သော .....ကျီး

သူ.ရေသူ.မြေ သူ.အမွေနှင်.

စာပေပေါင်းစု ယဉ်ကျေးမှုကို

ယုယခုံမင် သူချစ်ကြင်သည်

သူ.ပြည်သားပီသတကား........။

ကိုယ်.ရေကိုယ်.မြေ ကိုယ်.အမွေနှင်.

စာပေပေါင်းစု ယဉ်ကျေးမှုကို

ယုယခုံမင် သင်ချစ်ကြင်သည်

ကိုယ်.ပြည်သားပီသတကား........။

သည်မြေမှာဖွား သည်ဆန်စားလျက်

ဘိုးဘွားမွေနှစ် သင်စွန်.ပစ်၍

မချစ်ထင်သေး နားထင်သွေးရောက်

မှောက်မှောက်မှားမှား တိုင်းတပါး၏

ဆန်းပြားထွေလှစ် အမွေနှစ်ဖြင်.

ချစ်ကြွားဟန်ဆောင် အမွှေးပြောင်သည်

ဒေါင်းယောင်ဆောင်သောကျီးတကား....။ ။အားလုံးကိုလေးစားလျက်

စံလွန်းတင်စာပေအဖွဲ.အစည်း

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

သတိပြု

သရက်ပင်ပျို

ချိုပါစမေး။

ခွေးတောက်နွယ်အမြစ်ယှက်

ခါးတက်တယ်လေး။

မြန်မာ.ပျိုစင်

ယဉ်ပါစမေး။

သွင်မတူလူဝင်ဖျက်

မျိုးပျက်မယ်လေး။

မြန်မာ.စာပေ(ကဗျာ)တွေ

ဘယ်နေလည်းမေး။

စာစောင်တွေခြေရာဖျောက်တယ်

ခေတ်နောက်ပေါ.လေး။

မြန်မာ.ပြည်မဟာ

ဘယ်ဘာသာလည်းမေး။

လူ.အခွင်.ရေးလို.အသံမည်

အောဒီတဲ.လေး။

အတူနေအရိပ်စပ်

အခက်ခြင်းလိမ်လိမ်။

တမြေနေတရေသောက်

အတူဆောက်တဲ.အိမ်ချင်အိမ်။

အမျိုးရယ်ဘာသာ

စာပေယဉ်ကျေးမှုအဖြာဖြာနဲ.

သာကီနွယ်ငါတို.သွေး။

ကိုယ်စည်းကို ကိုယ်စီတားပါလို.

မြန်မာပြည်ကမ္ဘာတည်စေ.မယ်

ထိန်းသိမ်းစို.လေးး။ ။

ညိုလင်းမောင်(ရေဦး)ကိုယ်တိုင်ရေး

အားလုံးကိုလေးစာလျက် (စံလွန်းတင်)

မိုး

 
ကောင်းကင်ကတိမ်တွေညိုနေပြီ
သစ်ရွက်တွေလဲငြိမ်လို့ 
မိုးတွေရွာတော့မယ်
သည်လမ်းလေးပေါ့
အတူတူတွဲလျောက်ဖူးခဲ့တယ်
အကြင်နာတွေအပြည့်နဲ့ 
တစ်ယောက်လက်ကိုတစ်ယောက်တွဲပြီး
စိတ်ကူးယဉ်ကမ္ဘာတခု
တည်ဆောက်ဖူးတယ်
သည်မိုးသည်းချိန်လေးပေါ့
ဟော..ကောင်းးကင်က
မိုးစက်လေးတွေ
လေတွေနဲ့ အတူမြေပြင်ပေါ်ကို
သက်ဆင်းနေပြီ
ရင်ထဲမှာလဲအလွမ်းမိုးတွေရွာနေပြ
မိုးစက်တွေကြွေတာ
ခိုစရာမြေပြင်ကအဆင်သင့်ပဲ
ရင်ထဲကငိုနေတဲ့မျက်ရည်တွေ
ဖြေသိမ့်မဲ့လူမရှိတော့ဘူးလေ
မိုးသည်းတဲ့သည်လမ်းက
အရင်တိုင်းပဲနော်
အတိတ်ကပုံရိပ်တွေက
တဖြည်းဖြည်းပေါ်လာပြီ
ကြည့်....
နှလုံးအိမ်ကမျက်ရည်တွေ
မျက်ဝန်းအိမ်ကိုရောက်လာပြီ
မျက်တောင်တစ်စုံက
မျက်ရည်မကျဖို့ ပုတ်ထုတ်နေလေရဲ့ 
သူတို့ ဘယ်လောက်ထိပုတ်ထုတ်နိုင်မှာလဲ
ခဏပဲပေါ့ဝမ်းနည်းစိတ်ကို
တားစီးမှမရတာ
ဟော..
မိုးတွေအငြိုးချက်နဲ့ ရွာနေတာလား
သည်းလိုက်တာလဲလွန်ပါရော
တစ်ကိုယ်လုံစိုရွဲချမ်းအေးနေပင်မဲ့
ရင်ထဲမှာတော့ပူနေတယ်မိုးရယ်........

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

ပုံရိပ်ရှင်

လွမ်း၍ဖွေသည် တမြေဆီခြား
မောင်.သက်ထား၏ ရှည်လျားဆံသွယ်
စံပယ်သင်းပျံ. ကိုယ်သင်းနံ.နှင်.
သက်တံ.ဖွေးဖွေး လှိုင်းအေးအေးဝယ်
ဖြေးဖြေးညှင်သာ ယိမ်းနွဲ.လာသည်
ကညာရွှေစင် အိပ်မက်ရှင်လော  .........
တမ်း၍ပွေသည် လွမ်းမျက်ရည်မိုး
ဝါခေါင်မိုးနှင်. သွန်းဖြိုးအပြိုင်
မစဲနိုင်ခဲ. သည်းဆိုင်လောင်ကျွမ်း
ဘ၀ကမ်းဝယ် ချစ်ခန်းမကြုံ
လမ်းမဆုံခဲ. အမြုံချစ်စိတ်
လွမ်းတိတ်တိတ်သာ ဆွေးရပါသည်
ကဗျာမြေပြင် စိတ်မှတ်ထင်လော  .........
နွမ်း၍ခွေသည် မသွေချစ်စိတ်
လွမ်းသည်းသိပ်၍ မှေးမှိတ်မပျော်
မျှော်မျှော်လေဝေး ရေးရေးရုပ်သွင်
ပုံရိပ်ရှင်ကြောင်. မရွှင်နေ.တိုင်း
လွမ်းစိတ်မှိုင်းခဲ. မှိုင်းမှိုင်းမို.မို.
ရွှေမိုးညို.လျှင် ဘယ်သို.ရော်ရမ်း
ဘယ်ဆီလွမ်းရ လွမ်းစိတ်ကိုနှိုး
ပျက်ရယ်နှိုးလာ မိုးဒေ၀ါကို
မရွာစေချင် နှိပ်စက်ချင်လော   ................။ အားလုံးကိုလေးစာလျှက်
                                    စံလွန်းတင်စာပေအဖွဲ.အစည်း          
ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

လောက ပဉ္စလက်

လူ.ဘုံလောက နိုးခါစတည်.
သူကအူဝဲ ငါအူဝဲနှင်.
သူလည်းဗလာ ငါဗလာ....။
နုရာမှရင်. ရင်.ရာမှကြီး
ဘာကြီးညာကြီး အထင်ကြီးကြ
မောက်မာကြနှင်. မာနမာန်ဝင်.
အဆင်.တိုင်းထွာ လူ.အလွှာ ....။
အချိန်လည်းတန် နေ၀င်ပြန်သော
မြေယံလွှာအောက် အတူရောက်မှ
ထောက်ချင်.တိုင်းတာ လူ.အလွှာသည်
ဘယ်မှာကျန်ရစ်ခဲ.ပါလိမ်.   .....။
အားလုံးကိုလေးစားစွာ (  စံလွန်းတင်စာပေအဖွဲ.အစည်း)
            ညိုလင်းမောင် (ရေဦး) ရင်တွင်းဖြစ်

Thursday, 5 September 2013

ကိုလူပျိုနဲ့ လယ်တောသူ

ရှစ်တိုင်းတစ်ခွင် အုံ့ ကာဆိုင်း
မှိုင်းလို့ ရီမှောင် ညိုရောင်ဖြာသန်း
လျှပ်နွယ်လျှပ်ပန်း အာကာလန်းပ
ဆန်းလရာသီ ပန်းခတ္တာ
ဝတ်မှုံပျံ့ သင်း ပျိုတိုင်းဆင်ခြင်
မဆင်နဲ့ ပျို ပန်းညှိုးမပေါ့။
လူပျို။ ။နားဆင်ကွယ် နားဆင်
မောင်အိုးစည်ဗုံမောင်း မိုးထက်သို့ လွှမ်း
နားကပ်ဆင်လေ့။
ကောက်စိုက်သမလေး။ ။ချစ်ပါတဲ့ကြိုက်ပါ လူပျိုတွေ
လယ်ကန်သင်းက ပျင်းတိုင်းလာ
မချစ်နိုင်ပါလေ မကြိုက်နိုင်ပါလေ
နှမငယ်လေး ကိုယ်မအား
ရဲစားနှင့်လေး။
လူပျို။ ။ဝါဝါသနပ်ခါးခေါက်ကိုလ
ကျောက်ပြင်ထက်တင်
လယ်ကွင်းပြင်ဘက်
သနပ်ခါးနှစ်ကိုလ
သွေးခြယ်ကာ အလှဆင်။
ကောက်စိုက်သမလေး။ ။လယ်ကန်းသင်းဘောင်ပေါ်ရိုးက
ကိုလူပျိုတို့ ရေ....
မင်းမိန်းမ ကလေးတွေဆီ
ပြန်ပါတော့လေ
မျက်စိကို ဆံပင်မွေးစူး
စူးလှပေါ့လေး။
လူပျို။ ။ပူလှတဲ့နေရောင်
ဝါခေါင်ပေမို့  တော်ပါသေး
နှမလေးကိုယ်ပေါ် ရက်စက်စွာကျ
ရင်မှမဖြေနိုင် ကောက်စိုက်တဲ့ပွဲ။
ကောက်စိုက်သမလေး။ ။လယ်ကန်သင်းက ကိုလူပျို
အကြင်နာတွေပို ချိုသာတဲ့စကား
ညှင်သာစွာဆိုလေသလား ကိုယ်ပေါ်ခြုံလွှာ
အုပ်မိုးပေးပါတော့လား။
လူပျို။ ။မေတွက်ငြင်းသာဘူး
အသက်ပင်သေစေ မှု ပါဘူး
ဘုန်းမောင်သက်သေ လက်ရုံးရည်ပြမည်
ကြည့်ပါတော့ကွယ်။
ကောက်စိုက်သမလေး။ ။ပြောတိုင်းတော့မယုံပေါင်
တစ်ချုံကွယ် တစ်မယ်မေ့တာမို့ 
အိုကွယ်...နှမလေးမှာဖြင့်
ယုံရဲသေးဘူး။
လူပျို။ ။တစ်ယောက်တစ်သက်မို့ 
နောက်ထပ်မလာ မေတွက်ရည်စူး
အလှူထူးကို ပြုထားတယ်လေ။
ကောက်စိုက်သမလေး။ ။ဘဝသမားမို့  စိတ်ကူးယဉ်မအား
လယ်ကန်သင်းက ကိုလူပျို
ပြန်ပါတော့လား။
လူပျို+ကောက်စိုက်သမလေး။ ။ချစ်စရာပွဲမို့  နွှဲ့ ပျော်စရာ
တို့ ရိုးရာ အမွေနှစ်မို့ 
သွေမပစ်ပါလေ တို့ တစ်တွေအတူနွှဲ့ 
ကောက်စိုက်တဲ့ပွဲ။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Tuesday, 3 September 2013

ပန်းကလေးသို့ .........

ဖူးစငုံစ အလှစချိန်
ပုရစ်ဖူးသဖွယ် မြင်သူရှုငေး
သူအလှလေး။
ထိုမှတစ်ဖန် ပွင့်လွှာပွင့်ဖတ်
တစ်ထပ်တစ်ထပ် ရစ်ပတ်လာလည်း
သူကလှမြဲ။
ပွင့်လွှာစုံချိန် အလှမာန်တင့်
ဂုဏ်ယူဝင့်ကြွား မြင်သူများလည်း
ခူးယူပန်ဆင် မြတ်နိုးချင်
ဝတ်ရည်စုတ်လူး ပျားဘီလူးနှင့်
လိပ်ပြာရောထွေး သူဘေးလေးမှာ
ကြယ်ရောင်ခသည့် လမင်းသဖွယ်
အလှတွေကြွယ်။
ကိုယ်မှာဥယျာဉ်မှုး ပန်းမခူးရဘူး
ရှေးကအစဉ်လာ ထားရှိခဲ့တော့
သနားစရာဖြစ်အင် ပန်းကိုမြင်လျက်
ပန်ဆင်ချင်လျက်နဲ့ ဝေး။
တစ်သက်တစ်ညှာ တစ်ညှာတစ်ပွင့်
ထာဝစဉ်စွဲရစ် ရင်နင့်အောင်မွှေး
တွယ်တာနှောင်ကြိုး ဖြေရန်ခက်ခက်
အထပ်ထပ်ချည် နှောင်တွယ်လေပြီ။
သော်တာကိုငေး ကြည့်နေရုံလေး
ကျေနပ်နေရ သည်ဘဝမို့ 
ပန်းကလေးအလိုကျ ရီပြငိုပြ
ဥယျာဉ်မှုးတို့ ထုံး နှလုံးမူလျက်
အပြုံးမပျက်သာ ချစ်လှက်နေပါမည်
ပန်းကလေးရေ..........

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း