Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday, 29 September 2013

နုတ်ဆက်အလွမ်း

ညနေချမ်းမှာ လေချိုတွေဖြန်းပါပေါ့
အညာမြေကိုပြန်ရတော့မည်
နေခဲ့ပါတော့ မင်းဘဝပျော်သလို
တော်ရာမှာနေပျော်စရာကိုတွေး
တို့ ဝေးရဖို့ အကြောင်းဖန်
ပေါင်းရန်မဖြစ်တာမို့ 
နောင်ဘဝအတွက်ပဲဆုတောင်းကြပါစို့ 
မျက်ရည်စို့ စို့ တော့
ပါးမို့ မို့ မှာစီးကာနေလည်း
စီးပါစေလေ အပြာရောင်မျက်ရည်
တွေးဆခက်တော့ ဝေးရတဲ့အတွက်
ရင်မလေးပါနဲ့ ခင်လေး
တမင်ဝေးအောင်ဖန်လာတဲ့ကံကိုလဲအပြစ်မဆို
ချစ်မြဲချစ်နေ ချစ်လျက်ပါလေ
တခါတလေသတိရ အိပ်မရတဲ့ညတွေပေါ့
အိုမေရယ်ဘာကြောင့်များ
ဝေးခဲ့တာလည်း လွန်းကြင်ငှက်အသည်းပေါ့
တခါတည်းပြောမယ်နော်
ဇာမဏီအသည်းနဲ့  တစ်ဘဝစာချစ်သွားမယ်
နုတ်ဆက်ခဲ့တယ်နော်....
ရုတ်တစ်ရက်ထွက်ပြေး
မချစ်လို့ မဟုတ်ဘူး အချစ်ဆူးကြောင့်
အချစ်ရူးရူးနေသူပါ
ရူးချင်ရူးစေ မမှုပါဘူးလေ
အရံလူဘဝသနားမနေနဲ့ 
ဘဝခြေကရွှေသဇင်နဲ့ လက်ခုတ်ပန်း
အရမ်းလှမ်းတယ်နော်
လိုချင်တာဘဝတိုင်းမှာမရနိုင်ဘူး
တူညီအချစ်ဆိုတာရှားတယ်
မင်းဘဝကံပေးတဲ့အဖော်လက်ကိုမြဲအောင်တွဲနော်
အချစ်နဲ့ စနောက်ဆုံးလွမ်းစေသည်

Saturday, 28 September 2013

ရေပွက်ပမာ

နေထွက်တာနေဝင်တာလဲခဏ
ရလာသမျှဒီခန္ဓာလည်းခဏ
ငိုချင်းရယ်ခြင်းသောကတွင်းလည်းခ
ရတဲ့အချိန်ခဏလေးတွင်းမှာ
ဘာတွေကြောင့်များအတ္တတွေထား
လူနဲ့ လူအချင်းက မေတ္တာကင်းလို့ 
စစ်တစ်လင်းတွေဖြစ်နေကြတာလဲ
အချင်းချင်းဂုဏ်တွေပြိုင်
သူနိုင်တယ်ငါနိုင်တယ်
ကိုယ်ကိုအဟုတ်ထင်ကြ
အပုပ်နွံကရုန်းဖို့ မကြိုးစား
မတော်သင့်ရာတော်လို့ 
မဖော်သင့်တာတွေလဲဖော်
သြော်...ဖြစ်ပျက်ဓမ္မတာ
မေ့ကာထားပြီးလား
မြေပေါ်ရဲရဲလျောက်ပါ
တစ်နေ့ တော့လည်း
မြေကြီးထဲသွားရမည်ကို
သတိမမူ ဥာဏ်မယူ
ကိုယ်ကိုသာကောင်းအောင်ကြိုးစား
သူများတွေဘာဖြစ်ဖြစ်
လှည့်မကြည့်
စာနာခြင်းတရားဘယ်သွားထားလဲ
ဘဝဆိုတာရေပွက်ပမာ
နေ့ လားညလား သေမည်မသိပါ
သတိကပ်ခါ အသိမြတ်မှ
လူဖြစ်ရကျိုးနပ်မည်။

အရုဏ်

အရုဏ်တော်လင်း၊တွန်ကြူးလင်းကြက်
နှိုးဆော်ချိန်ဝယ်၊လုံမငယ်လေး
ဆွမ်းချက်ရန်ပြင်၊ထင်းကစိုစို
မီးဖိုအိုတွင်း၊မီးမှာမရဲ
တစ်ရှဲရှဲနှင့်၊ငြိမ်းမြဲငြိမ်းလျက်
မီးခိုးကအူ၊မျက်ရည်ပူဝေ
ညည်းညူမနေ၊ဆွမ်းကျက်ဖို့ ရေး
ကြိုးစားမွှေးသည်။
အို...အို...ရောင်နီ၊လာပြီလာပြီ
သူရိန်ရှေ့ ကျွန်း၊ခေါင်းထွန်းလို့ ပေါ်
ရောင်နီမြင့်တက်၊သစ်ငုတ်ထက်မှာ
အမြီးကမြှောက်၊ဝမ်းဗိုက်အောက်က
အဖြူကိုခံ၊အနက်လွှားခြုံ
တောင်ပံကြားနှင့်၊ငှက်သပိတ်လွယ်
ငှက်ငယ်ကလေး၊စိုးစီစိုးစီ
ဝင်းပေါက်မှာမည်။
ဗုဒ္ဓဘုရား၊ဦးထိပ်ထားလျက်
သပြေညွန့် ဖူး၊ဆွမ်းတော်ဦးနှင့်
ဆီမီးရေချမ်း၊လှူဒါန်းပူဇော်
သာဓုခေါ်စေ.....ခေါ်စေသောဝ်။

စိတ္တသုခကာယသုခပြည့်စုံပါစေ.....ညီညွတ်ညိန်း

လွင်(၃)

ဆွတ်ချူရန်ခက်ပါရဲ့  မျက်ပါနဲ့ သက်လယ်
အုံ့ ပုန်းဖြစ်သူမျက်နှာငယ် ကွက်မလည်နိုင်သေး
ရွေငုံမင်းအမိမျှော်သလို ခရီးတော် နီးလျက်ကယ်ဝေး
ဘယ်သောခါဝယ် တူနှစ်ကိုယ်နီးရပါ့မယ်
မောင်ကြံရွယ်သော်လည်း နတ်ပန်းတစ်မျှ
ခူးရခက်သေးတယ် အမြင်မှာနီးသလောက်
ခရီးတော်တကယ်ဝေး ယက္ခစောင့်သည့်
ပန်းသို့ နှယ် မိဘမောင်ဖွား
အကိုတွေကြား စောင်ကြပ်တဲ့
နတ်ပန်းလေးရယ်။
သဉ္ဖာလေဆောင်းခန်း တစ်မှေးစက်ရာ
ခင်မျက်နှာလေး တစ်ရေးရေးမြင်
အိမ်မက်ထဲမှာ တွေ့ ရတယ်
သူဇာအလှမယ် မြင်သူငေးလောက်
အလှမှာအယဉ်ဆင့် တင့်တယ်သူလေး
အသည်းထဲဝယ် စွဲရစ်ခိုင်မှာ
တွယ်တာနှောင်ကြိုး ထပ်ခါရစ်တိုး
အမြဲတမ်းပဲတ မျှော်နေသူမှာ
ချူရန်ခက်လှတယ်။

Monday, 23 September 2013

***လွင်(၂)**

ရုပ်အဆင်းဟန် ကြွားဝင့်လို့ ရယ်
မျက်နှာထားပြုံးပါရင် မင်းပပရှုံး
တစ်ဖတ်သား မုန်းနိုင်ပါဘူး
ယမင်းလှကေသွယ်
နုသားတော် ဝါဝါညက်ကယ်နှင့်
ရှုစားတော် အခါခါမက်ဖွယ်
နံ့ သားပန်းလည်း မလိမ်းခြယ်
မိန်းမမြတ်လို့  ခေါ်လောက်ပါရဲ့ 
ဟန်မူရာ ခြောက်ပြစ်ကင်းစင်။
မြင်လျှင်မြင်ချင်း ချစ်ကြိုးနှောင်သွယ်
သူဇာနတ်မယ် ယုံပါတော့ကွယ်
ရာသက်မခွဲ ပေါင်းဖို့ ရန်ရွယ်
မေတ္တာတော်မဖယ် ကိန္နရီမောင်နှံသဖွယ်
ပြိုင်စေဦးတော့ ဘယ်ခါမှမရှုံး
ယုံပါတော့ခင်။
တူနှစ်ကိုယ် နေ့ စဉ်တွေ့ ချင်တယ်
ပင်တိုင်တော်ဦး ကျော့မှုးကေသွယ်
မရရင်တော့ကွယ် ရူးရတော့မယ်
ဤကမ္ဘာနဲ့  နောက်ကမ္ဘာလဲ
အမြဲပဲချစ်ပမည် ဘယ်လိုပင်
သံသရာတွေလည်းဆုံးဦးတော့ မမုန်းဘူးကွယ်။
သွားလေရာ ခင်မျက်နှာ
မျက်စိမှာစွဲ ခက်လှတယ်လေး
မောင်ဖူးစာဖြစ်ဖို့ အရေး ဘုရားလည်းမစ
သိကြားလည်းမစ
ဘယ်သောအခါမှ နီးရပါ့မယ်။

***လွင်**

သူ့ ရဲ့ ဂုဏ်သတင်း ထုံသင်းပျံ့ မွှေး
မိုးနတ်နွယ်အလား ထင်မှားလောက်တယ်
သူဇာပုံနှုန်း သူသာအလှဆုံး
ခုံးမျက်စဟန်ချီ သုံးရက်လဆန်မီတယ်
ချစ်ချင်ဖွယ် လှလဲလှပေ။
ခါးသေးလို့ ရင်ချီ ပတ္တမြားအသွေးနှယ်
ပန်းမာလာသဖွယ် ကြိုင်လှိုင် တင့်ဆန်းတယ်
မူယာမကြွယ်ရူပါရုံရယ် မြင်သူစွဲလမ်းစေ။
ရှေးဘဝကံ ဖေးမပြန်
အကြောင်းချင်းဆက်သွယ် ပေါင်းသင်းဖို့ ရည်ရွယ်
ချစ်သောသူဇာအလှ ရူပါရုံဆန်း
ချစ်မေတ္တာပန်း ပွင့်လန်းဝေ
ချစ်ပါတော့လေ။
ဆယ်ကမ္ဘာဆုံးစေ မမုန်းပါလေ
ကြင်ကြင်နာနာပါ့မယ် စိတ်ချပါမေ။

Tuesday, 17 September 2013

ပန်ဆင်လိုလျှင်ခေါင်းဖြီးစေချင်

ပန်းမှာသုံးပွင့်
စီရီပွင့်
ပန်ခွင့်မကြုံရ။
ဖြစ်ရာဘဝ
ကျင်လည်ရ
များလှဒုက္ခရောက်။
ဖြစ်လိုက်ပျက်လိုက်
ဘဝဆက်
မျက်ရည်စက်တွေများလှပြီ။
ဓမ္မစည်ကြီး
ရိုက်ဆော်တီး
မည်ဟီးဘဝဂ်တိုင်။
ကိလေသာနား
ပိတ်၍ထား
တို့ များမကြားနိုင်။
မကြားဘိသော်
ပန်းရိရော်
ဟစ်အော်ညည်း၍မှိုင်။
ပန်းပွင့်သုံးပွင့်
ပန်ဆင်ခွင့်
လွဲလို့ ကျန်ခဲ့ပြီ။
ပွင့်ခဲ့သောပန်း
မခြောက်နွမ်း
မွှေးမှတော်ကြမည်။
မေတ္တယျပန်း
ဦးထိပ်မှန်း
ဆင်မြန်းဖို့ ရန်ရည်။


စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း