Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday 16 October 2013

***မိုးနတ်နွယ်**



ဖြူစင်သန့် ရှင်း
ခြောက်ပြစ်ကင်း
ထုံးသင်းပျံ့ ပေတယ်။
ရူပါရုံအဆင်း
ပပဝင်း
လမင်းသို့ နှယ်။
ခွန်းခြွေစကား
လေပြေလား
ထင်မှားလောက်ပေ။
ကိုယ်ဟန်ယဉ်ကျေး
မြင်သူငေး
ရင်အေးစေဖွယ်။
ပါးပြင်ထက်ဝယ်
နံ့ သာခြယ်
တင့်တယ်ပါပေလေ။
ဇဗ္ဗူလင်္ကျာ
ကျွန်းမဟာ
သူသာအလှဆုံးဖြစ်ပေမည်။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Saturday 12 October 2013

ပြန်လာခဲ့မယ်အမေ

တိုင်းတစ်ပါမြေ အဝေးရောက်နေ
အမေမေတ္တာ ပန်းခင်းရာဆီ
ပြန်လာခဲ့မည်။
အမေတ္တာဝေး ဟိုအဝေးက
ပြန်လာခဲ့မည်။
တမ်းတလို့ လွမ်းရ မှန်းဆခဲ့သောညတွေ
အမေရင်ခွင်မြေဆီ ပြန်လာခဲ့မည်။
ဟိုအရင်လို မိသားစုထမင်းဝိုင်း
အောက်မေ့တမ်းတ အတူတူလက်ဆုံစားကာ
ညချမ်းအခါစကားဖောင်ဖွဲ့  အမေပြောပြခဲ့သော
တစ်ထောင်တစ်ညပုံပြင်တွေ
မကြားရတာကြာပြီအမေ။
အမေရင်ခွင်ကနေအတောင်ဖြန့် ကာ
လေဟာပြင်ထဲတဲ့ငှက်ငယ်
အခုတော့အမေအိမ်အသိုက်မြုံကို
ပြန်လာခဲ့မည်။
တကယ်တော့အမေ
လောကအလယ်အတောင်မစုံ
ဘဝဇာတ်ခုံကလှသောအရာမဟုတ်
လိမ်ညာတာတွေဟန်ဆောင်မှုတွေ
ပြည့်နှက်နေတယ်အမေ။
ရိုးသားခြင်းဆိုတာကိုခုတုံးလုပ်
အမြတ်ထုတ်ချင်သူတွေကလည်းအများကြီးအမေ။
သစ္စာကိုခြံခတ်မေတ္တာကိုအရေခြုံ
ဝံပုလွေလိုလူစားတွေလည်းအများကြီးအမေ။
နွေးထွေးအရိပ်အမေအိပ်ကိုပဲပြန်ခဲ့တော့မည်။

ဖားနှင့်ပျား

စိမ်းလဲ့ကန်သာ ပန်းပေါင်းစုံဖြာ
ငါးမည်ခိုင်းသင်း ပန်းရနံ့ ဆင်း
လေပြေသယ်ဆောင် မွှေးရနံ့ ထောင်
စိတ်ကိုကြည်နူး ဘဝင်ထူး၏
ပန်းရနံ့ ကြောင့်  ဝေးကရောက်လာ
ပျားတို့ သည်သာ ဝတ်ရည်စုတ်လူး
အရသာထူး ခံစားဖူးသည်
ကန်တွင်းဖားငယ် ကြာပန်းသင်းလည်း
ရနံ့ မရ ဝတ်ရည်မသောက်
ပျင်းရိစိတ်မွေး သနာစရာလေး။
ငါတို့ ပြည်ရွာ သာသနာရောင်ဝါ
နေလိုလလို ထွန်းကားပါလျက်
အနှစ်သာရ မသုံးဆောင်ရ
ဖားနှင်မခြား သနားစရာ
သည်ဖြစ်အင်သို့  ရောက်မှန်းမသိ
ရောက်နေရ၏။
ဝေးကရောက်လာ ပျားပမာ
တိုင်းတစ်ပါးသားတို့  ဝတ်ရည်စုတ်လူး
ရသာထူးကို မြိန်ရေယှက်စွာ
သုံးဆောင်ကုန်၏။
ကန်ရေပြင်တွင်း ကြာပန်းခင်းကို
ပိုင်ဆိုင်ပါလျက် ရသာထူးနဲ့ ဝေး။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိ

မျှော်လင့်တိုင်းသာ

လေတွေတိုက်လိုက်တိုင်း
ပန်းပွင့်တွေလွင့်ကြွေရမည်ဆိုရင
ပန်းပွင့်ဆိုတာရှိပါဦးမလား။
ရေတွေတိုက်စားတိုင်းသာ
မြေပြိုကျရင်မြေကြီးဆိုတာရှိပါဦးမလား။
လိုချင်တိုင်းသာရပါမူရင်
ဘယ်မှာဆင်းရဲ ဒုက္ခရှိမည်လဲ။
ချစ်သူတိုင်းသာပေါင်းခွင့်ရရင်
ဘယ်မှာအလွမ်းအဆွေးရှိပါမလဲ။
မျှော်လင့်ချက်တိုင်းသာ
ဖြစ်လာရင်ကျဆုံးခြင်းဆိုတာ
ဘယ်မှာရှိမည်လဲ။
လဲကျတိုင်းသာပြန်မထနိုင်ရင်
ဘယ်မှာအောင်မြင်မှုဆိုတာ
ရှိပါမလဲ။
လောကတရားကိုနားလည်ထားရင်
ဘဝဆိုတာကြမ်းတမ်းတယ်လို့ 
ထင်စရာမရှိပါဘူး။

Thursday 3 October 2013

မြေဇာ

ခန္တီတရား ရှိနေသ၍
သည့်ခံနေမည် အကျည်းတန်တဲ့
မင်းတို့ တွေကို မနစ်မြိုလာရင်
တွန်းချဖို့ ကို ဝန်းမလေဘူး
မြေဇာထရင် ကေသရာဇာ
တောင်မခံနိုင်ဘူး။
မေတ္တာတရား ရှိနေသ၍
ဒီအတိုင်းကြည့်နေမည်
အသိတွေရိုင်း ခွေးလိုရိုင်းရင်
မြေဇာက ကန်ချမှာနော်
သတိသာထား။
ဂရုဏာတရား ရှိနေသ၍
သက်သာနေမည်
ထပ်ခါထပ်ခါ စော်ကားရင်
မော်ကြွားတဲ့သူ မြေဇာက
ခါချပစ်မှာနော် မသက်ညှာဘူး
မြေဇာတဲ့နော်။
မုဒိတာတရား ရှိနေသ၍
ကလေးလေးလို ချော့မြူနေမည်
ကလေးဆိုးက ခွေးသူခိုးလို့ 
ထဟောင်ရင်တော့ ညအမှောင်တောင်မရှောင်
မြေဇာမညှာဘူးနော်
ခန္တီ၊မေတ္တာ၊ဂရုဏာ၊မုဒိတာ
ဤလေးပါသာ ပျက်ပြယ်အောင်လုပ်ရင်
မြေဇာအပြစ် အဆိုလစ်နှင့်။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း