Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 25 February 2013

***နှင်းရည်ကွဲသည့်တပို့ တွဲ**

ငွေနှင်းရည်ကွဲ၊တပို့ တွဲ ဝယ်
ငွေဇွန်ပန်များ၊ဖြူဖြူဖွေးဖွေး
ပင်ယံမြင့်ထက်၊ပွင့်လန်းလျက်လာ
ပျိုမေများမှာ၊ခူးယူကာပန်ဆင်
အလှပေါ်တွင်၊အယဉ်ဆင့်လို့ 
တင့်တယ်ပေလှ၊ခင်နှမလေး။
ပျို့ မောင်များရယ်၊အပေါင်းရယ်စုံ
မီးဖိုကိုမွှေး၊ရေအေးအေးဖြည့်
ထမင်းနှဲ ပွဲ၊ဆင်နွှဲ့ ရန်ပ
ပြင်ဆင်လို့ နေ၊ပြင်ဆင်လို့ နေ
ချစ်စရာမြန်မာ၊ဓလေ့မဟာ
နွှဲ့ ပျော်ရတာ၊လွန်စွာကြည်နူး
အာရုံမနက်၊ရောင်နီတက်ချိန်
ဆွမ်းအုပ်ကိုပိုက်၊ကျောင်းတော်ရပ်သို့ 
ပျိုမေများက၊သဒ္ဒါကပို
ထမင်းနှဲဆွမ်း၊လှူဒါန်းရန်သွား
ကုသိုလ်တော်ယူ၊ကြည်ဖြူပေသည်။
ဤအလှူဒါန၊ပြုသမျှက
စုပေါင်းအလှူ၊သဒ္ဒါဖြူလို့ 
သာဓုခေါ်ဆိုမွန်မြတ်ပေသည်။

Saturday 23 February 2013

gtalkမှာကိုယ်ချစ်သူပုံလေးနဲ့ ချက်လိုသူများအတွက်

အခုဆော့ဝဲလေးကတော့gtalk ချက်ဘောက်မှာ
ကိုယ်ချစ်သူပုံလေးနဲ့ ချက်ချင်သူများအတွက်ပါ
ဆော့ဝဲကဒီမှာပါ
http://www.mediafire.com/?qg8fhl016cr1xob
ပထမဆုံးဒီဆော့ဝဲလေးကိုဆွဲပါပြီးရင်
run လိုက်ပါဆော့ဝဲrunပြီးတာနဲ့ 
ကွန်ပျူတာရဲ့ start မှာchange background
ဆိုတာလေးပေါ်နေပါလိမ့်မယ်
အဲတာလေးနှိပ်ပြီးကွန်ပျူတာကနေ
ကိုချစ်သူပုံလေးပြောင်းဗျာ

Wednesday 20 February 2013

နေဝင်ချိန်

သူရိန်နေမင်း၊အနောက်ကျွန်းဆီ
ခေါင်းတင်လို့ နေ၊။
တစ်နေ့ တာဝန်၊ကာလလွန်ပြီ
မှောင်ရန်ချိန်နီး။
နေ့ ကွယ်ချိန်များ၊တွေ့ ပါများလဲ
အမှားနွံကျွံ၊
ဒေါသအတ္တ၊ကိုမှာကပ်ခါ
ကပ်လျက်နေ့ စဉ်။
အမှားသိလည်း၊မှားမြဲမှားလျက်
ခရီးဆက်နေ။
အရေပြားကို၊အလှဖို့ လို့ 
နှစ်လိုနေကြ။
စိတ်ထားမပြင်၊အလှပြင်လည်း
ပြင်စဉ်ခဏလှမည်သာ။
ဟန်ဆောင်အပြုံး၊ဘယ်လောက်ဖုံးလည်း
နောက်ဆုံးသေမည်။
နေထွက်နေဝင်၊နေ့ စဉ်မြင်လည်း
ဖြစ်စဉ်ပမာ၊မေ့မေ့ ကာထား
သြော်...သေရတော့မည်၊အသိဥာဏ်လည်း
ဝင်မလာပါ။
နေမင်းပမာ၊သေမင်းလာချိန်
ရင်မှာနောင်တ။
ခိုဝင်ကပ်ချိန်၊အချိန်လွန်သွား
နေရက်များလို၊ပြန်ရလိုလည်း
အပိုပါပဲ။
ကြိုမမြင်သော၊အမှောင်တောက
လှမ်းခေါ်လိမ့်မည်။
နေမဝင်ခင်၊ကျန်နေချိန်လေး
ရင်မလေးစေ၊တရားရေအေး
ဝဝလေးသောက်၊သေရက်ကိုဖြင့်
စောင့်စားစို့ လား။

Thursday 14 February 2013

***ချစ်ခြင်းမေတ္တာ သစ္စာခိုင်လေသော်**.....

ဂန္ဓမာစန္ဒာတောင်
မြိုင်ဟေဝန်မှာ၊ဖူးပွင့်လာသော
ပန်းမာလာသင်း။
ငှက်ကျေးပေါင်းစုံ၊တူမောင်နှံယှဉ်
ဝေယံမှာပျော်။
ကြည်ပြာစေသွန်၊ရေတံခွန်စမ်း
ငွေသောင်ယံဦး။
စန္ဒကိန္နရီကိန္နရာတို့ မှာ
ပန်းပေါင်းထွေထွေ၊ခူးယူခြွေကာ
မြေမှာဖြန့် ၏။
ကိန္နရာဖို၊ဝါးလုံးကိုတီး
သီဆိုနေပြန်။
စန္ဒကိန္နရီမလေးမှာ
နန်းမူနန်းဟန်၊အသွင်ဟန်ဖြင့်
ကခုန်နေရှာ။
ထိုစဉ်ဗြဟ္မဒတ်မင်းမှာ
လေးတော်ထမ်းလျက်၊ဟိမဝန္တာ
မြိုင်ရပ်ဆီလာ။
ဝါးလုံးတီးသံ၊နားဝယံသို့ 
လွင့်ပျံ့ လာသော်။
ဗြဟ္မဒတ်မင်း၊ခြေချနင်းသံ
မကြားရအောင်။
အနီးပါးသို့ ၊တိုးကပ်လို့ သာ
ကပ်လို့  သာသွား၊
စန္ဒကိန္နရီကိုမြင်ခဏ
မေတ္တာသက်ဝင်၊ချစ်ခင်တက်မက်
စိတ်ဝင်လာ၏။
ကိန္နရီကိုသိမ်းပိုက်ရန်
လေးကိုတင်၍၊ချစ်လင်ဖြစ်သူ
မြားဖြင့်ပစ်သည်။
ကိန္နရာဖိုမှာမြားချက်ထိ
အော်ညည်းမြည်တမ်း၊မြားတန်းလန်းဖြင့်
လှဲသွားရှာ၏။
ချစ်လင်သံကြား၊လျင်မြန်သွားခါ
စုံစမ်းလေ၏။
ချစ်လင်ကိုယ်မှာ၊မြားဒဏ်ရာနဲ့ 
တွေ့ လေရှိသော်၊မျှော်ကြည့်ဝဲယာ
ဗာရာဏသီ၊စီရီခြွေရံ
ခြံရံကင်းသော၊မောဟရမ္မက်
တပ်မက်နေသူ၊လူတွေအုပ်ချုပ်
ယုတ်မာမင်းကြီး၊လှမ်း၍မြင်၏။
စန္ဒကိန္နရီမင်း၏အနား
ပြေးလွှားဖြတ်ကျော်၊တောင်ထိပ်ပေါ်က
အော်ကျိန်ဆဲ၏။
သူယုတ်မာမျိုး၊ရာဇာဆိုးရယ်
မြတ်နိုးချစ်ကြင်၊ငါချစ်လင်သည်
အသင်ရက်စက်၊မြားဒဏ်ချက်ဖြင့်
အကိုင်းခက်ဝေဖြာ၊သစ်ရိပ်မှာပဲ
ကြည်လင်ရွှင်စွာ၊မြူးပျော်ရာမှ
ခုမှာလဲကျ၊မြေဝယ်ခ၍
သောကငါမှာရောက်ရ၏။
ရှင်မင်းတရားရမ်းကား၍
သနားဖွယ်ဖြစ်၊ငါ့၏ချစ်လင်
သေရွာသို့ ဆီ၊မြန်းရပြီမို့ 
ငါမှာပူဗျာ၊သောကဖြာလို့ 
သင်၏သက်ထား၊သင်မယားလည်း
ကြီးမားသောကကြုံစေအံ့။
တဏှာရာဂ၊သင်မှာထကြွ
ငါ့ကိုယူချင်၊ပြစ်မဲ့စင်သည့်
ချစ်လင်ကိုသာ၊သင်သတ်ပါ၍
သင့်၏ချစ်ခင်၊သင်မိခင်လည်း
သူ့ လင်သူ့ သား၊သူ့ သက်ထားတွက်
ကြီးမားသောကကြုံစေအံ့ ။
အိုဘယ်အ လှ၊ချစ်နှမရယ်
သောကထွေကာ၊မငိုပါလင့်
မယ်မှာဝိုးဝါး၊အမြင်မှားနှင့်
မယားကိန္နရာ၊ဘဝမှာဖြင့်
ဘယ်လိုကြီးကျယ်၊ဂုဏ်တင့်တယ်လည်း
နှမနေရာ၊သည်တောမှာဖြင့်
သာယာကင်းစွ၊ခြောက်သွေ့ လှ၏။
ကျက်သရေဖြာ၊ရွှေနန်းမှာဖြင့်
တောင်ညာဒေဝီ၊မဟေသီဖြစ်
ငါသည်မယ်အား၊အပ်ကာထားမယ်
ကြည်သာစွာစံမြန်းပေလော့။
ဟယ်မင်းယုတ်မာ၊ပြောထွက်ပါဘိ
စကားရိုင်းပျ၊ပြောထွက်လှ၏
ငါကိုလိုချင်၊ငါချစ်လင်သတ်
ထို့ သို့ ငါမှာ၊သင့်လက်ပါမည်
မဟုတ်ပါချေ၊ဝင်သက်လေတွေ
ငါ့ကိုတိုင်ပဲချူပ်ပြစ်အံ့၊
အိုနှမငယ်၊သင့်အရွယ်က
ငယ်လှပါပေ၊မဖြစ်သင့်ချေပြီ
သင်တို့ ချစ်ခြင်း၊မဖြိုခွင်းနိုင်
လာလမ်းကိုသာပြန်ပါမည်။
ထိုအခိုက်တန့် ဝယ်ကိန္နရီမှာ
ချစ်လင်အနား၊ပြေးလွှားသွားကာ
လျိုမြောင်တောတောင်၊လှိုင်ဂူပေါသည့်
သာယာရှုမော၊လွန်ကျယ်ပြောလှ
ပန်းပေါင်းစုံပွင့်၊အလှတင့်သော
ဤတောကိုအုပ်စိုး၊ရှင်ရုက္ခစိုးတို့ 
ငါ့၏ချစ်လင်၊အသက်ရှင်ရန်
ကူညီပါလော့နတ်မြတ်ပေါင်း။
တိုင်တည်သစ္စာ၊မေတ္တာဟုန်ကြောင့်
သိကြားဗိမာန်၊အပူရှိန်ဟပ်
သကြားနတ်မင်း၊ပုဏ္ဏားဆင်းသဏ္ဍန်
ဖန်ဆင်းပြီးလျှင်၊လူပြည်သက်ဆင်း
ကိန္နရီနား၊ကပ်သွားခါရယ်
ကိန္နရာဖို၏၊မြားဒဏ်ရာကို
ရေစင်ဖြန်းရာ၊အနာချက်ချင်း
ပျောက်ကင်းနေရာမှထ၏။
ကိန္နရီကိန္နရာမောင်နှံမှာ
ပုဏ္ဏားဟန်ဆောင်၊သိကြားရှင်အား
ကျေးဇူးစကား၊ပြောကြားလေ၏
အို .....စန္ဒကိန္နရီကိန္နရာတို့ 
ဤနေ့ မှစ၊လူသူတကာ
ခဏမကြာ၊ရောက်ရောက်လာသော
တောင်ခြေအရပ်၊မဆင်းအပ်ပေ။
ဤသို့ ခွန်းခြွေစကားမြတ်
နာကြားပြီနောက်၊တောင်ပံယှက်လို့ 
မိမိစံအိမ်၊ငွေတောင်ရပ်ဆီ
ပျံသန်းသွားလေ၏။
ငွေတောင်ဆီပျံသန်းသွားစဉ်
စန္ဒကိန္နရီက၊ဝေဟင်ကနေ
ဤသို့ တေးဆိုကျူးရင်လေ၏
လူသူကင်ရာငွေတောင်ဆီကို
တူစုံမောင်နှံသွားကြစို့ လေး
တောင်ပေါ်ဆီမယ်ပေါလှပေသည်
ပန်းပေါင်းထွေထွေ ရနံ့ တွေကသင်း
အို....ရှုမောဖွယ်မဆုံး
ငွေတောင်ပေါ်လေချိုသွေး
ပန်းကလေးတွေလွင့်အလှတင်သည့်
ငွေတောင်ဆီကို သွားကြစို့ ကွယ်လေး။

ကဗျာရေးသားချိန်။  ။တပို့ တွဲလဆန်း(၄)မှ (၆)ထိ
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Thursday 7 February 2013

***မြန်မာဟူသည်......**


နန်းမြင်ယံလေသင့်ရာမွှေး
တော်ဝင်ပန်းနှယ်၊လှဂုဏ်ကြွယ်ကြွယ်
တင့်တယ်ပါပေ။
ရူပါရုပ်ဆင်း၊လှယမင်းသို့ 
ညွတ်ဆင်းနေ၏။
ပါးထက်ပြင်ဝယ်၊နံ့ သာခြယ်သ
ယဉ်ပါပေခင်။
ဆံကေသာထက်၊ဆင်မြန်းပန်ယူ
တစ်ပွင့်ပန်းသာ။
နုသားတော်ဖြူ၊သဒ္ဒါဖြူသူ
ဂုဏ်ယူလောက်ပေ။
ဆွမ်းအုပ်ကိုပိုက်၊ကျောင်းတော်လိုက်ဟန်
မြင်သူငေးဖွယ်။
ခင်ခြေတစ်လှမ်း၊သိန်းသန်းကုဋ္ဋေ
အဖိုးတန်လှ။
မြတ်ဘုရားထံ၊ဝတ်ရွတ်သံလေး
နားယံချိုမြ။
တော်ပါပေခင်၊မိန်းမမြတ်ဟု
ခေါ်ထိုက်ပေသည်။
စိတ္တသုခ ကာယသုခပြည့်စုံပါစေ.....ညီညွတ်ညိန်း

Sunday 3 February 2013

***တစ်ပွင့်ပန်းပမာ**.....

ရာသီအချိန်မှီလွှတ်လိုကလေသော
မုတ်သုန်လေညှင်း
ဝင်ရောက်တိုက်လေချိန်
ပန်းများပွင့်လေပြီ
တစ်ပင်မှာတစ်ပွင့်ထဲ
ပွင့်သောပန်းလို
  အချစ်ပန်းတို့ ပွင့်ပြီမို့ 
တော်ဝင်မည်တွင်
ပန်းတစ်ကာပန်းလို
လေပြေသယ်ရာမွှေးပြန်နေ
တစ်ပင်ဆိုတစ်ပင
တယုတယပျိုး
သံသရာအလယ်
မလွတ်မြောက်သေးသ၍
ဘဝအဆက်ဆက်မှာ
ကြည်ဖြူနိုင်သော
ချစ်သူနှစ်ဦးဖြစ်ပါရစေ......
ကြင်နာသူရေ...
ထားကတိသစ္စာ
ပျက်ယွင်းခဲ့လေသော်
အန္တရာယ်စွယ် ကျရောက်လို့ ရယ်
   ကျိန်စာကိုယူတောင်းဆုပြုယူ
မီးပင်လယ်ဝယ်ပြာလောင်ကျလို့ 
ရင်ခွင်အလယ်ကို
အဆိပ်ဆူးမြားတို့ 
စူးစေသား.............   

Friday 1 February 2013

***ဟေမာန်ရာသီစာစီအလွမ်း**.....

နှင်းစက်နှင်းမှုန်၊ဖြန်းပတ်လွှမ်းခြုံ
ဆောင်းရဂုံမှာ၊မြခွာညိုပန်း
ပင်ယံနန်းထက်၊ပွင့်လန်းလျက်သာ
မြကန်စိမ်းဆီ၊မျှော်ရည်ငေးသော်

လရောင်ပျိုးသည့်ပန်းကုမုဒြာ
မွှေးသောရနံ့၊ဆင်းရနံ့ထူး
ကြာဖြူပန်းများ၊ဖွေးဖွေးလွှလွှ
လှပတင့်စွာပွင့်လန်းနေ။

ညှင်းသွဲ့လေညှင်းခေါ်ဆောင်ရာ
ပန်းရနံ့စုံ၊စုပုံလိုက်သွား
မွှေးပျံ့စေ၏။

ထက်အာကာတစ်ခွင်မှာလည်း
လမင်းရှင်နား၊တာရာများက
ဝန်းရံခစား၊စုရုံးကျလျက်
သီဆိုဟစ်ကြွေး၊သန်းခေါင်တေးကို
ကြားရပြန်၏။

အဖော်ဝေးသူဆွေးပူစေ
လွမ်းမျက်ရည်ဝေ၊ကြွေနေပါပြီ
ဟေမာန်ရာသီ၊စာစီအလွမ်း
ဆောင်းညလေးကိုမျှော်ရည်မှန်း.....




internet download manager

အင်တာနက်ကvideoနဲ့ musicတွေကိုဒေါင်းရတာအရမ်းမြန်တယ်
ဆော့ဝဲကောင်းလေးပါသုံးကြည့်မှသိမယ်
လိုချင်ဒီမှာ
http://www.mediafire.com/?a1ahv0dw79e9drp
အာလုံးအဆင်ပြေပါစေ