ပိုက်ဆံအိတ်ထဲ ငွေဖောင်းနေသလား
အပေါင်းအသင်းများက ခေါ်ချင်ပြောချင်
ချစ်တဲ့သူကကြည်ဖြူ မုန်းသူကလည်း
ပါးစပ်တစ်ပြင်ပြင် သြော်...ခေတ်
အတိုပြတ်နဲ့  မလုံတစ်လုံ
သိုးရေခြုံထားသော ဝံပုလွေတွေကြား
ပြေးလွှားဆော့ကစားချင် သြော်...ခေတ်
အငယ်အနှောင်း မယားပေါင်းသောင်းခြောက်ထောင်
ငွေရှိပါက ဘယ်နားထားထားနေမယ်ပြင် သြော်...ခေတ်
သစ္စာတရား ဈေးကစားလို့ 
ရည်းစားများမှ အဟုတ်ထင် သြော်...ခေတ်
အပျော်အပါး လောင်းကစား
ဘီယာအရက် ခုံမင်စွဲလန်း
ညစဉ်တိုင်းလည်း တီးဟောက်ထိုင်
အချိန်ဖြုန်းချင်ပြန် သြော်...ခေတ်
လူနဲ့ လူချင်း မေတ္တာကင်းလို့ 
ရန်စစ်မီးများ လောင်ကျွမ်းပြန် သြော်...ခေတ်
သြော်...ခေတ် သြော်...ခေတ် သြော်.
ညီညွတ်ညိန်း
No comments:
Post a Comment