Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 30 September 2012

ပုံလှလှလေးများ




































***ကံကြမ္မာဓါးသွားအောက်ကပန်းတစ်ပွင့်**....

ကြွားကြွားဝင့်ဝင့်

အလှတင့်သည့်

အိုပန်းကလေးရယ်...




ပင်ယံမြင်မှာ

လှပသည့်မို့

ဂုဏ်မာန်ဝင်နေလား...



ဝတ်ရည်စုတ်လူး

ပျားဘီးလူးတို့လယ်

ပျော်ရွှင်မြူးကြွ

ပန်းဘဝဆိုတာ

ကြွေကျစမြဲဆိုတာ





ကံကြမ္မာဓါးသွား

ပါးပါးလှီးနေတာ

မသိသာလို့

သတိမေ့နေတာလား...



ပွင့်ဖတ်ကြွေမြေခမှ

သတိရမှာလား

မေ့လို့မနေ

သတိဆင်ခြင်

ဥာဏ်ယှဉ်လို့သာ

ပန်းဘဝပန်းအလှ

တည်တံ့ပါစေတော့လား...ပန်းကလေးရယ်




***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

ကာရန်အကြောင်း

(၂)ကာရန်၊ အသံ
ကာရန်ဆိုတာ ကာရန္တ ဆိုတဲ့ ပါဠိစကားကနေ ဆင်းသက်လာပါတယ်။ အက္ခရာရဲ့အဆုံးသတ် (ဒါမှမဟုတ်) အဆုံး အက္ခရာ လို့ အဓိပ္ပါယ်ရပါတယ်။ ကဗျာမှာဆိုရင်တော့ အက္ခရာအချင်းချင်း အသတ်တူ (သို့မဟုတ်) အသံတူ စပ်ထားတဲ့ စာလုံးတွေကို ဆိုလိုပါတယ်။ အရင် အခန်းမှာရေးခဲ့သလို ကဗျာတပုဒ်မှာ အသံကာရန်၏ကောင်းခြင်း (သဒ္ဒါလင်္ကာရ) နဲ့ အဓိပ္ပါယ်၏ကောင်းခြင်း (အတ္ထာလင်္ကာရ) နှစ်မျိုးလုံးရှိရပါမယ်။ ဒါပေမယ့် ကာရန်ကိုက်အောင် လို့ဆိုပြီး အဓိပ္ပါယ်တွေ လိုက်မြောသွားတာမျိုးတော့ မဖြစ်ရပါဘူး။ ကိုယ်လိုချင်တဲ့ အဓိပ္ပါယ်နောက်ကိုသာ ကာရန်ကိုက်အောင် လိုက်ပြီးရေးရမှာပါ။ အဲဒီလိုမှမဟုတ်ရင် အရင် ဆောင်းပါးမှာ ပြခဲ့တဲ့ ကဗျာတွေလို ကာရန်သာမှန်ပြီး ဘာအဓိပ္ပါယ်မှ မရှိတဲ့ ကဗျာတွေဖြစ်ကုန်ပါလိမ့်မယ်။ ကာရန်အကြောင်းပြောရင်း အလျဉ်းသင့်လို့ နဘေ အကြောင်းပါ နည်းနည်းမိတ်ဆက်ပါရစေ။ နဘေ ဆိုတာ 'နံဘေး' ဆိုတဲ့ စကားလုံးကနေဆင်းသက်လာတယ်လို့  ဆိုကြပါတယ်။ အရွယ်တူပျဉ်ချပ် တွေကို နံဘေးချင်း (အလျားလိုက်) ယှဉ်စပ်ထားသလို အပိုဒ်နှစ်ခုကို ဘေးချင်းစပ်ဟပ်ဖွဲ့နွဲ့ထားတာကို နံဘေးစပ်၊ အဲဒီကနေ နဘေစပ်လို့ ခေါ်ကြပါတယ်။ ဥပမာ အချုပ်တန်းဆရာဖေ ရေးခဲ့တဲ့ ပန်းချီမနိုင် လေးချိုးလတ် မှာဆိုရင် ...
ရွှေပဒုံကြာအချပ်ကို၊ လေအဟုန်လာပြီးဟပ်စဉ်က .. စခန်းနော်လိုရာကွန့်နိုင်တဲ့၊ မန်းပေါ်မှာ ကိုကြာညွန့်သော်မှ ... ဆိုတာတွေဟာ နဘေစပ်တွေဖြစ်ပါတယ်။ ဆိုလိုတာကတော့ ကာရန်ဟာ စာလုံးတစ်လုံးပဲ အသံထွက် (သို့မဟုတ်) အဆုံးသတ်စာလုံးပေါင်း တူပါတယ်။ နဘေ ကတော့ စာလုံးတစ်လုံးထက်ပိုပြီး တူရပါတယ်။ နဘေစပ်နည်း ၈ မျိုးတွေ့ရပါတယ်။ နောက်ပိုင်း အစပ်၊ အဟပ် အပိုင်းမှာဆက်လက်ပြီးဖေါ်ပြပေးပါ့မယ်။ ကာရန်ကိုပြန်ဆက်ရရင် အက္ခရာ၊ ပုဒ်၊ ၀ါကျ တို့ရဲ့အဆုံးမှာရှိတဲ့ မြန်မာ သရတွေကိုခေါ်ပါတယ်။ ဒီတော့ ဒီကာရန်တွေကို
(1) ၀ဏ္ဏ ကာရန် - အက္ခရာအဆုံးမှာရှိတဲ့ ကာရန်
(2) ပဒ - ပုဒ်ရဲ့အဆုံးမှာရှိတဲ့ကာရန်
(3) ၀ါကျ - စာကြောင်းအဆုံးမှာရှိတဲ့ကာရန်
ဆိုပြီး ခွဲခြားထားပါတယ်။ ဒါကတော့ သိသာစေဖို့သာ ဖေါ်ပြခြင်းဖြစ်ပါတယ်။ ကဗျာရေးရာမှာ အဲဒီလို အသေးစိတ် ခွဲခြားကြည့်ဖို့ အမြဲမလိုအပ်ပါဘူး။ သိထားရင်တော့ကောင်းပါတယ်။ ကဗျာအတွက် တခြားအရေးကြီးတဲ့ အသံရှိန် (မတြာ)၊ ဌာန် (ဌာန)၊ ကရိုဏ်း (ကရဏ)၊ ပယတ် (ပယတန) ဆိုတာတွေ ရှိပါသေးတယ်။ အခုအထိ စကားပြောရင် ဌာန်ကရိုဏ်းကျကျ ပြောတတ်တယ် ဆိုပြီး ချီးမွမ်း နေတာတွေ ကြားဖူးကြမှာပါ။ ဒါပေမယ့် အဲဒါတွေ အကုန် အသေးစိတ်လျှောက်ရေးနေရင် လိုရင်းဖြစ်တဲ့ မြန်မာကဗျာပုံစံတွေနဲ့ ကာရန်တွေအကြောင်း ရောက်တော့မှာမဟုတ်လို့ အလျဉ်းသင့်မယ်ဆိုရင် နောက်မှ ဒါတွေနဲ့ ပတ်သက်ပြီး သီးသန့် ဆောင်းပါးတစ်ပိုဒ် ထပ်ရေးပါ့မယ်။ ('မတြာ' ဆိုတာ အသံရှိန်ကို တိုင်းတာတဲ့ မြန်မာယူနစ် (Dimensional Unit) ဖြစ်ပါတယ်။ မျက်စိတမှိတ်၊ လျှပ်တပြက်၊ နွားနို့တညှစ်စာကာလကို တစ်မတြာ ကြာတယ်လို့ တိုင်းတာပါတယ်။) အဲဒီတော့ ကာရန်ကိုပြန်ကောက်ရရင် မြန်မာသရ (မြန်မာကာရန်) တွေဟာ အကျဉ်းအားဖြင့် ၁၆ ပါး၊ အကျယ်အားဖြင့် ၆၄ ပါး ရှိပါတယ်။ အကျဉ်း (၁၆) ပါးဖြစ်တဲ့ မူလကာရန်တွေကတော့
(1) အ - ကာရန်
(2) ဣ (အိ) - ကာရန်
(3) ဥ (အု) - ကာရန်
(4) ဧး (အေ့) - ကာရန်
(5) အဲ (အယ်) - ကာရန်
(6) အော (သြ) - ကာရန်
(7) အက် - ကာရန်
(8) အင် - ကာရန်
(9) အစ် - ကာရန်
(10) အည် - ကာရန်
(11) အဉ် - ကာရန်
(12) အတ် - ကာရန်
(13) အန် - ကာရန်
(14) အပ် - ကာရန်
(15) အမ် - ကာရန်
(16) အို (အိုဝ်) - ကာရန် တို့ ဖြစ်ပါတယ်။
အဲဒီ မူလကာရန် (၁၆) ပါးကမှ ထပ်ပြီး ပွားလိုက်တဲ့အခါ ကာရန်ငယ် အကျယ် (၆၄)ပါး ဖြစ်လာ ပါတယ်။
(1) အ - ကာရန် - အ၊ အာ၊ အား ..... ၃ လုံး
(2) ဣ - ကာရန် - အိ၊ အီ၊ အီး ....... ၃ လုံး
(3) ဥ - ကာရန် - ဥ၊ ဥူ၊ ဥူး (အု၊ အူ၊ အူး) ........ ၃ လုံး
(4) ဧး - ကာရန် - အေ၊ အေ့၊ အေး ........ ၃ လုံး
(5) အဲ - ကာရန် - အဲ၊ အဲ့၊ အဲး ....... ၃ လုံး
(6) အော - ကာရန် - အော်၊ အော့၊ အော ........ ၃ လုံး
(7) အက် - ကာရန် - အက်၊ အောက်၊ အိုက် ...... ၃ လုံး
(8) အင် - ကာရန် - အင်၊ အင့်၊ အင်း၊ အောင်၊ အောင့်၊ အောင်း၊ အိုင်၊ အိုင့်၊ အိုင်း .......... ၉ လုံး
(9) အစ် - ကာရန် - အစ် ....... ၁ လုံး
(10) အည် - ကာရန် - အည်၊ အည့်၊ အည်း ....... ၃ လုံး
(11) အဉ် - ကာရန် - အဉ်၊ အဥ့်၊ အဉ်း ....... ၃ လုံး
(12) အတ် - ကာရန် - အတ်၊ အိတ်၊ အုတ် ....... ၃ လုံး
(13) အန် - ကာရန် - အန်၊ အန့်၊ အန်း၊ အိန်၊ အိန့်၊ အိန်း၊ အုန်၊ အုန့်၊ အုန်း ....... ၉ လုံး
(14) အပ် - ကာရန် - အပ်၊ အိပ်၊ အုပ် ....... ၃ လုံး
(15) အမ် - ကာရန် - အမ်၊ အမ့်၊ အမ်း၊ အိမ်၊ အိမ့်၊ အိမ်း၊ အုမ်၊ အုမ့်၊ အုမ်း ....... ၉ လုံး
(16) အို - ကာရန် - အို၊ အို့၊ အိုး (အိုဝ်၊ အို့ဝ်၊ အိုဝ်း) ....... ၃ လုံး
ဒီ ကာရန်တွေထဲမှာ သေးသေးတင်သံ (-ံ) မပါဘဲဖြစ်နေပါတယ်။ ကဗျာဖွဲ့နည်းနိသျည်း စာအုပ်ထဲမှာတော့ ဒီ ကာရန် (၆၄) ပါးကိုဘဲ ပြထားပေမယ့် ကဗျာ့စွယ်စုံကျမ်း ထဲမှာတော့သီးခြားဖေါ်ပြထားတာ မတွေ့ပါဘူး။ အဲဒီအစား မြန်မာသရ အကျယ် (၆၈)လုံးကိုသာ ဖေါ်ပြထားပါတယ်။ ဒါပေမယ့် သေးသေးတင် (နိဂ္ဂဟိတ်) ကို မသတ် (မ်) နဲ့ အတူတူယူရမယ်လို့တော့ အသတ် အခန်းမှာ သီးခြားဖေါ်ပြထားတာတွေ့ရတဲ့အတွက် အံ၊ အံ့ ကာရန်ဟာ အမ်၊ အမ့် ကာရန်နဲ့ အတူတူဘဲ လို့ မှတ်ရပါမယ်။
အသံ အကြောင်းကိုလည်း နားလည်ရပါလိမ့်မယ်။ အပေါ်က ကာရန် ၆၄ပါးကို တက်သံ၊ သက်သံ၊ မြင့်သံ၊ တိုင်သံ ဆိုပြီး အသံလေးမျိုး ခွဲထားပါတယ်။ ဒီအသံတွေကိုမှ ဂရုသံ (လေးလေးလံလံ နှေးကန်ပြင်းတွဲ အရှည်ဆွဲ ရွတ်ဖတ်ရတဲ့ အသံ) နဲ့ လဟုသံ (ပေါ့ပေါ့မြန်မြန် မနှေးကန်ဘဲ သံမှန်ဖြင့်ဆိုရသော အသံ) ဆိုပြီး ပြန်ခွဲထားပါတယ်။ အဲဒီတော့ အသံလေးမျိုးကို အရင်စကြည့်ရအောင်။
(1) တက်သံ (၁၈) ပါး
(2) သက်သံ (၁၈) ပါး
(3) နိမ့်သံ (၁၈) ပါး
(4) တိုင်သံ (၁၀) ပါး ... ဆိုပြီး စုစုပေါင်း (၆၄) ပါး ပြန်ခွဲထားပါတယ်။
တက်သံ (၁၈) ပါး
အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေကို တက်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ ဆွဲဆွဲငင်ငင်၊ ရှည်ရှည်လျားလျား၊ မြည်မြည်ဟိန်းဟိန်း၊ ပြင်းပြင်းပြပြ ရွတ်ရပါတယ်။
အာ၊ ဤ (အီ)၊ အူ၊ အေ (ဧ)၊ အော် (သြော်)၊ အင် ........ (၆) လုံး
အဉ်၊ အည်၊ အန်၊ အမ်၊ အိန်၊ အိမ် ........ (၆) လုံး
အုန်၊ အုမ်၊ အယ်၊ အောင်၊ အိုင်၊ အိုဝ်(အို) ........ (၆) လုံး
တက်သံတွေကို ညာသံကြီး၊ မူလသံ၊ ပကတိသံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာခွဲ ကနေ သုံးမတြာ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
သက်သံ (၁၈) ပါး
အောက်မြစ်ပါတဲ့အသံတွေနဲ့ အောက်မြစ်မပါပေမယ့် ပါသလိုဘဲ ဆိုရတဲ့အသံတွေကို သက်သံလို့ ခေါ်ပါတယ်။ ဒီအသံတွေဟာ အားမထုတ်ရဘဲ ရွရွကလေး၊ သာသာဖြည်းဖြည်းလေး ရွတ်ရပါတယ်။
အ (အာ့)၊ ဣ (အိ)၊ အု (ဥ)၊ အေ့ (ဧ့)၊ အော့ (သြော့)၊ အင့် ........ (၆) လုံး
အဥ့်၊ အည့်၊ အန့်၊ အမ့်၊ အိန့်၊ အိမ့် ........ (၆) လုံး
အုန့်၊ အုမ့်၊ အယ့် (အဲ့)၊ အောင့်၊ အိုင့်၊ အိုဝ့်(အို့) ........ (၆) လုံး
သက်သံတွေကို ဘယ်သံ၊ ချသံ၊ အောက်သံ၊ သံမ၊ အောက်မြစ်သံ လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ အထိ ရွတ်ဆိုနိုင်ပါတယ်။
နိမ့်သံ (၁၈) ပါး
တက်သံတွေကို ၀စ္စပေါက် ထည့်လိုက်တဲ့အသံတွေကို နိမ့်သံလို့ခေါ်ပါတယ်။ ဒီအသံတွေဟာ အသံရှည်ရှည်ကိုလည်းမစွန့်လွှတ်ဘဲ ပြတ်ပြတ်နဲ့ တင်းတင်းမာမာ ရွတ်ရပါတယ်။
အား၊ အီး၊ အူး၊ အေး (ဧး)၊ အော (သြး)၊ အင်း ........ (၆) လုံး
အဉ်း၊ အည်း၊ အန်း၊ အမ်း၊ အိန်း၊ အိမ်း ........ (၆) လုံး
အုန်း၊ အုမ်း၊ အယ်း (အဲ)၊ အောင်း၊ အိုင်း၊ အိုဝ်း(အိုး) ........ (၆) လုံး
နိမ့်သံတွေကို ညာသံငယ်၊ သံဖို၊ ၀သဇ္ဇနီသံ လို့လဲခေါ်ပါတယ်။ ၀သဇ္ဇနီ ဆိုတာ ၀စ္စပေါက် ကိုပါဠိလိုခေါ်တာပါ။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) နှစ်မတြာ ကနေ နှစ်မတြာခွဲ ကျော်အထိ ရွတ်ဆိုနိုင်ပါတယ်။
တိုင်သံ (၁၀) ပါး
နှိမ့်လို့ မြှင့်လို့မရတဲ့ သံရပ်၊ သံဖြတ်တွေ၊ တက်သံနဲ့နိမ့်သံ ၂ခုကြားကအသံတွေကို တိုင်သံ လို့ခေါ် ပါတယ်။
အက်၊ အစ်၊ အတ်၊ အပ်၊ အိတ် ........ (၅) လုံး
အိပ်၊ အုတ်၊ အုပ်၊ အောက်၊ အိုက် ........ (၅) လုံး
တိုင်သံတွေဟာ ကသတ်၊ စသတ်၊ တသတ် နဲ့ ပသတ် ဆိုတဲ့ အသတ်လေးမျိုးပါတဲ့ အသံတွေဖြစ်ပါတယ်။ အလွယ်တကူ မှတ်ချင်ရင် 'ကွမ်းစားတတ်ပြီ' လို့ အသတ်လေးခုကို မှတ်ထားနိုင်ပါတယ်။ က စ တ ပ ဆိုတဲ့ အပေါ်မှာ အသတ်တင်လိုက် ရင် တိုင်သံဖြစ်သွားပါတယ်။ တိုင်သံတွေကို သံမှန်၊ သံလတ် လို့လဲခေါ်ပါတယ်။ အသံရှိန်အနေနဲ့ (ရွတ်ဆိုတဲ့သူ အပေါ်မူတည်ပြီး) တစ်မတြာခွဲ လောက်အထိ ရွတ်ဆိုနိုင်ပါတယ်။
[ပြင်ဆင်ရန်​]
ဂရု၊ လဟု
ဒီအသံလေးပါးကို ဂရု၊ လဟုပြန်ခွဲရင် .... တက်သံ (၁၈) ပါး (အောက်မြစ် နဲ့ ၀စ္စပေါက် မပါတဲ့အသံတွေ နဲ့ ကသတ်၊ စသတ်၊ တသတ်၊ ပသတ် ဆိုတဲ့ အသတ်လေးပါး မပါတဲ့အသံတွေ) ဟာ ဂရုအသံ (ဂရုကာရန်)ဖြစ်ပြီး ကျန်တဲ့ အသံသုံးပါး (သက်သံ၊ နိမ့်သံနဲ့ တိုင်သံ ပေါင်း ၄၆ပါး) ကတော့ လဟုအသံ (လဟုကာရန်) တွေ ဖြစ်ကြပါတယ်။ ဒါဆိုရင်တော့ အသံလေးပါးနဲ့ ဂရု၊ လဟု ဆိုတာကို သဘောပေါက်လောက်ပြီထင်ပါတယ်။



ကျနော်ဒီကဗျာရေးနည်းတွေကိုဆိုဒ်တစ်ခုမှကူးယူထားတာပါ
အခုအဲဆိုဒ်လေးကရှာမတွေ့ တော့ပါဘူးးးး

ကဗျာရေးသူတက်အောင်မြင်ပါစေ..............ခေတ်သစ်မင်းနန္ဒာ 

ကဗျာအခြေခံအချက်များ

အခြေခံအချက်များ
မြန်မာကဗျာရေးဖို့အတွက် လိုအပ်တဲ့ အခြေခံအချက်တွေကို စကြည့်ကြပါမယ်။ ကဗျာရေးတဲ့အခါ အခြေခံအချက်တွေက
(1) အသတ်၊ အလပ်
(2) ကာရန်၊ အသံ
(3) အစပ်၊ အဟပ်
(4) ကြိယာ ဆို၍ ရှိပါသည်။
[ပြင်ဆင်ရန်​]
(၁)အသတ်၊ အလပ်
အသတ် ဆိုတာ ကတော့ အက္ခရာပေါ်မှာ တံခွန်ထူထားတဲ့ -် ကိုပြောတာပါ။ အလပ် ဆိုတာကတော့ အဲဒီ အသတ်တံခွန်မပါဘဲ လစ်လပ်နေတာကို ပြောတာပါ။ အခြေခံမြန်မာသင်ပုန်းကြီးအရ အသတ် ၁၀ ပါး ရှိပါတယ်။ အဲဒါတွေကတော့
က သတ် (က်)၊ င သတ် (င်)၊ စ သတ် (စ်)၊ ည သတ် (ည်)၊ တ သတ် (တ်)၊ န သတ် (န်)၊ ပ သတ် (ပ်)၊ မ သတ် (မ်)၊ ယ သတ် (ယ်)၊ ၀ သတ် (၀်) - တို့ဖြစ်ပါတယ်။
ဒီ အသတ် ၁၀ မျိုးကို မူလအသတ် (သို့မဟုတ်) မုချအသတ် လို့ခေါ်ပါတယ်။ ဒီကနေဆက်ပြီး ပွားလာ တဲ့ အသတ်တွေကိုတော့ သာမတိယအသတ် (ပါဠိပျက်)အသတ်တွေ လို့ခေါ်ပါတယ်။ က သတ် = ခ်၊ ဂ်၊ ဃ် (မုခ်၊ ၀ဂ် စသည်ဖြင့်)
စ သတ် = ဆ်၊ ဇ်၊ စ်ျ၊
ည သတ် = သဝေထိုးသံ၊ နောက်ပစ်သံ (ရှည် = ရှေ)
တ သတ် = ဋ၊ ဌ၊ ဍ၊ ဎ၊ ထ၊ ဒ၊ ဓ၊ သ
န သတ် = ဏ၊ ရ၊ လ၊ ဟ၊ ဠ
ပ သတ် = ဖ၊ ဗ၊ ဘ
ကသတ် နဲ့ စာလုံးတွေကို ခ်၊ ဂ်၊ ဃ် စာလုံးတွေနဲ့ ကာရန်တူယူလို့ရတယ်လို့ ဆိုလို တာပါ။ ဥပမာ - ဘုရားဖူးထွက်၊ မဂ်ဖိုလ်ရည်မျှော် ဆိုတာမျိုးမှာ ထွက် နဲ့ မဂ် ကာရန်တူပါတယ်။

သဖြန်

“သဖြန်”
ဒွေးချိုး..တြိချိုး..နဲ့လေးချိုးတို့ကိုတစ်ခါတစ်ရံ“သဖြန်”လို့အမည်တပ်ပြီးခေါ်တာကိုလဲတွေ့ဖူးပါလိမ့်
မယ်...အဲလိုခေါ်ရတာဟာ..သီဆိုတီးမှုတ်မှု့ဆိုင်ရာဂီတသဘောကိုလိုက်ပြီးခေါ်လို့ပါ...ပတ်ပျိုး
ယိုးဒယားတွေကိုသီဆိုတီးမှုတ်ပြီးတဲ့အခါ...အသံကိုဖြန်ဖြေတဲ့အနေနဲ့...ဒွေးချိုးကိုဖြစ်ဖြစ်..
တြိချိုးကိုဖြစ်ဖြစ်...လေးချိုးကိုဖြစ်ဖြစ်...သီဆိုပြီးအဆုံးသတ်လေ့ရှိပါတယ်...အဲအခါမျိုးမှာ...
ဒွေးချိုးသဖြန်...တြိချိုးသဖြန်...လေးချိုးသဖြန်လို့ခေါ်ကြပါတယ်

လေးချိုးစပ်နည်း

လေးချိုး
တက်သံခေါ်ပကတိအသံနဲ့ချရတဲ့အချိုးနှစ်ခုနဲ့အောက်မြစ်သံ..ဝိသဇ္ဇနီသံတို့နဲ့ချရတဲ့အချိုးနှစ်ခုပေါင်း
စုစုပေါင်းအချိုးလေးခုပါဝင်တဲ့ကဗျာကိုလေးချိုးလို့ခေါ်ပါတယ်...ဒွေးချိုးနဲ့တြိချိုးစပ်နည်းကိုသိရင်လေး
ချိုးကလဲမခက်ပါဘူး...အခြေခံဒွေးချိုးပေါ်မှာတက်သံခေါ်ပကတိအသံနဲ့ချရတဲ့အချိုးနှစ်ခုဆင့်လိုက်ရင်
လေးချိုးဖြစ်ပါတယ်...လေးချိုးမှာတတိယအချိုးက“ခွါထောက်ကာရန်”ပါလေ့ရှိကြပါတယ်...
ဥပမာ...
(ပ)ချိုး............ပန်ပါတဲ့ပန်ပါ
(ဒု)ချိုး.............ရွှေမင်းဝံတောင်ပေါ်ရိုးက
......................ပန်းချိုးလို့လာ
(တ)ချိုး...........အပွင့်ရယ်ဝါ
......................အညှာမှာရွှေရည်လူး
(လေး)ချိုး..........ပန်ဝံ့ပါဘူး.....
အထက်ပါလေးချိုးက..အချိုးကာရန်များကိုဒီလိုသိသင့်ပါတယ်....ပထမအချိုးကာရန်က“ပါ”
ဒုတိယအချိုးကာရန်က“လာ”...(ပ)အချိုးနဲ့(ဒု)အချိုးကာရန်တွေအမြဲညီရတာကိုသတိထားပါ
တတိယအချိုးကာရန်က..“လူး”........စတုတ္ထအချိုးကာရန်က“ဖူး”..တတိယနဲ့စတုတ္ထအချိုးကာ
ရန်တွေအမြဲတန်းညီရတာကိုလဲသတိပြုပါ...တတိယအချိုးက...“အပွင့်ရယ်ဝါ”မှ....“ဝါ”ရယ်
“အညှာမှာရွှေရည်လူး”မှ..“ညှာ”တို့လဲကာရန်ညီကြပါတယ်....အထက်က...(ပ-ဒု)အချိုးကာရန်တွေနဲ့
လည်းညီကြပါတယ်...အဲဒီကာရန်ကို“ခွါထောက်ကာရန်”လို့ခေါ်ကြပါတယ်....
(ဒု)အချိုးမှာ“ရိုး”....နဲ့...“ချိုး”....။(တ)အချိုးမှာ“ဝါ”...နဲ့...“ညှာ”တို့ကတော့ပိုဒ်တွင်းကာရန်များဖြစ်ပါ
တယ်....ဒွေးချိုး..တြိချိုး..နဲ့လေးချိုးကဗျာတို့ဟာ..အသံနေအသံထားအရမ်းအရေးကြီးပါတယ်...
စာလုံးရေတူပေမယ့်အသံအနိမ့်အမြင့်အတက်အကျပြေပြစ်အောင်ဖွဲ့တတ်ရပါတယ်...အသံထွက်ပြီး
ရွတ်ရပါတယ်...ဆရာနဲ့တကွ..တစ်ခြားသူတွေရွတ်ဆိုတာကိုလဲနားထဲစွဲနေအောင်နားထောင်ရပါတယ်
နားအလေ့အကျင့်အရမ်းအရေးကြီးတဲ့တေးကဗျာမျိုးပါ...စာဆိုတို့က...လေးချိုးကဗျာကိုစာကြောင်းရေ
လေးကြောင့်မှ...စာကြောင်းရေမြောက်များစွာထိရေးဖွဲ့လေ့ရှိကြပါတယ်..စိတ်ကူးဥာဏ်ကြွယ်ရင်ကြွယ်
သလိုရေးဖွဲ့တတ်ကြပါတယ်...
ရွှေဝကလာ
ပန်းမာလာ
အညှာမရှိ
ငုံတိတိ
ဆိုတာမျိုးကနေ...စာကြောင်းရေအမြောက်အများပါတဲ့မဟာလေးချိုးကြီးများအထိရေးဖွဲ့တတ်ကြပါ
တယ်...ဖိုးသူတော်ဦးမင်း....၊လူဦးမင်း...၊လယ်တီဆရာတော်ကြီး...၊သခင်ကိုယ်တော်မှိုင်း...၊လယ်တီ
ပဏ္ဍိတဦးမောင်ကြီး...စတဲ့ပုဂ္ဂိုလ်တွေကတော့မဟာလေးချိုးကြီးများကိုရေးဖွဲ့ခဲ့ကြတဲ့စာဆိုပညာရှင်
ကြီးများဖြစ်ကြပါတယ်...အဲပုဂ္ဂိုလ်တွေထဲက..ဆရာကြီးသခင်ကိုယ်တော်မှိုင်းကတော့မဟာလေးချိုးကြီး
များကိုအမြောက်အများရေးဖွဲ့ပြီးစာဆိုလောကမှာတံခွန်ထူခဲ့တဲ့ပုဂ္ဂိုလ်ကြီးဖြစ်ပါတယ်.....ဒီနေရာမှ
အလျင်းသင့်လို့...လေးချိုးကြီးတွေမှာပါဝင်တတ်တဲ့“နဘေထပ်ကာရန်”တွေအကြောင်းကိုလဲပြောပါအုံး
မယ်....ကာရန်တူ..အသံတူစကားလုံးများကိုထပ်ပြီးဖွဲ့ဆိုထားရင်“နဘေထပ်”လို့ခေါ်ပါတယ်...
ဥပမာတွေကတော့
(၁)ဆောင်းလက်မွန်
ဒေါင်းငှက်တွန်
(၂)လတန်ခူး
အလှထူး
(၃)မြစပယ်ငုံ
လလယ်ယုံ
ဆဆယ်ပုံ
(၄)ဟောဟိုကမြိုင်လယ်
စောပျိုလှခိုင်စပယ်
(၅)ကောင်းမျိုးအထွေထွေရယ်လို့ချွန်စေမြစေစော
ဒေါင်းအိုးဝေရယ်နဲ့တွန်စေကစေသောဝ်...
ဒီလောက်ဆိုရင်“နဘေထပ်”ကာရန်တွေအကြောင်းကိုနားလည်လောက်ပါပြီ...အဲလိုကာရန်ယူရာမှာ
တစ်လုံးချိတ်နှစ်လုံးချိတ်လောက်နဲ့မဟုတ်ပဲ...စကားအားလုံးလိုလိုနဘေထပ်ပြီးကာရန်ယူထားရင်
“မကျည်းရွက်သတ်နဘေထပ်ကာရန်”လိုခေါ်တတ်ကြပါသေးတယ်.

တြိချိုးစပ်နည်း

တြိချိုး
တြိဆိုတာကတော့သုံးလို့ဓိပ္ပါယ်ရတဲ့ပါဠိစကားဖြစ်ပါတယ်...အချိုးသုံးချိုးပါဝင်တဲ့ကဗျာအမျိုးအစားဖြစ်
လို့တြိချိုးလို့ခေါ်တာပါ...ဒွေးချိုးစပ်နည်းကိုသိရင်..တြိချိုးစပ်နည်းကလဲမခက်တော့ပါဘူး...ဒွေးဆိုတဲ့
အချိုးနှစ်ခုပေါ်မှာအထက်ကတစ်ချိုးထပ်ဆင့်လိုက်ယုံပါပဲ...ထပ်တိုးလိုက်တဲ့ပထမအချိုးမှာ...ချီသံခေါ်
တက်သံနဲ့သုံးရပါတယ်...ချီသံ(တက်သံ)ကလွဲပြီးတစ်ခြားဘာမှမသုံးရပါဘူး...ပထမအချိုးကာရန်အ
တိုင်း...ဒုတိယအချိုးမှာလဲပိုဒ်တွင်းကာရန်ယူရပါတယ်..အဲလိုပထမအချိုးကာရန်ရဲ့နောက်ကိုလိုက်ပြီး
ဒုတိယအချိုးအဆုံးသတ်ကာနီးမှာကာရန်တူယူရတာကို...“ခွါထောက်ကာရန်”လို့ခေါ်ကြပါတယ်...
“ခွါထောက်ကာရန်”မိအောင်အထူးဂရုစိုက်ရပါတယ်...ခွါထောက်ကာရန်လွဲရင်...ပထမအချိုးနဲ့ဒုတိယ
အချိုး.အချိတ်အဆက်မမိပဲတစ်သီးတစ်ခြားစီဖြစ်သွားတတ်ပါတယ်...များသောအားဖြင့်ခွါထောက်ကာ
ရန်မိဖို့သတိမရဘဲရှိတတ်ကြပါတယ်...
ဥပမာ...
ပထမအချိုး...........တပိုတွဲ
..........................ပေါက်လဲရယ်တဲ့ငုံစီစီ
.........................ဖူးတံကချီ
ဒုတိယအချိုး..........သည်ရာသီ
...........................ဗာဟီကပြောင်း
တတိယအချိုး..........ပျိုတို့မောင်ရွှေသျောင်တွဲ(ငယ်နဲ့)
.............................ခါမမှီယာယီခွဲ(လို့ရယ်)
............................လွဲပေါ့သည်ဆောင်း
ဒီတြိချိုးမှာ...“ဖူးတံကချီ”မှ...“ချီ”ဟာ...ပထမအချိုးကာရန်ဖြစ်ပါတယ်...
“ဗာဟီကပြောင်း”မှ...“ပြောင်း”ဟာ..ဒုတိယအချိုးရဲ့ကာရန်ဖြစ်ပါတယ်....
“လွဲပေါ့သည်ဆောင်း”မှ...“ဆောင်း”ကတော့တတိယအချိုးရဲ့ကာရန်ဖြစ်ပါတယ်...
ပထမအချိုးက“တွဲနဲ့လဲ”ရယ်“စီနဲ့ချီ”ရယ်ကိုကာရန်ညီကြရပါတယ်...
ဒုတိယအချိုးက...“သည်ရာသီ”မှ..“သီ”နဲ့....“ဗာဟီကပြောင်း”မှ...“ဟီ”တို့ကိုလဲကာရန်ညီရပါတယ်
အဲဒီကာရန်တွေဟာ...ပထမအချိုးနဲ့ဒုတိယအချိုးတွေကိုချိတ်ဆက်ပေးတဲ့“ခွါထောက်ကာရန်”တွေ
ဖြစ်ပါတယ်....တတိယအချိုးမှာ...“တွဲ..ခွဲနဲ့လွဲ”တို့ဟာပိုဒ်တွင်းကာရန်များဖြစ်ကြပါတယ်....
တြိချိုးကဗျာမှာဆင့်ထားတဲ့ပထမအချိုးကိုဖြုတ်လိုက်ရင်...ဒွေးချိုးပဲကျန်ပါလိမ့်မယ်...
လေ့လာရန်နမူနာများ
(၁)...မဲဇလီပင်ပျိုအောက်
ပေါက်လာတဲ့ရွှေတမာ
ခါးချက်က,နာ
ရေစီးရယ်တစ်ခါ
ရေသာရယ်တစ်လှည့်
သူများလိုဒို့မရိုင်းတယ်
တိုင်းသိပါရဲ့....
(၂)...ရွှေလမှာယုန်ဝပ်လို့
ဆန်ဖွပ်အဖိုးအို
ဟောကြည့်ပါဆို
ဆိုသာဆို
ပိုမိုသည့်စကား
ကလေးအငိုတိတ်အောင်
အရိပ်အယောင်ပြတယ်
ဖိုးလနတ်သား....
(၃)...ပျိုလေးတို့အိမ်စွန်း
ကျွန်းဆယ့်နှစ်ပင်
စောင့်ရှောက်စေချင်
ဆယ့်နှစ်ပင်
ရှင်အောင်ပါ့မွေး
မယ်နှင့်မောင်ကံဆိုင်တော့
ကျောင်းတိုင်းပါ့လေး...

ဒွေးချိုးစပ်နည်း

“ဒွေးချိုး”
ဒွေးချိုးဆိုတာကတော့အချိုးနှစ်ချိုးပါဝင်တဲ့ကဗျာမျိုးကို“ဒွေးချိုး”လို့ခေါ်ပါတယ်...ပထမအချိုးကိုအခံ
လို့လဲခေါ်တယ်..အချီလို့လဲခေါ်ပါတယ်...ဒုတိယအချိုးကိုတော့...အအုပ်လို့လဲခေါ်တယ်..အချလို့လဲ
ခေါ်ပါတယ်...နှစ်ဆစ်ချိုးလို့လဲခေါ်ကြပါတယ်...စပ်နည်းကတော့အချိုးနှစ်ချိုးရှိတဲ့ထဲက...အနည်းဆုံး
နှစ်ပိုဒ်ရေးပြီးအအုပ်ချိုးမှာလဲအနည်းဆုံးနှစ်ပိုဒ်ပဲအုပ်လေ့ရှိကြပါတယ်...
နှစ်ပိုဒ်ခံ...နှစ်ပိုဒ်အုပ်ဒွေးချိုး...
နှစ်ပိုဒ်ခံ...သုံးပိုဒ်အုပ်ဒွေးချိုး...
သုံးပိုဒ်ခံ...သုံးပိုဒ်အုပ်ဒွေးချိုး...
သုံးပိုဒ်ခံ...လေးပိုဒ်အုပ်ဒွေးချိုး...စသည်ဖြင့်စိတ်ကူးဥာဏ်ရှိသလောက်ကွန့်မြူးရေးသားနိုင်ပါတယ်...
ဒွေးချိုးကဗျာရဲ့ပိုဒ်ဆုံးကာရန်...(အချိုးသတ်ကာရန်)များဟာချသည်များဖြစ်ရပါတယ်...အထူးသဖြင့်
ဝိသဇ္ဇနီအသံများဖြစ်လေ့ရှိပါတယ်...မည်သည့်အခါမှ...ချီသံခေါ်တက်သံမဖြစ်စေရပါဘူး...ပြီးတော့
ပိုဒ်တွင်းကာရန်များလဲရှိရပါတယ်...
နှစ်ပိုဒ်ခံနှစ်ပိုဒ်အုပ်ဒွေးချိုး(ဥပမာ)
လူကလေးရယ်...ငို
ခို...ဖမ်းလို့ပေး
ခိုဖြူ..ခိုပြာ..နက်ကယ်
ဖမ်း...ခက်လှ..သေး
ဤဒွေးချိုး မှာ...အခံပိုဒ်အဆုံးကာရန်ဟာ... “ပေး”ဖြစ်၍အအုပ်ပိုဒ်ကာရန်ကတော့“သေး”ဖြစ်ပါတယ်...
အခံပိုဒ်မှာ“ငိုနှင့်“ခို”ဟာပိုဒ်တွင်းကာရန်များဖြစ်ပါတယ်...အအုပ်ပိုဒ်မှာ...“နက်”နှင့်“ခက်
ဟာပိုဒ်တွင်းကာရန်များဖြစ်ပါတယ်...
နှစ်ပိုဒ်ခံသုံးပိုဒ်အုပ်ဒွေးချိုး(နမူနာ)
ရွှေကျီးရယ်...သာ
ဧည့်...လာရော့သလား..
ခန်းဝကကြို
ခင်လေးရွှေရင်ဖိုခိုက်..
ကျီးညိုကနား..
သုံးပိုဒ်ခံသုံးပိုဒ်အုပ်ဒွေးချိုး
ဂျိုးနှစ်ကောင်
ထနောင်းပင်ညီနောင်က
လွမ်းအောင်ကူချွဲ
ပန်းတော်ဖြူ
ပင်မြက်နေဇာထူလ
ဖိုးတောင်သူတဲ....
သုံးပိုဒ်ခံလေးပိုဒ်အုပ်ဒွေးချိုး
ရွှေမန်းဆိုတောင်တော်ဦးက
ကျူးလာတဲ့မိုးသံငယ်
အုန်းညံခြိမ့်ကြွေး
တာတော်ခွင်
ရေဝင်အောင်ရွှေကတွတ်ကို
မင်းလွှတ်ခဲ့လေး
ဤကဗျာတွင်“ကျူးလာတဲ့မိုးသံငယ်”ဆိုတဲ့အပိုဒ်မှာရွတ်ဆိုလို့ပြေပြစ်အောင်“ငယ်”ဆိုတဲ့စကားကိုထည့်
ထားတာပါ..သူ့ကိုစာရင်သွင်းစရာမလိုပါဘူး..အလားတူပဲ...ကယ်..၊ပါဘု..၊တယ်..၊ကွယ်..၊မှာ..၊စတဲ့
စကားလုံးတွေကိုလဲသီဆိုလို့ချောမွေ့အောင်ထည့်သွင်းတတ်ကြပါတယ်...
ဥပမာများ...
(၁)မိုးချုပ်လို့နေရီ
တိမ်ညီကဝင်း
ကိုကြီးကျော်ပြန်မယ့်လမ်း
ပန်းရနဲ့သင်း...
(၂)အသားရယ်ဖြူ
လူပေမို့လား
အသားတော်ညိုပြာညက်ကယ်
နန်းတော်ထက်ဖွား
(၃)အောင်ပင်နှင့်နန္ဒာ
ကြာစုံကမွှေး
တစ်ကန်ကိုတစ်ကန်ဆက်ပါလို့
ကယက်တွေပင်လယ်နှိုင်းသင့်တယ်
လှိုင်းကြက်ခွတ်ဖွေး..
(၄)ပျိုလေးရက်တဲ့ရက်ကန်းစင်
ဘာဆင်လို့မေး
မေးပါနဲ့အေ
တို့တစ်တွေချွေတာခြင်းကြောင့်
တင်းတိမ်တဲ့လေး..
(၅)ဦးကော့လို့ပဲ့ထောင်
ကုန်လှောင်လို့လူစီး
ထိုးဝါးကိုကိုင်
ကြိုးဆွဲသူတယိုင်ယိုင်နဲ့
ရွက်တိုင်ကိုလေမသိမ်းတယ်
ပိန်းကောမကြီး....
(၆)ဆွေးမပျယ်
လေးပင်လယ်မေရုနှင့်
ပွေမှု့တနှုံး
သက်တစ်ရာ
မျက်နှာကိုမမြင်ရသော်လဲ
ပူပါ့မယ်ဘယ်တစ်နေ့မှ
အောက်မေ့မမုန်း


ကဗျာရေးနည်းများသည်ကျနော်ဆိုဒ်တစ်ခုမှကူးဟူဖော်ပြတာပါ
အဲဆိုဒ်ကတော့အခုရှာမရတော့ပါဘူး 

ရတုချပုံကြိယာ(၆၀)

ရတုချပုံကြိယာ(၆၀)
မြန်မာစာပေသမိုင်းမှာရတုအမျိုးမျိုးထွန်းကားခဲ့ပါတယ်...ရတုချီနည်းများကိုစာဆိုတို့စိတ်ကူးဥာဏ်အ
မျိုးမျိုးကွန်မြူးခဲ့ကြပါတယ်...ရတုချနည်းများမှာလဲအမျိုးမျိုးထွေပြားခဲ့ကြပါတယ်...“ရတုချဖွယ်အသွယ်
သွယ်..ခြောက်ဆယ်ကြိယာ”လို့စိန္တကျော်သူဦးသြက“ကဝိလက္ခဏာသတ်ပုံကျမ်း”မှာပြဆိုခဲ့ပါတယ်...။
လျှင်..၊လျင်..၊မူကား..၊ငယ်..၊သား..၊တမင့်..၊ချိတ်..၊ဖြင့်..၊တွင်..၊၏..၊ပိမ့်..၊လှည့်..၊မည်..၊အံ့..၊လော..၊တုံ
ပံ့..၊သော်..၊ခံ..၊ဘူး..၊သော..၊မူလော..၊ရထား..၊မူ..၊အား..၊မှ..၊က..၊လိမ့်စွ..၊တံ့..၊လည်း..၊တိ..၊
တည်း..၊ချည်း..၊ဟူ..၊ခဲ့..၊နည်း..၊နှိုက်..၊လျှက်..၊ကြောင့်..၊တက်..၊မို့..၊လည်..၊ခံ့..၊သည်..၊စိမ့်..၊နှင့်..၊
တုံ့..၊လင့်..၊တည့်..၊တော..၊ကား..၊လော့..၊၍..၊သို့..၊မျှ..၊တို့..၊ငှါ..၊ရှင့်..၊တမို့..၊နှင့်(တို့)....စသည်
ဖြင့်အထက်ပါကြိယာ(၆၀)ဟာအသုံးပြုလေ့ရှိတဲ့ကြယာများဖြစ်ပါတယ်...ဒါပေမယ့်..အချို့ခေတ်သစ်
စာဆိုတို့ကရတုငယ်များရေးဖွဲ့ကြပါသေးတယ်..ကြိယာအချတွေကိုလဲ...တစ်မျိုးတစ်ဖုံတီထွင်ဆန်းသစ်
ပြီးရေးဖွဲ့တတ်ကြပါတယ်...ကဗျာစာဆိုဟာ...တီထွင်သူ၊စိတ်ကူးဥာဏ်ထက်မြက်သူဖြစ်လျှင်...ရေးရိုး
ရေးစဉ်..သမရိုးကျကိုကျွမ်းကျင်နိုင်နင်းရင်...အသစ်တီထွင်ဖန်တီးနိုင်ကြောင်းသတိပြုသင့်ပါတယ်....

ရတုကဗျာစပ်နည်း

ရတုစပ်နည်း”
ရတုဆိုတာသဘင်အခမ်းအနားအခြေအနေလို့အဓိပ္ပါယ်ရတဲ့မြန်မာစကားဖြစ်ပါတယ်...တစ်ချို့က
သက္ကဋဘာသာရိတုမှဆင်းသက်ပြီးရတုဖြစ်လာတယ်လို့မိန့်ဆိုကြပါတယ်...ရိတုဆိုသောသက္ကဋစကား
ဟာအခါရာသီလို့အဓိပ္ပါယ်ရပါတယ်...။ရတုစပ်နည်းကလဲလင်္ကာစပ်နည်းလိုပါပဲ...(၄.၃.၂)၊(၄.၃.၁.)၊
(၄.၁)နည်းတို့နဲ့ကာရန်ယူရပါတယ်...။ဒါပေမယ့်...အပိုဒ်အရေအတွက်ကိုလိုက်ပြီး..ရတုအမျိုးအစား
(၃)မျိုးကွဲသွားပါတယ်...။ဧကပိုဒ်ရတု...ပိုဒ်စုံရတုနဲ့အဖြည့်ခံရတုတို့ဖြစ်ပါတယ်...။ဧကပိုဒ်ရတုဆိုတာ
ကတော့တစ်ပိုဒ်ထဲသာရေးစပ်ထားတဲ့ရတုကိုခေါ်ပါတယ်...။စပ်နည်းကတော့လင်္ကာစပ်နည်းအတိုင်း
ဖြစ်ပြီးရတုချရာမှာ“ခိုင်ညွှတ်ခက်ဖြာချနည်း”လို့ခေါ်တဲ့(၇)လုံးချနည်းကိုအသုံးများပါတယ်....။
ကုန်းဘောင်ခေတ်ဦး..စာဆိုလက်ဝဲသုန္ဒရအမတ်ကြီးရဲ့“အဆိုင်ဆိုင်လျှင်”အစချီထားတဲ့မဲဇာသစ်တော
ဖွဲ့ဧကပိုဒ်ရတုကိုလေ့လာကြည့်ပါ...အပိုဒ်တစ်ပိုဒ်ထဲနဲ့မဲဇာသစ်တောရဲ့သဘောသရုပ်ကိုပေါ်လွင်
အောင်ခြုံငုံဖွဲ့ဆိုထားတာကိုတွေ့နိုင်ပါတယ်...။
အဆိုင်ဆိုင်လျှင်...၊တောမြိုင်လည်လှည့်...၊ကမ်းလုံးပြည့်မျှ...၊
ရှု့ကြည့်လေရာ...၊ကြောက်ဖွယ်သာတည့်...၊ပြာပြာလွလွ...၊
မှိုင်းပျပျမှောင်...၊တောနှင့်တောင်လည်း...၊တိမ်တောမိုးရှိ...၊
ထွေယှက်ငြိမျှ...၊လွမ်းမိစဖွယ်...၊ကောင်းကင်လယ်၌...၊
တောင်လယ်တောင်ထိပ်...၊မိုးညိုရိပ်နှင့်...၊တိမ်လိပ်ဆော်ညွှန်း...၊
စ၍ထွန်းသည်...၊နေဝန်းပေါ်လွင်ချင်ဘိသည်......။
ရတုကိုသုံးပိုဒ်လျှင်ပိုဒ်စုံရတုလို့ခေါ်ပါတယ်...
ထူးခြားတာက..အပိုဒ်တိုင်းမှာအချီကာရန်...အချကာရန်ချင်းညီရပါတယ်...။ဒီနေရာမှာလဲ...စာဆိုလက်
ဝဲသုန္ဒရအမတ်ကြီးရဲ့“မဲဇာတောင်ခြေ”အစချီထားတဲ့ပိုဒ်စုံရတုကိုပဲဥပမာပြပါ့မယ်...အမတ်ကြီးဟာ
မဲဇာသစ်တောရဲ့သဘောသရုပ်နဲ့မိမိရဲ့ဘဝခံစားချက်ကိုရတုသုံးပိုဒ်ထဲနဲ့ပေါ်လွင်အောင်ဖွဲ့ဆိုထားတာ
ကိုတွေ့နိုင်ပါတယ်...။ပထမအပိုဒ်မှာ...“မဲဇာတောင်ခြေ”အစချီပါတယ်...
ဒုတိယပိုဒ်မှာ...“သဲသာသောင်မြေ”အစချီပါတယ်...
တတိယပိုဒ်မှာ...“ပွဲခါညောင်ရေ”အစချီပါတယ်...ရတုကိုအဆုံးသတ်မှာအချကာရန်ချင်းတူညီရသည်
ကိုလည်းကြည့်ပါအုံး....
ပထမအပိုဒ်မှာ...“ရွှေပြည်ဋ္ဌာနဝေးသောကြောင့်”လို့ချထားပါတယ်...
ဒုတိယအပိုဒ်မှာ...“လေပြည်လာကအေးသောကြောင့်”လို့ချထားပါတယ်...
တတိယအပိုဒ်မှာ...“နေခြည်ဖြာမှနွေးသောကြောင့်”လို့ချထားပါတယ်....
အဖြည့်ခံရတုဆိုတာကတော့...စာဆိုတစ်ဦးက..အချီညီ၊အချညီတဲ့ရတုနှစ်ပိုဒ်ထဲကိုသာရေးစပ်ထားတဲ့
ရတုမျိုးဖြစ်ပါတယ်...နောက်နှောင်းပညာရှိတွေဖြည့်ချင်ရင်ဖြည့်ကြတော့လို့တတိယအပိုဒ်ကိုအဖြည့်ခံ
ရန်..ကွက်လပ်ချန်ခဲ့ခြင်းဖြစ်ပါတယ်...စာဆိုအချင်းချင်းဥာဏ်ကစားရတဲ့ရတု...စိန်ခေါ်တဲ့ရတုလို့ဆိုနိုင်
ပါတယ်....။
(၁)ညို့ညို့ပြာပြာ...ဆင်ပြင်လျာမူ...ပြစ်မှာမစက်...ဆယ်နှစ်သက်က...ချောညက်ညွှတ်သွယ်...
နတ်နှင့်ဆွယ်၍...ရွယ်လည်းရွယ်ပျို...ညိုလည်းညိုဝင်း...ဖြူရွင်းရောရု...နောက်သက်စုကို...
နှိုင်းရှု့ချေမူ...ဖွားပြာဖြူသည်...မတူ၏လို့...တူ၏လို့......
(၂)မို့မို့အာကာ...မိုးဒေဝါလျှင်...ဘယ်ညာတောင်မြောက်...လေပြည်လျှောက်၍...
ဖြိုးဖြောက်ရိုးရဲ...လျှပ်ပန်းကြဲလျှက်...မစဲညင်းညင်း...ကျူးတည့်လျှင်း၍...ပဝင်းလည်လို...
လွမ်းစိတ်ဆိုသို့...လေချိုပေါင်းညီ...ရုံးစုကြည်မှ...မယ့်ဆီပူပူ...သည်မိုးဖြူသည်....
ကလူ၏လို့...မြှူ၏လို့.....။
အထက်ပါရတုကို...စာဆိုတော်နဝဒေးက..နှစ်ပိုဒ်မျှသာရေးပြီးအဖြည့်ခံရတုအဖြစ်စီကုန်းဖွဲ့နွဲ့ခဲ့တာပါ
နဝဒေးကွက်လပ်ချန်ခဲ့တဲ့တတိယပိုဒ်ကို...ရှင်သူရဲကအောက်ပါအတိုင်း...ဖြည့်စွက်ပြီးစပ်ဆိုခဲ့ပါတယ်....
(၃)သို့သို့သာသာ...မယ့်နေရာသို့...အာကာမှိုင်းဝေ...နေ့တိုင်းစေက...သက်ဝေမြစံ...
သူ့ရဲ့ကြောင့်သာ...လွမ်းဗျာပါမူ...တိမ်းဖြာမကွက်...တိမ်မဲနက်မို့...တိမ်ခြေညွှန့်နှင့်...
ထပ်ပို့မစဲ...ရွာသွန်းကျဲက...ပုလဲပမာ...ဆင်းကလျာလျှင်...သစ္စာမြဲတူ...တလျှက်ရှု့သည်...
မဖြူ၏လို့...ဖြူ၏လို့.....။

လေးလုံးစပ်အလင်္ကာစပ်နည်း

“လေးလုံးစပ်လင်္ကာ..စပ်နည်း..”
ဒီလေးလုံးစပ်နည်းက...အများကြီးရှိပါတယ်..ကျယ်မှာစိုးလို့နည်းနည်းပဲပြောပြတော့မယ်...ကာရန်သုံ
ချက်စလုံးအသတ်လဲညီ..ကာရန်လဲညီပြီး(၄.၃.၂)နဲ့စပ်ထားရင်အဲဒီနည်းကို“သုံးချက်ညီ”နည်းလို့
ခေါ်ပါတယ်...
ဥပမာ...နုထွားထွတ်ထွတ်
ရေမှလွတ်သည့်
ခွေညွတ်ကြာတိမ်း
(၄.၁)နည်းနဲ့စပ်ရင်..“ဦးတိုက်”စပ်နည်းလို့ခေါ်ပါတယ်...
သင်္ကြန်နှစ်ဆန်း..
ပန်းကကံ့ကော်စသည်ဖြင့်ပေါ့...
(၄.၂)နဲ့ဖြစ်ဖြစ်(၃.၂)နဲ့ဖြစ်ဖြစ်ကာရန်တူစပ်ရင်“ဘီလူးရည်စပ်နည်း”လို့ခေါ်ကြတယ်...
(၁)သည်တွင်ရွှေမြို့၊သည်သို့စေတီ
(၂)ပေါ်နွေလလျှင်၊တောင်ကမြူချိမ့
လင်္ကာတစ်ပုဒ်ထဲကိုစပ်နည်းအမျိုးမျိုးရောပြီးလဲစပ်ဆိုနိုင်ပါတယ်...အကြောင်းအရာနဲ့လိုက်ဖက်အောင်
စပ်နည်းတစ်မျိုးထဲဖြစ်စေ...နှစ်မျိုး၊သုံးမျိုးကိုဖြစ်စေ..ရောနှောပြီးစပ်ဆိုနိုင်ပါတယ်...လင်္ကာရဲ့အဆုံး
သတ်ချပိုဒ်ကတော့(၄)လုံးနဲ့ချထားတာလဲရှိတယ်...။(၇)လုံးနဲ့ချထားတာလဲရှိပါတယ်...။(၇)လုံးနဲ့ချ
ထားရင်“ခိုင်ညွှတ်ခက်ဖြာချနည်း”လို့ခေါ်ကြတယ်.....
ဥပမာ....(၄)လုံးချနည်း...
သခင်မွန်ကို...၊ချန်ဘိစင်စစ်
အပြစ်မဲ့ရေး...၊ခွင့်လွှတ်ပေး၏.....။
(၇)လုံးချနည်း...(ခိုင်ညွှတ်ခက်ဖြာချနည်း)
ရွှေကြာနေဝယ်...၊လှမ်းသောနွယ်သို
ညှိုးငယ်တသမ်းသမ်းတကာ......။
ဥပမာလင်္ကာ...
“သစ်ရွက်ပမာ...ဒို့ခန္ဓာ”
ပုရစ်ဖူးခေါ်...၊အမည်တော်ဖြင့်
တင့်တယ်စွာလှ...၊သဘာဝ၏
ချယ်သ,ရေးပေး...၊ပန်းချီဆေးကြောင့်
လှသွေးကြွယ်ကြွယ်...၊သစ်ရွက်ငယ်သည်
ပင်ပျိုထက်ဝယ်...၊လွန်တင့်တယ်၏....။
လှပတင့်တယ်...၊သစ်ရွက်ငယ်ကို
မြင်လာပါရ...၊ထိုခဏ၌
ထာဝရတည်မြဲ...၊ဖြစ်မည်ပဲဟု
စိတ်ထဲဆန္ဒ...၊ဖြစ်ပြန်ရ၏....။
စိတ်၌ပြန်ကာ...၊စဉ်းစားပါသော်
မြိန်ရာသီပြောင်း...၊လ,တပေါင်းဝယ်
ညဆောင်းမှာကွယ်...၊အဝါချယ်လို့
ညှာမတွယ်လှုပ်...၊လေအသုတ်မှာ
ကြွေပြုတ်ကာကျ...၊မြေမှာခ,သို့
သဘာဝဖြစ်မြဲ...၊မှန်မလွဲတည်း
ထပ်လဲခါခါ...၊ဆင်ခြင်ပါသော်
ပမာဟန်လုပ်...၊နာမ်နှင့်ရုပ်တို
စိထုပ်စရာ...၊သစ်ရွက်ဝါသို့
မြေမှာလျောင်းစက်...၊ကြောင်းအချက်ကြောင့်
ဟောင်းပျက်လို့ပြို...၊ခန္ဓာကိုယ်လည်း
ခင်မက်ဖွယ်ရာ...၊ခင်သာခင်ရ
ပြင်ခဏမို့...၊ဆင်သရာရာ
အဖြာဖြာလည်း...၊ဘယ်မှာမမြဲ
ဖြစ်ရမြဲကို...၊မလွဲမှတ်ကာ
ဆင်ခြင်ရာသည်...ခန္ဓာရွက်ငယ်ပမာတည်း.....
“လယ်တီပဏ္ဍိတဦးမောင်ကြီးသံဝေဂလင်္ကာ
အသက်စည်းစိမ်...၊ခန္ဓာအိမ်ကား
တိမ်တခဲနက်...၊ကြည့်ရင်ပျက်သို့
မျက်စိအောက်တွင်...၊ပျောက်လွှင့်စင်၍
သင်္ခါရစက်...၊သူ့ပိုင်နက်၌
သွက်သွက်လည်ကာ...၊ပါရရှာသည်
ခန္ဓာအနိစ္စပါတကား.....။
ဘုံနန်းတိုက်အိမ်...၊သူ့စည်းစိမ်နှင့်
ဂုဏ်သိမ်မောက်ဖြိုး...၊ဘုန်းတန်ခိုးလည်း
မိုးသို့ချုန်းစေ...၊ပညာတွေလည်း
တောင်မြေတရှိ...၊စွမ်းသတ္တိလည်း
မိဂရာဇာ...၊သို့ဖြစ်ပါလည်း
သင်္ခါရမင်း...၊သူ့ခြေရင်း၌
ခွေစင်းမာန်ချိုး...၊ဦးညွှတ်လျှိုးသည်
ဘုန်းမျိုးမကယ်နိုင်ပါတကား....
ပုဂ္ဂိုလ်တွင်မည်...၊ခေါ်ကြသည်ကား
ခွေနည်းရင်းမြစ်...၊ရှာ၍စစ်သော်
ဖြစ်လျှင်ပျက်ငြား...ခန္ဓာငါးတည်
တရားထင်မှု့...၊မူရင်းရှု့က
နှစ်ခုဧကန်...ရုပ်နှင့်နာမ်တည်း
ဖောက်ပြန်တတ်လှ...၊သင်္ခါရမို့
နိစ္စခိုင်ကြည်...၊မြဲမတည်သည်
ပျက်မည်မုချပါတကား....။
“ဗုဒ္ဓလိုလား...ဤလူသား”
ဘဝဇာတ်ခုံ...ဤလူ့ဘုံဝယ်
အကောင်းအဆိုး...၊ကြောင်းကျိုးနှစ်ဖြာ
ရှိနေပါ၍......။
ကောင်းရာပြုက...၊ကောင်းကျိုးရ၏
ပြုကမကောင်း...၊ကျိုးမကောင်းရ
ထိုနှစ်ဝတွင်...၊သင်ဆင်ခြင်၍
ပြုပါကောင်းကျိုး...၊အမျိုးမျိုးကို
ရှာဖွေပြုလုပ်...၊သင်အားထုတ်သော
ဗုဒ္ဓလိုလား...၊ဤလူသားကား
သင်ကားဖြစ်မည်မလွဲတည်း...။
'“နေပူထဲကဆုတောင်း”'
သူ့အရိပ်မှာ.....ခိုဖူးပါလည်း
သေချာမတွေး.....ဒို့ကွာဝေးခဲ့
သူ့အသီးညှာ.....ဆွတ်ဖူးပါလည်း
သေချာမတွေး.....ဒို့ကွာဝေးခဲ့
သူ့အပွင့်လွှာ.....ဆင်ဖူးပါလည်း
သေချာမတွေး.....ဒို့ကွာဝေးခဲ့
တစ်ပွင့်တစ်လွှာ.....သူ့သီးညှာလျှင်
ဆွတ်ကာစားသုံး.....ပျော်မဆုံးပင်
သူ့ရင်ခွင်၌.....ကြည်ရွှင်ပျော်မြူး
နေခဲ့ဘူးလည်း.....ကျေးဇှူးကြီးမား
သူ့စွမ်းအားလျှင်.....ဟိုယခင်က
ဆင်ခြင်စဉ်းစား.....မှတ်မထားပဲ
ခံစားချက်မဲ့.....နေလာခဲ့လျှက်
ချင့်တွက်သိဘူး.....သူ့ကျေးဇူးကို
ရှိဘူးခဲ့သည်.....ဆပ်ရမည်ဟု
မည်သူကမှ.....မတွေးကြချေ
မေ့ခဲ့လေထင့်....................
သို့နှင့်သို့နှင့်.....ချိန်ခါလင့်၍
နိမ့်မြင့်ပြေကြမ်း.....ဘဝလမ်းဝယ်
လျှောက်လှမ်းလာဆဲ.....နေပူထဲ၌
ခက်ခဲပင်ပန်း.....ခရီးကြမ်းနှင့
စခန်းဘယ်မှာ.....လမ်းဘယ်မှာဟု
နေရာမသိ.....ကြုံတွေ့ဘိ၍
အပူထိမှ.....သတိရသည်
အသိလေဝင်.....မှတ်မထင်ခင်
ကျေးဇူးရှင်အား.....ပြန်စဉ်းစားခိုက်
ခံစားလိုက်မိ.....ထိုအသိက
သတိလဲနှောင်း.....ချိန်လဲနှောင်းပေါ့
ဆုတောင်းမှု့သာ.....ပြုနိုင်ရာ၏
သြော်...ဟိုယခင်က
ခိုဝင်နေနား.....ဒို့ပျော်ပါးသည့်
ကြီးမားဝေလွင်.....သည်အပင်ကား
ပင်စည်ရိုးပြိုင်း.....ခါးလျားကိုင်းလျှက်
ရွက်ပြိုင်းပြိုင်းကြွေ.....မုန်တိုင်းမွှေလို့
မြေဝယ်မခ...ပါနှင့်အုံး...

သံချပ်ကဗျာစပ်နည်း

သံချပ်...”
သံချပ်ဆိုတာကတော့....ယိမ်းချင်း..နတ်ချင်း...လှေလှော်သံ..အိုးစည်..ဒိုးပတ်တို့အကြားမှာ...ထည့
သွင်းချပ်ညှပ်ပြီးတိုင်ကာဖောက်ကာ..သီဆိုရတဲ့သီချင်းသံတို..အမျိုးအစားဖြစ်သောကြောင့်သံချပ်လို
ခေါ်ပါတယ်...စပ်နည်းကတော့...အတိုင်အဖောက်..တစ်စုံစီပါရပါမယ်...အတိုင်ပိုဒ်မှာ(၇)လုံးခံပြီး...
အဖောက်ပိုဒ်မှာကြတော့(၇)လုံးဖြစ်ဖြစ်(၈)လုံးဖြစ်ဖြစ်အုပ်ရပါမယ်...ကာရန်ယူပုံစနစ်ကတော့..(၇.၃)
ဒါမှမဟုတ်(၇.၄)ပါ...
ဥပမာ...(မိုးလားကွဲ့မောင်တို့မောင်တို့...လေလားကွဲ့မောင်တို့မောင်တို့)...သံချပ်အချီဖြစ်ပါတယ်...
အတိုင်=ဘုန်းတော်ကြီးလို့သက်တော်ရှည်++++++*(၇)
အဖောက်=တို့တစ်တွေရေချမ်းအိုးကြီး++*++++(၃)
အတိုင်=ဘုန်းတော်ထွန်းလို့လေးကျွန်းသာ++++++*(၇)
အဖောက်=ရွှေမြို့အောင်ချာနတ်ပြည်အလား+++*+++(၄)
အတိုင်-ဖန်ပြာခွက်နဲ့ကျောက်စက်ရေ++++++*(၇)
အဖောက်=အမောပြေအောင်တိုက်ပါမမ++*+++++(၃)
အတိုင်=ရွှေလက်ခုပ်ကြီးအုပ်ကာတီး++++++*(၇)
အဖောက်=ငှက်ပျောသီးမှည့်မှည့်စားရအောင်++*+++++(၃)
အတိုင်=အိုးစည်သံနှင့်ကျက်သရေ++++++*(၇)
အဖောက်=ကမ္ဘာသင်္ချေပြောလို့မဆုံး+++*++++(၄)
အတိုင်=တေဇာဝေဖြာကြေငြာကျော်++++++*(၇)
အဖောက်=မိုးပေါ်ဘိုးတော်မ,မယ့်ရပ်သား+*++++++(၂)
(ဟေးလာမောင်တို့ဝါး)သံချပ်အချဖြစ်ပါတယ်.

သံပေါက်ကဗျာစပ်နည်း

သံပေါက်စပ်နည်း...
သံပေါက်ဆိုတာ..အသံကိုပေါက်ရောက်ပေါ်လွင်အောင်ရွတ်ဆိုရတဲ့..လင်္ကာတို..အမျိုးအစားဖြစ်ပါတယ်
..မြန်မာကဗျာကိုစပြီးသင်တဲ့အခါ“ကဗျာအစ၊သံပေါက်က..”လို့ဆိုရိုးရှိတဲ့အတိုင်းသံပေါက်ကိုပဲအရင်သင်ပေးလေ့ရှိပါတယ်..။
သံပေါက်ဟာ..လေးလုံးစပ်လင်္ကာရဲ့...အခြေခံဖြစ်ပါတယ်...သံပေါက်စပ်နည်းကို..အလွယ်သိနိုင်အောင်..
“အစလေးလုံး..၊အလယ်သုံး..၊အဆုံးငါးခုနစ်..”လို့မှတ်သားကြပါတယ်...။
၎.၃.၂..စနစ်ဖြင့်သံပေါက်စပ်နည်း....
အစပိုဒ်မှာ..လေးလုံးရှိရပါမယ်...
အလယ်မှာတော့..သုံးလုံးရှိရမယ်..
နောက်ဆုံးအချမှာတော့...(၅)လုံးဖြစ်ဖြစ်(၇)ဖြစ်ဖြစ်ရှိရမယ်...ကာရန်ယူပုံကတော့(၄.၃.၂)စနစ်ပါ....
အစပိုဒ်လေးလုံးထဲက..နောက်ဆုံးအလုံးရယ်..အလယ်ပိုဒ်သုံးလုံးထဲက..နောက်ဆုံးအလုံးရယ်..
နောက်ဆုံးပိုဒ်(၅)လုံးဒါမှမဟုတ်(၇)လုံးထဲက..ဒုတိယနေရာက..စာလုံးတွေကိုကာရန်တူအောင်ဖွဲ့ရပါမယ်...
ဥပမာ...
အစလေးလုံး
အလယ်သုံး
အဆုံးငါးခုနစ်...ဆိုတဲ့သံပေါက်မှာ..(လုံးရယ်..၊သုံးရယ်..၊ဆုံးရယ်..)၄.၃.၂..ပါပဲ...
နောက်ဥပမာတွေကတော့.....
(၁)ဖွဲ့နွဲ့ရေစီ+++*
ကဗျာသီ++*
မေ့ဆီပေးလိုက်ရာ+*+++
(၂)သံချိုစပ်လား+++*
တေးထပ်လား++*
မေကားမသိပါ+*+++
(၃)ဖတ်ကြည့်ပြန်လျှင်+++*
သူ့စာယဉ်++*
မေ့တွင်မရှင်းပါ+*+++
(၄)ချစ်ပါကြောင်းလား+++*
မုန်းကြောင်းလား++*
မေကားမသိပါ+*+++
ဤဥပမာများကိုလေ့လာကြည့်ပါ...ခရေပွင့်(*)ဖြင့်ပြထားသောနေရာမှာကာရန်ဖြစ်ပါတယ်....။
(၄.၃.၁)စနစ်ဖြင့်သံပေါက်စပ်နည်း....
ဒီသံပေါက်စပ်နည်းကတော့(၄.၃.၁)စနစ်ကိုအသုံးပြုပါတယ်...
(၁)နှလုံးညစ်ညမ်း+++*
လူမိုက်သွမ်း++*
လမ်းကိုမသိနိုင်*++++
(၂)လူပျင်းလူပြိန်း+++*
စိတ်မထိန်း++*
ဘိန်းကိုစား၍မှိုင်*++++
စသည်ဖြင့်..ပထမအကြောင်းက..(၄)လုံးမြောက်နဲ့ဒုတိယအကြောင်းက(၃)လုံးမြောက်တတိယအကြောင်းက
ပထမဆုံးအလုံးတို့ကို..ကာရန်တူစပ်ထားပါတယ်...အဆုံးပိုဒ်အချမှာလဲ..
သံပေါက်စပ်နည်းကိုအခြေခံရရင်..(၅)လုံးနဲ့ဖြစ်ဖြစ်(၇)လုံးနဲ့ဖြစ်ဖြစ်သင့်တော်သလိုချနိုင်ပါတယ်..(၇)လုံးနဲ့ချရင်လဲ...
သမင်ချေငယ်+++*
စိုင်ဒရယ်++*
ဝေးနယ်ရှောင်ကြ၊များမြောင်စွ+*+=++=
လို့...နောက်ဆုံးအကြောင်းက(၄)လုံးမြောက်နဲ့..နောက်ဆုံး(၇)လုံးမြောက်ကနေရာတွေကိုကာရန်တူ
ရပါမယ်..ညီမျှခြင်းပြထားပါတယ်....ဒါ့အပြင်....
နွယ်ပန်းခွါညို
နှင်းစိုစို
ပြာသိုလ်ဆောင်းလရက်
အဲဒီလိုမျိုး..ပထမအပိုဒ်မှာ..(၅)လုံးထားပြီးစပ်ထားတာတွေလဲရှိပါတယ်...စိတ်ကူးဥာဏ်ရှိသလောက်စပ်ဆိုနိုင်ခွင့်ရှိပါတယ်...

ကဗာရေးနည်း....အပိုင်း(၂)

အပိုင်း-(၂ ) အသံများ
ကာရန်အကြောင်းပြီးတော့အသံတွေရဲ့အကြောင်းပေါ့....ကဗျာဖွဲ့ရာမှာ...(၁)ပကတိ..အသံ(၂)အောက်
်မြစ်အသံနဲ့.(၃).ဝိသဇ္ဇနီသံဆိုပြီးတော့(၃)မျိုးရှိပါတယ်...ပကတိအသံဆိုတာက..အောက်မြစ်နဲ့ဝိသဇ္ဇနီမပါတဲ့ကာရန်ပဲဖြစ်ပါတယ်...။
ပကတိအသံတွေက..အာ၊အီ၊အူ၊အေ၊အယ်..သူ့ကိုတက်သံလို့လဲခေါ်ကြတယ်...အောက်မြစ်သံဆိုတာ
ကတော့အောက်မြစ်ပါသောကာရန်စုနဲ့အောက်မြစ်မပါပေမယ့်အောက်မြစ်အသံရွတ်ဖတ်ရတဲ့...အ၊အိ၊အု၊ကာရန်ပဲဖြစ်ပါတယ်
သူ့ကိုသက်သံလို့လဲခေါ်ကြတယ်...ဝသဇ္ဇနီသံဆိုတာကတော့...ဝစ္စပေါက်ပါတဲ့အသံပဲဖြစ်ပါတယ်...သူ့ကိုနိမ့်သံလို့လဲခေါ်ကြတယ်...
ကသတ်စသတ်၊တသတ်၊ပသတ်တို့ကတော့အောက်မြစ်အသံလိုအသုံးပြုနိုင်တယ်...အဲဒီအသံတွေကိုတိုင်သံလို့လဲခေါ်ကြတယ်...
အဲဒီအသံသုံးမျိုးထဲက..ပကတိအသံခေါ်တက်သံကို..ချီသံလို့လဲခေါ်ကြတယ်...အောက်မြစ်သံခေါ်သက်သံ..ဝိသဇ္ဇနီလို့ခေါ်တဲ့နိမ့်
့်သံနဲ့တိုင်သံတွေကိုကဗျာလင်္ကာရဲ့..အချကာရန်တွေမှာသုံးကြလို့..ချသံလို့လဲခေါ်ကြပါတယ်...ကဗျာဖွဲ့ရာမှာ..ချီသံနဲ့ချသံကို...
တစ်လှည့်စီရေးဖွဲ့နိုင်ရင်..သုတိသာယာနာပျော်ဖွယ်ဖြစ်ပါတယ်...ကဗျာစာဆိုရဲ့ခံစားမှု့ပေါ်လိုက်ပြီး...
ချီသံချသံပြေပြစ်အောင်စီကုန်းကာရေးဖွဲ့နိုင်ပါတယ်.....ဥပမာအားဖြင့်အောက်ပါ..ကိုးခန်းပျို့လာစာပိုဒ်ကိုကြည့်ပါ...
ဇာတိပုည...ဂုဏ်မာနဖြင့်
သံပဟုန်းစုံ...ဖက်မယ့်ကျုံးသား။..
အားသုံးထောင်ထား..…မျိုးလေးပါး၏
တက်ပွါးစောင်မာန်....လွှားတံခွန်ကို
ပြင်းဝှန်မုန်တိုင်း...ခတ်ချိုးလှိုင်း၍
ဖြတ်ပိုင်းလှီးချ...တတ်စွမ်းလှသား....
ဤအပိုဒ်တွင်ပြေပြစ်သာယာသောတက်သံ..ကာရန်များကိုသိပ်မသုံးပဲ...ပြင်းထန်မာကျောသောအသံများ
ကိုသာသုံး၍ဖွဲ့ဆိုထားသည်ကိုတွေ့နိုင်ပါသည်......အလားတူကဗျာပါအသံများကိုစစ်ဆေးကြည့်ရှုနိုင်ပါသည်.....
[ပြင်ဆင်ရန်​]
အပိုင်း(၃)....အသတ်အမျိုးမျိုး
အသတ်ဆိုတာကတော့...အသရ..အသံသေအောင်သတ်ထားတဲ့တံခွန်လွှားချင်းပဲဖြစ်ပါတယ်...အသတ်က(၁ဝ)မျိုးရှိပါတယ်...။
အဲဒါတွေကတော့...ကသတ်၊ငသတ်၊စသတ်၊ညသတ်၊ဉသတ်၊တသတ်၊နသတ်၊ပသတ်၊မသတ်၊ယသတ်၊တို့ပါပဲ....
ဒါ့အပြင်...မြန်မာစာပေထဲမှာပါဠိဘာသာကနေဆင်းသက်လာတဲ့ပါဠိသက်အသတ်တွေလဲရှိပါတယ်...
သူ့ကိုသတ်ထူးလို့ခေါ်ကြတယ်...ပါဠိသက်အသတ်က(၂၆)မျိုးရှိပါတယ်...ကသတ်က..ကရဝိက်၊
ခသတ်က..မုခ်၊ဂသတ်က..မဂ်၊ငသတ်က..အာနိသင်၊စသတ်က..ဧကဝုစ်၊ဇသတ်က..ဧကရာဇ်၊ဉသတ်က..ဥယာဉ်၊
ဋသတ်က..ဝဋ်၊ဋ္ဌသတ်က..ပါဋ္ဌ်၊ဏသတ်က..ဉာဏ်၊တသတ်က..အတိတ်၊ထသတ်က...ဣရိယာပုထ်၊
ဒသတ်က..ပုဒ်၊ဓသတ်က...ဝဇီရာဝုဓ်၊နသတ်က..နိဗ္ဗာန်၊ပသတ်က..ဇမ္ဗူဒိပ်၊ဗသတ်က...ဒြဗ်၊ဘသတ်က..လာဘ်၊
မသတ်က..အာရာမ်၊ယသတ်က...အန္တရာယ်၊ရသတ်က....ဗြဟ္မစိုရ်၊လသတ်က..ပုဂ္ဂိုလ်၊ဝသတ်က..သဇ္ဇိုဝ်း(ငရဲ)၊သသတ်က..ဥပုသ်၊
ဟသတ်က..သဂြိုဟ်၊ဠသတ်က...သီဟိုဠ်၊စုစုပေါင်း(၂၆)မျိုးပါ...ကဗျာဖွဲ့ရာမှာအသတ်ချင်းတူနိုင်သမျှတူအောင်
အားထုတ်သင့်ပါတယ်...ရှေးပညာရှိတို့က..နသတ်ကိုနသတ်ချင်း...မသတ်ကိုမသတ်ချင်း..တူအောင်စပ်ဆိုတတ်ကြပါတယ်...
အခုအခါမှာ..အသတ်တူကာရန်တွေမရနိုင်တဲ့အခါ...အသတ်မတူကာရန်တွေလဲ...သုံးစွဲကြပါတယ်...
အဲလိုသုံးစွဲတဲ့အခါအသံကိုပဓာနပြုပြီးစပ်တဲ့နည်းလို့ပဲမှတ်လိုက်ပါ....အဲလိုအသတ်တူအသံတူမစပ်ပဲ..အသံကိုအဓိကထားပြီးစပ်ရင်..
ရှေးပညာရှိတို့နှစ်သက်ပုံမရဘူး...င၊ဥ၊န၊မ...တ၊ပ..နှစ်ရပ်၊သံတူစပ်သော်...ပညတ်ခေါ်ထုံး...စာတုံးမည်ရ...
လို့မာန်လည်ဆရာတော်က..မိန့်ဆိုဖူးပါတယ်...(သဘောတော့...အဲလိုစပ်ထားရင်စာတုံး(စာညံ့)ဆိုတဲ့သဘောပေါ့....)

ကဗျာရေနည်း.....အပိုင်း(၁)

ကဗျာ

မြကန်သာသည် မှတ်တမ်းရှိ ရှေးအကျဆုံး မြန်မာကဗျာ ဖြစ်သည်

ဘုရားရှိခိုးကျောင်းရှိ အုပ်ဂူတွင် ရေးထိုးထားသော အင်္ဂလိပ်ကဗျာ
ကဗျာ သည် ဘာသာစကား၏ အလှအပ များကို အသုံးပြုပြီး မှုရင်း အဓိပ္ပါယ်ထက် ပိုမိုသော ခံစားမှု စွမ်းရည်ပေးသော စာပေ အနုပညာ တစ်မျိုးဖြစ်သည်။ ကဗျာကို နည်းမျိုးစုံဖြင့် ရေးသားနိုင်ပြီး အခြား အနုပညာများနှင့်လည်း ပေါင်းစပ်နိုင်ကာ သာမန် ကဗျာများအပြင် သီချင်း၊ ညည်းခြင်း၊ စာချိုး စသည့် တို့လည်း ရှိကြသည်။ Contents [hide]
1 သမိုင်း
2 မြန်မာကဗျာ အဖွင့်
2.1 ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
2.2 အဖွဲ့
2.3 အပိုင်း-(၁)ကာရန်များ...
2.4 အပိုင်း-(၂ ) အသံများ
2.5 အပိုင်း(၃)....အသတ်အမျိုးမျိုး
2.6 သံပေါက်စပ်နည်း...
2.7 “သံချပ်...”
2.8 “လေးလုံးစပ်လင်္ကာ..စပ်နည်း..”
2.9 “ရတုစပ်နည်း”
2.10 ရတုချပုံကြိယာ(၆၀)
2.11 “ဒွေးချိုး”
2.12 တြိချိုး
2.13 လေးချိုး
2.14 “သဖြန်”
3 အခြေခံအချက်များ
3.1 (၁)အသတ်၊ အလပ်
3.2 (၂)ကာရန်၊ အသံ
3.3 ဂရု၊ လဟု
3.4 (၃)အစပ်၊ အဟပ်
3.5 နဘေစပ်နည်း (၈) ပါး
3.6 (၄)ကြိယာ
4 အမျိုးအစားများ
4.1 စကားပြော
4.2 သရုပ်ဖေါ်
4.3 မော်ဒန် ကဗျာ
4.4 ပို့စ်မော်ဒန် ကဗျာ
5 ကိုးကား
[ပြင်ဆင်ရန်​]
သမိုင်း
မြန်မာ့စာပေသမိုင်းတွင် ပထမဆုံးကဗျာကို ပုဂံခေတ်၌စတင်တွေ့ရှိခဲ့ရသည်။ သမိုင်းမှတ်တမ်းများအရ ရှေးအကျဆုံးကဗျာမှာ သေလည်ကြောင်မင်းလက်ထက်၌ ရေးစပ်သီကုံးခဲ့သော ရွှေနှင့်ယိုးမှားပန်းစံကား ကဗျာ ဖြစ်သည်။ မင်းမဟာဂီရိ နတ်မောင်နှမအကြောင်းကို ရေးစပ်သီကုံးထားသော ကဗျာ ဖြစ်သည်။
ဒုတိယမြောက် ရှေးအကျဆုံးကဗျာမှာ ကျန်စစ်သားမင်းလက်ထက်တွင် ရေးစပ်သီကုံးခဲ့သောမြကန်သာကဗျာ ဖြစ်ပြီး တတိယမြောက် ရှေးအကျဆုံးကဗျာမှာ အနန္တသူရိယ အမတ်ကြီး၏ သူတည်းတစ်ယောက် အစချီသော မျက်ဖြေလင်္ကာ ဖြစ်သည်။
စာရေးဆရာပညာရှိ၏ ဥစ္စာဖြစ်သော သီချင်း လို့ အဓိပ္ပါယ်ရပါတယ်။ (ဒီနေရာမှာ ပညာရှိ ဆိုတာ က၀ိ လို့ ခေါ်ပါတယ်။ က၀ိ ဆိုတဲ့ ပါဠိစကားကတော့ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ စာရေးဆရာ ပညာရှိ လို့ အဓိပ္ပါယ်ရပါတယ်။)
[ပြင်ဆင်ရန်​]
မြန်မာကဗျာ အဖွင့်
ကဗျာဆိုသည် စာရေးဆရာပညာရှိတို့၏ပစ္စည်းဥစ္စာဟု ဆိုသည်။ စာဆိုက၀ိ ပညာရှိဆိုသည်မှာ ပါဠိစကား က၀ိ ဟု ခေါ်ဆိုသည်။ ကဗျာသီချင်း စပ်ဆိုသီကုံးတတ်သူ၊ စာရေးဆရာ ပညာရှိဟု အဓိပ္ပါယ်ရသည်။မူလပုဒ်ရင်းက 'က၀ိ' ဖြစ်ပါတယ်။ က၀ိ မှ ကာဝေယျ၊ - ကဗ္ဗ၊ -ကာဗျ၊ -ကဗျ ဆို၍ မြန်မာဘာသာနှင့် ကဗျာ ဆိုပြီးဖြစ်လာသည်ဟု ဆိုကြသည်။
စာဆိုက၀ိများသည် သူတို့စိတ်တွင် ထိတွေ့ခံစားရသော ခံစားချက်များကို တခြားသူများဆီ ကဗျာလင်္ကာများနှင့် ကူးစက်ထိတွေ့ ခံစားစေတတ်ပါသည်။ ကဗျာလင်္ကာဆိုသည် လူများ နေ့စဉ်ပြောဆိုသုံးစွဲနေသော သာမာန်စကားများကို တေးဂီတပမာ ပြေပြစ်ချောမောစွာနှင့် ချိုသာငြိမ့်ငြောင်းအောင် ရေးဖွဲ့သီကုံးထားသော စာဖြစ်ပါသည်။ တေးဂီတပမာဖွဲ့သီ ထားသော စာပန်းကုံးများလို့ ဆိုနိုင်ပါသည်။ ဒါ့အပြင် 'ဒေါသ' မှ ကင်းလွတ် ရပါမည်။ 'ဂုဏ်' မြောက်ရပါမည်။ ထိုသို့ ပြည့်စုံအောင်ဖွဲ့ဆိုထားသမျှ စာတွေကို သက္ကဋဘာသာ၊ မာဂဓ (ပါဠိ) ဘာသာတွေမှာ 'ဂါထာ' လို့ ခေါ်၍ မြန်မာဘာသာတွင် လင်္ကာသီချင်းများကို ကဗျာလင်္ကာဟု ခေါ်ပါသည်။ ကဗျာလင်္ကာဆိုသည် တေးဂီတမှနေ စတင်အခြေတည်ခဲ့သည်ဟု ယူဆကြပါသည်။ ကမ္ဘာကြီးတွင် သာယာသံ ဆိတ်သုဉ်းခြင်း မည်သည့်အခါကမျှ မရှိခဲ့ဟု ဆိုကြပါသည်။ ရေလှိုင်းခတ်သံ၊ လျှပ်စစ်ပြက် မိုးကြိုးထစ်သံ၊ သစ်ရွက် လေတိုးသံ၊ ကျေးငှက်တိရစ္ဆာန်တို့ အော်မြည် ရင့်ကျူးသံ စသော အသံများသည် သဘာဝ၏ ဂီတသံများ ဖြစ်ပါသည်။ ထိုအသံကို လူများသတိပြုမိ၊ အာရုံပြုမိရာက လိုက်တုပြီး အသံထွက်ကြရင်းနှင့် ဂီတဆိုတာ ဖြစ်လာခဲ့သည်။ ထိုဂီတ မှနေ ဂီတသံနှောသည့် စကားလုံးများကို စကားပြောဆိုရာမှာ သုံးစွဲရင်းမှ ကဗျာလင်္ကာ စတင်သန္ဓေတည် ခဲ့သည်ဟု မှတ်သားဘူးသည်။ စာပေအက္ခရာ ပေါ်ပေါက်လာသောအခါ ကဗျာလင်္ကာများ ရေးသားလာကြပါသည်။
[ပြင်ဆင်ရန်​]
ဂီတ၊ ကဗျာ၊ လင်္ကာ နှင့် သီချင်း
မြန်မာကဗျာ ဆိုသောအရာ အရင်းအမြစ်ကို ကြည့်လျှင် ဂီတ၊ ကဗျာ၊ လင်္ကာနှင့် သီချင်း ဆို၍ စတင်တွေ့ရှိရပါမည်။ ထို ဂီတ၊ ကဗျာ၊ လင်္ကာ၊ သီချင်း လေးမျိုးကို 'အဖွဲ့' ဟု့ ခေါ်ပါသည်။ အကြောင်းအရာများကို သီကုံးဖွဲ့နွဲ့ထားသောကြောင့် ဖြစ်သည်။
[ပြင်ဆင်ရန်​]
အဖွဲ့
အဖွဲ့ကို ပါဠိလို 'ဗန္ဓ' လို့ခေါ်ပါသည်။ ရေးသားသီကုံးဖွဲ့နွဲ့ထားသော စာမှန်သမျှ ဗန္ဓ ဖြစ်ပါသည်။ ထိုအဖွဲ့ကမှ 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ'၊ 'ဂဇ္ဇ' ဟုခေါ်သော 'စကားပြေ' နှင့် '၀ိမိဿ' ဟုခေါ်သော 'နှစ်ထွေရော' (ကဗျာနှင့် စကားပြေ ရောပြီးရေးထားသောအဖွဲ့ - ပြဇာတ် ဟုခေါ်လျှင် ခေါ်နိုင်ပါသည်။)ဟု ခွဲထွက်လာပါသည်။ [1] ထို 'ပဇ္ဇ' ဟုခေါ်သော 'ကဗျာ' ပင်မ ကနေမှ 'ဂီတ' နှင့် 'လင်္ကာ'ဟု ထပ်မံခွဲထွက်လာပါသည်။ ပုံစံကို ကြည့်ပါ။ “လင်္ကာစပ်နည်း”
[ပြင်ဆင်ရန်​]
အပိုင်း-(၁)ကာရန်များ...
မြန်မာအက္ခရာတွေအကြောင်းကိုတော့မရေးပြတော့ပါဘူး။အားလုံးသိပြီးဖြစ်မှာပါ။သရ(၁၁)လုံး
ဗျည်း(၃၃)လုံးဆိုတာကငယ်ငယ်ကတည်းကသင်ခဲ့ကြရတာ...အခု(အပိုင်း-၁)မှာတော့ကာရန်တွေရဲ့အကြောင်း
ပါပဲ.....။ကာရန်ဆိုတာအက္ခရာရဲ့အဆုံးအသံဖြစ်ပါတယ်...ကာရန္တဆိုတဲ့ပါဠိစကားကနေဆင်းသက်လာတာပါ....
ဥပမာ။.......။က,အက္ခရာရဲ့အသံဟာ..အ,ဖြစ်တယ်။ကာဆိုရင်..အာပေါ့...။အဲလိုပဲ...ခဲဆိုရင်...အဲကာရန်...။
စူးဆိုရင်တော့...ဦးကာရန်...။ကဗျာစပ်ဆိုရာမှာ..ကာရန်ညီဖို့အရေးကြီးပါတယ်။ကာရန်ယူရာမှာ
အက္ခရာရဲ့အဆုံးအသံချင်းအညီယူရတာလဲရှိတယ်...။တစ်ပိုဒ်နဲ့တစ်ပိုဒ်တို့ရဲ့အဆုံးကအသံချင်းအညီယူရ
တာလဲရှိတယ်...။နှစ်ပိုဒ်သုံးပိုဒ်စသဖြင့်ဝါကျတွေရဲ့အဆုံးကအသံချင်း..အညီယူရတာလဲရှိပါတယ်။
အက္ခရာရဲ့အဆုံးကာရန်ကို“ဝဏ္ဏကာရန်”....၊စာပိုဒ်တစ်ပိုဒ်ရဲ့အဆုံးကာရန်ကို“ပဒကာရန်”....ဝါကျတွေရဲ
အဆုံးကာရန်ကို“ဝါကျကာရန်”လို့ခေါ်ကြတယ်.....ကာရန်တွေက(၆၄)မျိုးရှိပါတယ်..။အုပ်စုသုံးစုခွဲပြီးပြောပါ့မယ်။
(အ)ကာရန်အုပ်စုက(၂၈)မျိုးရှိပါတယ်။အဲဒါတွေကတော့...အ၊အိ(ဣ)၊အု(ဥ)၊အေ့၊အဲ့၊အော့၊အို့၊
အက်၊အောက်၊အိုက်၊အင့်၊အောင့်၊အိုင့်၊အစ်၊အဥ့်၊အည့်၊အတ်၊အိတ်၊အုတ်၊အန့်၊အိန့်၊အုန့်၊အပ်၊အိပ်၊အုပ်၊အံ့၊အိမ့်၊အုံ့....စုစုပေါင်း(၂၈)မျိုး....။
(အာ)ကာရန်အုပ်စုက(၁၈)မျိုးရှိပါတယ်...အဲဒါတွေက...အာ၊အီ(ဤ)၊အူ(ဦ)၊အေ(ဧ)၊အယ်၊အော်၊အို၊အင်၊
အောင်၊အိုင်၊အဉ်၊အည်၊အန်၊အိန်၊အုန်၊အံ၊အိမ်၊အုမ်၊...။စုစုပေါင်း(၁၈)မျိုးပါ...။(အား)ကာရန်အုပ်စုကလဲ(၁၈)မျိုးပါပဲ....
အဲဒါတွေက...အား၊အီး၊အူး၊အေး၊အဲး၊အော(သြ)၊အိုး၊အင်း၊အောင်း၊အိုင်း၊အဉ်း၊အည်း၊အန်း၊အိန်း၊အုန်း၊အမ်း၊အိမ်း၊အုမ်း၊...
.စုစုပေါင်း(၁၈)မျိုး...သုံးအုပ်စုပေါင်းတော့(၆၄)မျိုးပါ....။သူငယ်ချင်းတို့နားလည်အောင်
ကာရန်တူတွေပြောပါ့မယ်...။ဥပမာ......ကား၊စား၊ဝါး၊ငါး၊လား၊.....။တောင်၊စောင်၊မောင်၊အောင်၊ပေါင်......။
မေ၊ဖေ၊ရွှေ၊တေ၊ဝေ....။စမ်း၊ကျန်း၊မန်း၊နန်း...စသည်ဖြင့်အများကြီးရှိပါတယ်....လေ့ကျင့်ကြည့်ပါ....။
တစ်လုံးခြင်းထပ်ရုံမဟုတ်ပဲ....နှစ်လုံးတွဲ၊သုံးလုံးတွဲ၊လေးလုံးတွဲစသည်ဖြင့်ကာရန်အထပ်..
နဘေထပ်တွေကိုလေ့ကျင့်ကြည့်ကြပါ....။ညအခါ...လမသာ..။စုံမြိုင်တွင်း...ထုံကြိုင်သင်း...။
ရေတံခွန်...ဟေမဝန်...။ပန်းပိတောက်မင်း...လမ်းတစ်လျှောက်သင်း...။မဲဇာတောင်ခြေ..သဲသာသောင်မြေ..ပွဲခါညောင်ရေ....။
ပေးစရာလဲငွေမရှိ...ပြေးစရာလဲမြေမရှိ...။အကြံမရှိနောက်လိုက်..ဆန်မရှိကောက်စိုက်...။
စသည်ဖြင့်အမျိုးမျိုးလေ့ကျင့်ကြည့်ပါ....။အထူးသဖြင့်စကားပုံများ၊စကားထာများကိုလေ့ကျင့်ကြည့်လျှင်ပို၍
လွယ်လွယ်ကူကူသဘောပေါက်လာပါလိမ့်မယ်...အထူးမှတ်ရန်ကတော့...ကာရန်ညီအောင်လေ့ကျင့်ရာမှာ..
အသံလဲညီ..အသတ်လဲညီရင်အကောင်းဆုံးပါပဲ...ဒါပေမယ့်ကဗျာရဲ့သဘောကရွတ်ဆိုမှု့ကိုပဓာနထားတာမို့အသံညီပြီး
အသတ်မညီပဲလဲစပ်ဆိုလေ့ရှိကြပါတယ်...ဥပမာ....။ပန်းလိုမွှေးပါစေ....စမ်းလိုအေးပါစေ....။ဆိုတဲ့ပိုဒ်မှာ..“ပန်း”နဲ့“စမ်း”က..
အသတ်မတူကြပါဘူး..။ဒါပေမယ့်အသံကိုအဓိကထားပြီးတော့..စပ်ဆိုထားတာပါ..။အရှင်မဟာရဋ္ဌသာရတို့လို
ိုပုဂ္ဂိုလ်တွေကတော့အသံညီအသတ်ညီစပ်လေ့ရှိကြပါတယ်...။ဘယ်လိုပဲဖြစ်ဖြစ်..ကာရန်နိုင်အောင်
လေ့ကျင့်ရာမှာအသံအမျိုးမျိုးထပ်ပြီးလေ့ကျင့်သင့်ပါတယ်.....

**ဘဝတစ်ခွင်**.....






ကံဇာတ်ဆရာ၊စေညွှန်းရာကို
ရှောင်ကာမရ၊ဘဝလူဘုံ
ကြုံရဆုံရ၊မျိုးစုံဒုက္ခ
ပူဆွေးမနေ၊သောကရေပူ
လေပြင်းထန်လဲ၊နောက်မဆုတ်တမ်း
ရှောက်ခါလှမ်းမယ်၊ပန်းတိုင်ဆီကွယ်....

လုံးလမရင်း၊ဥာဏ်ကဖျင်းနေ
ပျင်းရိနေမူ၊ဝေးနေသုခ
ယခုဘဝ၊မလှမပ
        မျက်ရည်စီးချင်း
           ခရီးပြင်းပြင်း
             ဖြိုခွင်းရမည်...


                  ***စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Friday 28 September 2012

ပြန်လာခဲ့ပါစကားဝါမြေ

စကားဝါမြေ
တောင်တော်ရွှေပုပ္ပါး
မြတ်ဘုရားထံဝယ်
တိုင်တည်သစ္စာမေ့နေပြီလား...

ချစ်စကားတိုင်တည်
သစ္စာတွေလည်း
လှစ်ဟာနေလို့ ရယ်
မေတ္တာမိုးခေါင်
နွေသောင်ယံလို
ပူနေပါပြီ...

မေတ္တာမပျက်
ချစ်နေပါလျှင်
တောင်တော်ပုပ္ပါး
အညာသားလေး
မျှော်ရည်လွမ်းမည်
ချစ်သူလာလမ်းဆီ...

***စံလွန်းတင်**


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***ခုံတန်းလေးရဲ့ ဒိုင်ယာရီ**.....

တစ်ချိန်ကပျော်စရာ
သောကတွေဆိုတာ
ဟိုး...အဝေးမှာပါ
လောကအလယ်
အပျော်ဆုံးရယ်လို့ မှတ်ထင်
ပျောက်ဆုံးသွားလေသော
မောင်နှလုံးသားတစ်စုံ
အရောင်စုံတဲပန်းတွေကြား
စမ်းရေအလား
စီးဆင်းနေတဲ့
အလွမ်းမျက်ရည်...

စိတ္တဇ အိပ်မရညနက်
ထိုးနှက်ဒဏ်ရာ
ကျွမ်းအလုအသည်း
မင်းပျော်ဖို့ အတွက်
ပျော်တော်ဆက်တဲ့လား...
မဟူရာညအလယ်
ခြောက်ခြားနေပြီ
အိမ်စက်နားခို
ကြယ်တွေ ကလဲငို....

***စံလွန်းတင်**
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***တောင်ယာဝင်ချိန်အတွေး**.....


တောင်ယာဝင်ချိန်

ငွေရောင်မိုးစက်

ဖြန်းပက်လို့ရယ်...



ရွက်လူးပျိုငယ်

စိုပြေလန်းဆန်း

ညှာတံပေါ်ဝယ်

အရောင်အဆင်းနှင့်

ပန်းကလေးတွေ

ရနံ့သင်းသင်း

ပွင့်ကြပြီကွယ်...



နေဝင်ချိန်ဝယ်

ငှက်ကလေးတို့

သာယာဆိုတေး

အလွန်ချိုမြ

အို...လှပကာရယ်

အသီးပွင့်ပန်းတွေ

ယိမ်းကတော့မယ်...


ခင်နှမကိုကွယ်

တွေ့ရတော့မယ်

တွေးလို့ပျော်ရွှင်

ဝါကျွတ်ပွဲကို

လက်ထပ်ဖို့

ကြိုးစားနေပါသည်...



***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

ခြောက်သွေ့သောကလောင်လက်ပိုင်ရှင်


ကဗျာတစ်ပုဒ်ကို
ထုတ်ခါရေးကြည့်တယ်
စာအုပ်ပေါ်မှာ
မှင်ရာကလွဲပြီး
အကြင်နာ စာသားဝေးဝါး
စမ်းတဝါးလမ်းနဲ့
လမ်း မသိသူလို့
ကလောင်တံ ကိုင်တ
ဲ့ငါရဲ့လက်တွေ
ခြောက်သွေ့နေတယ်
အစာရှာမရကဗျာ ကိုဘယ်ကစမလဲ
တွေးရင်းတွေးရင်း
ခေါင်းခြောက်လာ ဟင်း...သက်ပြင်း
အကြိမ်ကြိမ်ချရင်း
အိပ်ပျက်တဲ့ညနက်တွေ
ကများသထက်များ စာသားတွေလဲဝေးသထက
် ဝေးဪကဗျာစာသား မရေးတက်သူတွက် ဗျာများရပါလား...

စိတ်ထားဖြူစင်...လူချစ်ခင်၏..

ရုပ်အဆင်း
ရူပါမတင့်တယ်သော်လည်း
စိတ်ထားဖြူစင်
လှပနေလျှင်
လူချစ်လူခင်ပေါ၏...


ဥစ္စာဓန
ပြည့်စုံမကြွယ်ဝသော်လည်း
စိတ်ထားဖြုစင်
လှပနေလျှင်
လူချစ်လူခင်ပေါ၏...

ရုပ်ရည်ချောမော
သော်လည်း
စိတ်ထားမဖြူလျှင်
အပြင်လှပြီး
အတွင်းပုပ်နေသော
ကြီးအာသီးပမာ
မြင်သူရွံရှာ
ရှောင်ဖယ်ကာ
အဝေးပြေးထွက်ကြမှာ
ဓမ္မတာပါ...

ကံပေးသောဘဝမှာ
ဘယ်လောက်စုတ်ချာနေပါစေ
ရုပ်ပသာဒထက်စိတ်ထားတက်လျှင်
လူချစ်လူခင်ပေါ၏...

ဖြူစင်စိတ်ထား
ရင်ဝယ်ထားလို့
ဘဝသံသရာမှာ
ကံကြမ္မာဘေး
ဘယ်လိုပင်
နှိပ်စက်ဖျက်စီး
ပါစေ...

စိတ်ဓါတ်တွေမပျက်စီးပဲ
ဘဝခရီးလျှောက်လှမ်းနိုင်ပါစေ...



နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

***တောင်တန်းမြေမှပန်းပျိုးသူ**.....

တိမ်ညိုရစ်ဝိုင်း

တောင်းတန်းမြေဝယ်

နေပူမရှောင်

မိုးသဲသဲနှင့်

နှင်းငွေ့စိုတောင်

မမှု့အံတုကာ

ထက်မြက်အခွင့်ရေး

ပညာမွေပေးသည်...




ဘဝအမော

ဘယ်လောက်ပင်ပေါလဲ

သူပျိုးသည့်ပန်း

ပင်ယံပွင့်လန်း

လှပတင့်ဆန်း

ရနံ့သင်းသော်...



ဘဝအမော

သောကတောသည်

တိမ်တိုက်ပမာ

လွင့်စင်သွားခါ

နှလုံးပီတီ

ဂွမ်းဆီထိသလို


အပြုံးရင်ဝယ်ဝေတော့သည်





***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

***ရွှေပြည်တော်မျှော်လေဝေး**.....(*ခေတ်သစ်မဲဇာတောင်ခြေ)*


ဟိုတောင်ဆီဝယ်

ညိုမှောင်ချယ်


တိမ်ညိုရစ်သိုင်းကာရယ်...




ရှစ်တိုင်းတစ်ခွင်

အလှဆင်

မိုးနတ်ရှင်ဖန်ဆင်းတော့တယ်...


ပုန်းညက်ကယ်

ခိုင်ပင်မင်း

ရနံ့တစ်သင်းသင်း...



ပန်းပေါင်းစုံညီ

လရာသီ

စာသီဖွဲ့လို့မမှီ...



မြိုင်တောယံဝယ်

ပျော်မွေ့ဖွယ်

ဌာနေကိုမျှော်တွေး

ဆွေးစိတ်ရင်ဝယ်

တစ်လိမ့်လိမ့်

တက်လာပါတယ်...




ရွှေပြည်တော်

မျှော်လေဝေးနေတာမို့

တမ်းတစိတ်ကို

မျိုသိပ်ခါရယ်


မိုးနဲ့အတူငိုမယ်...



***စံလွန်းတင်**



နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***သစ္စာဆင်မြန်းတစ်ပွင့်ပန်း**.....

ဟိုးရှေးခါက

ပျိုမေမှာ

ကေသာကျော့တွင်

တစ်ပွင့်သစ္စာ

ပန်းမာလာကိုသာ

ပန်ဆင်မြန်းပါတယ်...



ရာသီအလီလီပြောင်း

အတိတ်အမွေနှစ်

ချန်ရစ်ခါထား

သက္ကရာဇ်ရထားတဲ့...


ရာစုသစ်

ပျိုမေမှာ

ကေသာထက်ဝယ်

ပန်းပေါင်းစုံတော့တယ်...


ဖြူပြာနီဝါ

ပန်းပေါင်းစုံကြား

ပျားပိတုန်းပမာ

ပျော်မွေ့နေတယ်...





***စံလွန်းတင်**





နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***နှလုံးသားရဲ့ အမိန့် **.....

***နှလုံးသားရဲ့ အမိန့် **.....

ခန္ဓာကိုယ် မိးတစ်စ
စွဲလောင်ကာ
ပြာကျနေပါစေ
ချစ်နေပါရစေ...
ဟိုး...အရင်ကလေးဘဝ
ှနှလုံးသားမှာ
ဘာဒဏ်ရာမရှိ
အခုတော့
နှလုံးသားကမ်းပါး
အလွမ်းရေတိုက်စား
သောင်ခုံလေးတောင်
မရှိတော့ပါလား..

မတည်မြဲတဲ့
လောကမို့ 
သောကခြေရာကို
ဝေဒနာအဖြစ်
မသယ်ဆောင်ချင်တော့ဘူး...

သမုဒယကြိုးတစ်စ
ဖြတ်ချခါ
လမ်းခွဲမှာ
ဝမ်းနည်းတာကို
မျိုသိပ်တိတ်တိတ်လေးပဲ
ငိုတော့မယ်...
မကြင်နာလို့ 
ပစ်ခွာပြေးတာမဟုတ်
ရင်နာနာနဲ့ 
စွန့် ခွာခဲ့တာပါ...


***စံလွန်းတင်**

အညာမြေဆီလွမ်းတေးသီ

ဖုန်လုံးကြီးတွေတလိမ့်လိမ်နဲ့
အညာလှည်းယဉ်လေးဆီကာ
ထန်တောညိုနဲ့ထနှောင်းပင်ပြာ
အဝေးမှာကျန်နေခဲ့ရှာ...
မြို့ကြီးပြကြီးမှာ
နေထိုင်ရလဲတနေ့မှ
မမေ့နိုင်ပါ...
ရွာဘုရားပွဲ
ခြိမ့်ခြိမ့်သဲ
နွှဲ့ပျော်ကြတာ
သတိရတရပါ.....
နွေရောက်ပြီဆိုရင်
နွေကိုတေးဖွဲ့
ဥဩသံလေးကလဲ
အညာမြေရဲ့အလှ
ပန်းချီတစ်ပုဒ်လိုပါပဲ...
မိုးလရာသီဆိုရင်လဲ
တမျိုးစာဖွဲ့လိုမှီမယ်မထင်ပါဘူး...
ဝါမိုးနဲ့အတူပွင့်လန်းတဲ့
စံပယ်ဖွေးဖွေး
ပန်းကလေးကို
ပန်ဆင်လိုသူ
ကညာပျိုတို့
အလုယက်ဆွတ်ယူ
ခူးဆွတ်နေတာလဲ
ချစ်စရာအညာမြေရဲ့
လွမ်းမောဖွယ်ရာ
တောဓလေ့ပါ.....
ဆောင်းနှင်းရီမှုန့်ချမ်း
ခိုက်ခိုက်တုန်
စောင်ခြုံပါလဲမနွေး
ဒီတကိုယ်ရေမနေလို
ပြန်ခဲ့ပေါ့လေး
ဆိုတဲ့လုံမေနှကချစ်သူမှာတမ်းက
လွမ်းစရာလေးတွေပါ.....

**အချစ်ပန်းတစ်ပွင့်**...

ဝင်းဝင်းပပ
ချစ်စဖွယ်မျက်နှာလေးနဲ့
မိုးနတ်သူဇာလို
လှပကျော့ရှင်းတယ်...


မြင်လျှင်မြင်ချင်းပဲ
မေတ္တာကြိုးကလေးသွယ်
အသည်းစွဲချစ်မိတယ်


အချစ်ပန်းတစ်ပွင့်ကို
ခူးချင်ပါတယ်
သို့ပေမဲ့လဲ
ဆွတ်ချူဖို့ရန်
တကယ်ခက်လှပါတယ်...


အမြင်နီးပြီးဝေးတဲ့
တောင်တက်ခရီးလို
ခင်နဲ့မောင်ဆုံရန်
ခက်လှပါတယ်...


မှန်းဆလို့အမြဲ
တမ်းတခါလွမ်းမိတယ်
တရေးမှေးစက်
အိပ်စက်ချိန်လေး
အိမ်မက်မှာပဲ
ခင်နဲ့နီးရတယ်...

ဘယ်သောအခါဝယ်
နီးကြရမယ်
စိတ်ဝယ်တမ်းတ
မှန်းဆမိပါတယ်...

ခုံးမြတ်စသုံးရက်
"လ"ကလေးလို
အပြုံးကလေး
နှလုံးအေးစေတယ်...


တစ်သက်လုံး
မမုန်းပဲဘဝဆုံးတိုင်
ချစ်ခွင့်ပေးပါတော့
ခင်ခင်နှမရယ်
ကြင်နာပါရစေ...




နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

***နှလုံးသားကိုဖြတ်နင်းတဲ့ခြေရာ**...


ပင်လယ်ပြင်တနေရာ
သောင်ခုံပေါ်က
ခြေရာလေးတွေက
လှိုင်းကြက်ခွပ်ရင်
ပျောက်ကွယ်သွားနိုင်ပါတယ်...



နှလုံးသားကြမ်းပြင်ပေါ်
နင်းလျှောက်ခဲ့တဲ့
မင်းရဲ့ခြေရာတစုံက
သေရာပါမဲ့
ဒဏ်ရာအဖြစ်
တည်ရှိနေတာပါ...



ဝေဒနာတပိုင်းတစနဲ့
တိုင်းတာလို့မရတဲ့နေရာ
ထုတ်ခါပြလို့လဲမရ
တိတ်တဆိတ်သာ
ကြေကွဲနေရတာပါ...



ဟိုး...အရင်က
နေဝင်ဆည်းဆာတွေလဲ
မလှပမချိုမြိန်တော့ဘူး
တမ်းတချိန်တွေသာ
တစ်နေ့ထက်တစ်နေ့
ပိုများလာတယ်...



ငိုမျက်ရည်ဝဲခဲ့ရတဲ့
ညနက်နက်တွေ
အလှပျက်နေတဲ့
သံခေါင်းယံ
သံစဉ်တပုဒ်
ကြယ်စင်တေးထုတ်
ဆိုနေတယ်...



လောကအလယ်သောက
ရင်ဝယ်ပိုက်လို့
ခေါင်းငိုက်စိုက်နေပြီ...



အဆွေးမျက်ရည်ထုတို့က
သက်သေတခုဖြစ်ခဲ့မယ်ဆိုရင်
နှလုံးသားကြမ်းပြင်ဝယ်
ပြန်လှည့်ဖြတ်နင်းလာမဲ့
ခြေရာတစုံကို
တမ်းတမိတယ်...



***စံလွန်းတင်**






နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

***ကျောင်းတော်သို့**.....(*နိဗ္ဗာန်ဆော်*)

အမှောင်တွေကြား

ပျော်ပါးနေမလား

မော်ကြွားမာန

တစ်နေ့ထားခဲ့ရ...


အရိုးစုအပုပ်ခန္ဓာ

အဟုတ်မှတ်ခါထင်

ဘဝဇာတ်ခုံတွင်

ကျင်လည်နေ...


မနက်ဖြန်မှာ

နေရမဲ့ရက်က

မသေချာ

ဝေဒနာကြားက

လူသားဘဝ

နောင်သံသရာ

ံမမှားရအောင်

ဘုရာသွားကျောင်းတက်

တရားဘာဝနာမှတ်

သွားရအောင်ကွယ်...


တရားရေအေး

သောက်ခါသုံး

အကြောက်ဆုံး

အပ္ပါယ်ငရဲဝေးရမယ်

သွားကြစို့ကွယ်...သွားကြစို့ကွယ်...




***စံလွန်းတင်**


နှစ်ဖြာသုခချမ်းသာကြပါစေ.........ခေတ်သစ်မင်းနန္ဒာ

***ပန်းပွင့်ရာဆီ**.....


မိဘရင်ခွင်

ဝေးသောရပ်ဆီ

စွန့်ခွာခဲ့ပြီ...



တိုင်းတစ်ပါးဝယ်

မျက်နှာငယ်ငယ်

ဝမ်းရေးမလွယ်...


မွေးမြေရပ်ခြား

အဝေးရောက်နေ

ခွင့်လွှတ်ပေးပါ...



အမေရဲ့မေတ္တာ

ပန်းခင်းလမ်းဆီ

တစ်နေ့တော့

အပြေးကလေး

လှမ်းလာခဲ့မယ်...အမေ



***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***ဇွဲမာန်ချီလို့**.....


လောကပင်လယ်

ဘဝလှေငယ်

စုန်ဆန်ကူးခတ်

လှော်တက်ကငယ်

ခရီးကမရောက်

မုန်တိုင်းဝင်နှောက်ယှက်...



သွေးပျက်မတက်

လောကဓံ

ကြံ့ကြံ့ခံကာ

ရှေ့သို့ချီတက်

မနေမနား

တစ်ရွေ့ရွေ့သွားမည်...


ငါ၏ဇွဲမာန်

တစ်နေ့အောင်မြင်ရန်

အုတ်မြစ်လှေကား

မလွဲဧကန်ဖြစ်ပေသည်...




***စံလွန်းတင်**




နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***စွမ်းလိုက်တဲ့ပီယ**(ဟာသ)

ရွာဦးကျောင်းရဲ့ဆွမ်းခံထွက်တုန်းခေါက်သံနဲ့အတူဦးသူတော်နှင့်ကပ္ပိယကလေး
ဖိုးခွေးတို့ဆွမ်းခံထွက်လာပါတယ်...
"""ဦးသူတော်မြန်မြန်သွားပါဗျ""
"""ဖိုးခွေးမင်းကဘာဖြစ်တာလဲဆွမ်းခံချိန်တိုင်းလောတယ်"""
"""ဦးသူတော်ကလဲသိသားနဲ့""
"""ငါဘာမှမသိပါဘူးကွာ""
""မိလှကိုသဘောကျမှန်းသိသားနဲ့နောက်နဲ့သူတော်""
"နောက်ပါဘူးဒီကိစ္စငါသူတော်လူတော်လုပ်ပြီးကူညီပါမယ်""
"""ဘယ်လိုကူညီမှာလဲသူတော်ရ"""
"""ကူညီရင်ပြီးတာပဲကွာ""
စကားတွေပြောရင်းဆွမ်းခံလာတာမိလှတို့အိမ်အရောက်ဖိုးခွေးမျက်လုံးများကမိလှဆီမှမခွာ
"""ဖိုးခွေးဆရာတော်ဆွမ်းစားချိန်မမှီပဲနေမယ်နော်""
"""ဦးသူတော်ခဏလေးပါဗျ""
"""လာပါကွာညနေမှငါကူညီမယ်"""
"""တစ်ကယ်နော်ဦးသူတော်မညာနဲ့""
"""မညာပါဘူးကွာ""
""ဒါဆိုသွားကြမယ်ဆရာတော်ဆွမ်းစားချိန်မလွန်ခင်"""
တက်ကြွစွာရှေ့ကနေဖိုးခွေကျောင်းတော်ကိုခရီးနှင်တော့သည်..တက်ကြွနေဆိုဦးသူတော်ကပီယဆေးဂါထာရှိတာကို...ကျောင်းရောက်ဆရာတော်ကိုဆွမ်းကပ်ပြီးနေ့ခင်းနားနေချိန်သူတော်ပုတီးစိပ်နေသောနေရာသို့အပြေးကလေးရောက်လာသူက

"""သူတော်သူတော်လူတော်လုပ်သူ"
""ဘယ်လိုကူညီမှာလဲ""
""ငါမင်းကိုငှက်ပျောသီးပေးလိုက်မယ်အဲဒီငှက်ပျောသီးနဲ့မင်းကောင်မလေးခေါင်းကိုထိလိုက်ဒါဆိုအဆင်ပြေသွားမယ်""
""တစ်ကယ်လားသူတော်""
""အေးအေးဒါပေမဲ့တခြားလူကိုခေါင်းကိုမထိရဘူးနော်ဒီပီယအစွမ်းထက်တယ်ဒီပီယနဲ့ထိသူတိုင်းကမင်းကိုကြိုက်မှာနော်""
""ကောင်းပါပြီဒါဆိုပေးတော့ညနေသူနွားစာကျွေးတုန်းသွာထိရမှာ""
"""အေးအေး""
ဦးသူတော်သည်ုပုဝါဖြင့်ထုပ်ထားသောငှက်ပျောသီးလေးကိုပေးလိုက်ပါတော့သည်...
ညနေချိန်နွားစာကျွေးရင်းအလုပ်ရှုပ်နေသောမိလှအနားသို့ဖိုခွေးရောက်လာကာ
"""ဟဲ့မိလှ""
""ဘာတုန်းတော့""
"""ငါရဲ့မေတ္တာကိုတုံ့ပြန်တော့လေ""
"""ကျမရှင့်ကိုမချစ်နိုင်ပါဘူး"""
"""တစ်ကယ်လားမိလှ""
"""ဆယ်ကယ်တော်ဆယ်ကယ်ဒီမှာအလုပ်ရှုပ်ရတဲ့အထဲသူကလာနှောင့်ယှက်နေတယ်""
"""အေးသိမယ်ဟုဆိုကာသူတော်ပေးလိုက်သောငှက်ပျောသီးနဲ့ထိလိုက်တော့သည်...
ထိုခဏအတွင်းမိလှအမုန်းကျရှုံးအချစ်သို့
ပြောင်းလဲသွားခဲ့လေပြီ...
"""မောင်အရမ်းချစ်တယ်""
ဖိုးခွေးသူနားသူတောင်မယုံချင်တော့ဘူး...
"""မိလှငါအရမ်းဝမ်းသာတာပဲ""
"""မောင်ကလဲအခုထိမိလှပဲလားလို့ချစ်သူဖြစ်သွားပြီလေ""
""လှဆိုရင်ရော""
""မောင်သဘောလို့""
ချစ်သူဖြစ်ခါစကြည်နူးနေစဉ်မုန်တိုင်းတစ်ခုတိုက်ခက်လာသည်...
"""ဟိတ်ကောင်မင်းကိုငါ့သမီးနဲ့မပတ်နဲ့ပြောထားတယ်လေ""
"""'ကျနော်မိလှကိုတစ်ကယ်ချစ်တာပါ"""
"""အဆင့်တန်းမတူဘူးကွာ""
""ဆင်းရဲသားလဲလူပါ""
""အေးဘာဖြစ်ဖြစ်ကွာ""
နောက်ဆုံးပြောမရသည့်အဆုံးငှက်ပျောသီးနဲ့ခေါင်းကိုထုလိုက်ရာ
"""ပုဆိုးကိုထဘီပုံဝတ်ခါ
""ဟယ်မောင်လေး""
""ဟိုက်သေပြီဗျာ""
""ဟင်ဖေဖေဒါသမီးချစ်သူမောင်လေ""
""ဖေဖေအချစ်လေးပါ""
သားဖနှစ်ယောက်ဖိုးခွေးကိုလက်တစ်ဖက်စီ
ဆွဲကာလွန်ဆွဲနေသလိုပါ...
ဖိုးခွေးသားဖနှစ်ယောက်ကြားကရုန်းပါတော့သည်.
သားဖနှစ်ယောက်လဲမောင်လေး...မောင်ဟုခေါ်ကာ
အပြေးလိုက်ပါတော့သည်...
ရှေ့ကပြေးနေသောဖိုးခွေးရွာလယ်လမ်းမအရောက်
အမူးသမားဆိုးပေနဲ့တိုးတော့သည်
ဖိုးခွေးလဲဆိုးပေကိုရှောင်ပြေးရန်ညာဘက်သို့အတိမ်းဆိုးပေကလဲညာဘက်လိုက်ရှောင်တစ်ခါဖိုးခွေးကဘယ်ဘက်သို့အရှောင်ဆိုးပေကလဲဘယ်ဘက်သို့လိုက်ရှောင်နှစ်ယောက်သားထုပ်စီးထိုးတမ်းကစားနေသည့်အလား...
""ဟေ့ကောင်းဘယ်ဘက်ကိုရှောင်မှာ""
""ညာဘက်""
"" နေဦးမင်းငါ့ကိုအရက်ဖိုးပေးခဲ"့
""ကျနော်မှာပိုက်ဆံမပါဘူးဗျ""
""အဲဒါဆိုမင်းလက်ထဲကပါလာတဲ့ငှက်ပျောသီးပေးကွာ""
""ဟာဒါတော့မဖြစ်ဘူး""
""ပေးမလားမပေးဘူးလား""
နောက်ဆုံးပြောမရသည့်အဆုံးငှက်ပျောသီးနဲ့ခေါင်းကိုထုလိုက်ရာတစ်ခဏအတွင်းမှာပဲ
အမူးသမားအမူးပြေကာ
""ဟယ်အချစ်ဆုံးလေး"
""ဟာဘာတွေဖြစ်ကုန်တာလဲ""
""အချစ်ဆုံးလေး""
""ဟုတ်ဘူးလေ""
ထိုအခိုက်နောက်ကသားဖနှစ်ယောက်လိုက်လာရာဖိုးခွေးပီယဆေးဖော်ပေးသူဦးသူတော်ဆီပြေးလေသည်...
နောက်ကနေသားအဖနှစ်ယောက်နဲ့အမူးသမားတို့လဲအပြေးလိုက်ပါတော့သည်..
ပုတီးစိပ်နေသောသူတော်ထံသို့အမောတကောရောက်ခါ
""သူတော်သူတော်ကယ်ပါဦး""
""ဟာဘာဖြစ်လာတာလဲ""
""သူတော်ပီယလေ""
""အေးဘာဖြစ်လဲ""
ဦးသူတော်ခိုင်းတဲ့အတိုင်းလုပ်တာမိလှနဲ့အဆင်ပြေတုန်းသူအဖေရောက်လာစကားတွေများတာနဲ့သူအဖေကိုဟောလိုတစ်ချက်ဟုဆိုကာသူတော်ခေါင်းကိုထုလိုက်ပါသည်
လမ်းမှာအရက်မူးသမားနဲ့တွေ့တော့ဟောလိုတစ်ချက်ဆိုပြီးဦးသူတော်ခေါင်းကိုထပ်ထုအဲဒါအခုသူတို့တွေလိုက်လာပြီ.....ပီယငှက်ပျောသီးကြောင့်ဦးသူတော်လဲစိတ်တွေပြောင်းကာ
""ကိုကို""
""သူတော်မဟုတ်ဘူးလေ""
""ဟုတ်ပါတယ်ကိုကိုကလဲ""
ငြင်းခုန်နေသောသူတော်ဖိုးခွေးအနားရောက်လာကာကိုကို...မောင်မောင်..အချစ်ဆုံးလေး...ဟုခေါ်ကာသူချစ်သူငါ့ချစ်သူဆိုပြီးလုနေပါတော့သည်
ဖိုးခွေးအဖြစ်ကဗန်းထဲကဆီးဖြူးပမာဟိုလိမ့်လိုက်ဒီလိမ့်လိုက်နဲ့ပေါ့အားလုံးအငိုက်မှာရုန်းထွက်ပြီးရွာဦးကုက္ကိုပင်တန်းဘက်ပြေးပါတော့သည်..
ဦးသူတော်မိလှတို့သားဖနှစ်ယောက်အရက်မူသမားဆိုးပေအားလုံးတို့သည်ဖိုးခွေးနောက်သို့အပြေးလိုက်လေသည်...
ရှေ့ကပြေးသွားသောဖိုးခွေးရွာအဝင်ကုက္ကိုပင်အောက်အရောက်ခဏနားရင်းသူစဉ်းစားမိတာက
""ဪဖော်သူကသူတော်
သုံးသူကကျနော်
ရတော့အကုန်လုံးနော်
ဟူးစိတ်ညစ်လိုက်တာဟုဆိုကာ
သစ်ပင်နောက်ကိုလွှင့်ပစ်လိုက်သည်
ထိုအခိုက်ရုတ်တစ်ရက်ထွက်ပေါ်လာသောသူကမြို့ကရောက်လာသောအခြောက်...ငှက်ပျောသီးကိုင်ကာ
""ချိုသည်းရယ်ရှာလိုက်ရတာ""
"""ဟင်မသိဘူးမလာနဲ့""
ဖိုးခွေးနဲ့အခြောက်တို့နားသူတော်မိလှတို့သားအဖနှစ်ယောက်အမူးသမားမှီလာပြီးသူချစ်သူငါချစ်သူလုပါလေသည်
ဖိုးခွေးလဲအားလုံးကြားကရုန်းထွက်ပြီးအားလုံးနဲ့ဝေးရာ ထွက်ပြေးပါတော့သည်.......
ခဏတာပြုံးစေချင်သောဆန္ဒဖြင့်
***စံလွန်းတင်**

”ခေတ္တခိုနား​ဖူးသောရင်ခွ​င်တစုံ“

”ခေတ္တခိုနား​ဖူးသောရင်ခွ​င်တစုံ“

ကောင်းကင်တခုလုံးငွေစန္ဒာလမင်းကြောင့်အလှဖုံးလွမ်းနေသလိုကမ္ဘာမြေကိုလဲသူအေးမြမူတွေပေးနေတယ်လေ ကိုနိုင်တယောက်ပျင်းနေတာနဲ့onlineပေါ်တက်ခါလျှောက်ကြည်နေရင်းကအမှတ်မထင်ပဲသူဇာဆိုသောကောင်မလေးနဲ့တွေ့ခဲ့ပါတယ်တဆောင်မုန်းလပြည့်ညလေးပေါ့သူနဲ့ကျွန်တော်တဆောင်မုန်းလပြည့်ညရဲ့အကြေကြောင်းလေးတွေပြောရင်းတယောက်နဲ့တယောက်ရင်းနှီးသွားတယ်အဲဒီနောက်မှာတော့သူနဲ့ကျွန်တော်ညတိုင်းစကားပြောဖြစ်တယ် ..,.အချိန်တွေကြာလာတော့တယောက်အကြောင်းပြောရင်းသူ့မှာစိတ်ညစ်စရာရှိတယ်ဆိုပြီးကျွန်တော်ကိုပြောပြတယ်...သူ့ချစ်သူကစွန့်ပစ်သွားတဲ့အကြောင်းပေါ့ကျွန်တော်လဲသူ့ကိုနှစ်သိမ့်အားပေးစကားပြောရင်းကျွန်တော်ရင်ထဲမှာအချစ်ဆိုတဲ့ပန်းကလေးတပွင့်ပွင့်လန်းဖို့အတွက်နှလုံးသားဥယျာဉ်တံခါးကိုဖွင့်လှစ်လိုက်တာလိုလို့ ကျွန်တော်သိလိုက်ရတယ်ညစဉ်ညတိုင်းစကားပြောတာမိုးလင်းတဲ့အချိန်ထိပေါ့..,နေ့ဘက်ဆိုရင်လဲဖုန်းဆက်လိုက်နဲ့ပေါ့အချိန်ကြာလာခဲ့တာနှင့်အမျှကျွန်တော်ရင်ထဲကစကားတခွန်းပြောခဲ့တယ်..."နိုင်သူဇာကိုချစ်တယ်"ကျွန်တော်ပြောတော့သူပြန်ဖြေခဲ့တယ်"သူဇာလည်းမောင်ကိုချစ်တယ်"ဟိုးအရင်ကတည်းကသံယောဇဉ်ရှိပြီးသားပဲလေ...သူဆီက"ချစ်တယ်နော်"ဆိုတဲ့စကားကြားလိုက်ရချိန်မှာနိုင်သိပ်ပျော်သွားပြီသူဇာမောင်ကိုတခေါက်လောက်ပြောပါဦး"သူဇာမောင်ကိုသိပ်ချစ်တယ်"ကျွန်တော်ရင်ထဲမှာအချစ်ဆိုတဲ့ပန်းကလေးတပွင့်ပွင့်လန်းခဲ့ပြီ...ဒီလိုနဲ့ကျွန်တော်ပျော်ရွှင်ခြင်းတွေကသိပ်မကြာလိုက်ပါဘူးရင်ထဲမသိမသာဝင်ရောက်လာခဲ့တဲ့စိုးရိမ်စိတ်တွေနဲ့အတူကျွန်တော်ကိုအဆက်သွယ်ဖြတ်သွားတယ်...ဖုန်းဆက်လဲမကိုင်onlineပေါ်မတက်နဲ့တခုခုဖြစ်နေပြီဆိုတာကျွန်တော်သိလိုက်တယ်....သူ့ဆီကိုမရမကဖုန်းဆက်တယ်...ရတော့ကျွန်တော်သူ့ကိုမမေးပဲနေခဲ့ပါတယ်..သူများဝန်ခံမလလားပေါ့သူကျွန်တော်ကိုဆက်ညာနေခဲ့နောက်တစ်ပတ်လောက်နေတော့ဖွင့်မေးခဲ့တတယ်"သူဇာချစ်သူဟောင်းနဲ့ပြန်ဆက်သွယ်နေတာလားဟင်"သူငိုပြီးပြန်ပြောတယ်"ဟုတ်ပါတယ်မောင်သူကသူဇာကိုဒူးထောက်တောင်းပန်လို့ပါမောင်"ကျွန်တော်ရင်ခွင်မှာမီးတောင်တလုံးပေါက်ကွဲထွက်လာခဲ့သလောက်ရင်ခွင်တခုလုံးသောကမီးလေလောင်နေချိန်မှာသူကထပ်ပြောခဲ့တယ်"မောင်ကိုအမြဲချစ်နေမှာပါတဲ့"လှလိုက်တဲ့စကားလေးတွေပေါ့"နိုင်ကိုသူဇာမုန်းလိုက်ပါလားသူဇာ"ဒီမှာမောင်"မောင်ကိုချစ်တာမုန်းဖို့မဟုတ်ဘူးလေမောင်"အဲဒီစကားတွေနဲ့ပဲမောင်ကိုရစ်ပတ်ထားဆဲပါသူဇာ...သူကကျွန်တော်ဆီကိုစာတိုက်ကဆင့်လက်ဆောင်ပို့လိုက်တယ်ပို့လိုက်တဲ့လက်ဆောင်ကလက်စွပ်လေးပါညနေပိုင်းရောက်တော့သူက"မောင်လက်ဆောင်ရလားဟင်""ရတယ်လေသူဇာ"မောင်ဒီလက်စွပ်လေးမဝတ်ခင်ဆုတောင်းရရမယ်နော်အင်းပါသူဇာအတူတူဆုတောင်းပြီးလက်စွပ်လေးကိုဝတ်ခဲ့တယ်...သူမှာလဲတကွင်းပေါ့"မောင်နဲ့သူဇာတို့စေစပ်လိုက်ပြီနော်မောင်"လူးကြီးတွေမသိပင်မိဲ့မောင်သသူဇာတို့ယုံကြည်စွာနဲ့ဘဝကိုဖြတ်သန်းသွားမယ်နော်မောင်....အဲဒီညကနေသူဇာမောင်ရင်ခွင်ကမ္ဘာထဲကနေနုတ်မဆက်ပဲထွက်ခွာခဲ့တာရာသီတွေပြောင်းနှစ်ပေါင်းကြာခဲ့ပါပြီမောင်ကတော့သူဇာမောင်ရင်ခွင်ကမ္ဘာထံပြန်လာမဲ့အချိန်ကိုအမြဲစောင့်နေပါတယ်.....
ချစ်တက်သူတိုင်းပျော်ပါစေ......................ခေတ်သစ်မင်းနန္ဒာ

***မယားနိုင်ပြိုင်ပွဲ**(ဟာသ)

ဒူ...ဒူ...ဒူ...

ရွာလည်လူကြီးအိမ်မှမောင်းထုသံကြောင့်ရွာသူရွာသားတွေစုရုံးရောက်လာပါတယ်...

ကျနော်ဒီရွာကလူကြီးဦးမွှေးပါ
""အဟမ်း အဟမ်း""
ဆိုတာနဲ့ရွာလူကြီးစကားအစချီပါတယ်


"""ကျနော်ဒီရွာကလူကြီးပေါ့ ဒီရွာကိုအုပ်ချုပ်တော့အမှု့တွေဘာတွေစစ်ရတာပေါ့ ...အဲအမူစစ်တဲ့အခါမှားတဲ့အခါရှိသလိုမှန်တဲ့အခါလဲရှိတာပေါ့...မှန်တဲ့အခါလူတွေကခေါ်ကျတယ်.မောင်မွှေးလို့ချစ်စနိုး....မှားတဲ့အခါတော့စောက်မြင်ကက်နဲ့ခေါ်တာတော့..........။


ကျုပ်အုပ်ချပ်လာတဲ့ဒီနယ်တစ်ဝိုက်မှာဆိုးခိုးတိုက်ခိုက်လုယက်မှု့ဘာမှမရှိဘူးလေ...
ဒါပေမဲ့လေဟိုတစ်နေ့ကကျုပ်အိမ်နောက်ဖေးလှန်းထားတဲ့ပုဆိုးလေးဘယ်ကောင်သမသွားလဲမသိဘူး...


ရွာလူကြီးစကားရှည်နေတာနဲ့အောက်ကရွာသားတစ်ဦးက
""သူကြီးအခုခေါ်တာဘာကိစ္စလဲ""
ရွာလူကြီးမှ
""ဒီလိုပါအခုအထက်ကတစ်ရွာလျှင်တစ်ယောက်မယားနိုင်ပြိုင်ပွဲဝင်ပြိုင်ရမယ်တဲ့အဲဒါလူရွေးမှာပါ"""
"""ဟာဒါဆိုကျနော်ကမှတစ်ကယ်မယားနိုင်တာဗျညိုတုတ်ကထပြောပါတယ်"""
"""ကဲလုပ်ပါဦးမင်းမယားနိုင်""
"""ကျုပ်မိန်းမလားကျုပ်အသံကြားရင်ပြားပြားကိုဝပ်နေတာပဲ"""
နောက်ကဖိုးခွေးကထပြောပါတယ်

"""ပြားပြားဝပ်မှာပေါ့သူမိန်းကမပြားလေ"""
ဖိုးခွေးစကားကြောင့်တစ်ဟားဟားရယ်ပါတော့သည်

နောက်တစ်ယောက်ကထပြောတာငမောင်
"""ကျုပ်ကမှတကယ်မယားနိုင်တာဗျ""
"""ကဲဆိုစမ်းပါဦး""
"""ကျနော်တို့ရန်ဖြစ်ရင်ကျနော်ကအထက်ကလေ"""

မောင်ပုကထပြောတာက
"""နိုင်မှာပေါ့သူမိန်းမကအောက်ပိုင်းမှသန်တာ"""

ဒီတစ်ခါလဲပွဲကျသွားပါတယ်
ထိုအချိန်ရွာထဲမှကွမ်းတောင်ကိုင်ဖျက်အသွား..ရွာလူကြီးမျက်စိကျီးကန်တစ်ကောင်အလားပြူးတုပြဲတဲနဲ့ကြည့်နေပါတယ်....ထိုအချိန်ဝယ်အရက်သမားဘစီဖိနပ်လက်တစ်ဖက်စီစွပ်ခါသူကြီးသူကြီး
"""ဒီရွာမှာမယားနိုင်တာကျုပ်တစ်ယောက်ပဲရှိတယ်ဗျကျုပ်ကိုသာရွေးချယ်ရင်ရွာဂုဏ်တကမှာနော်"""
ရွာလူကြီးစဉ်းစာပြီ "အင်းဒီကောင်အမူသမားဆိုတော့မိန်းမနိုင်မှာသေချာတယ်"ထိုစဉ်""ကိုဘစီရှင်အခုပြန်လာခဲ့သူမိန်းကလမ်းကနေလှမ်းခေါ်နေပြီ""
"""ဟုတ်ဟုတ်ကဲ့ပါ""
ရွာလူကြီးကတော်တော်စိတ်ပျက်သွားတယ်
"""ကဲကဲဒီရွာမှာကျုပ်ကလွဲပြီးမိန်းမနိုင်တဲ့သူမရှိဘူး"
""အိမ်တွင်းမှသူမိန်းက

""သူကြီးရှင်ကျမဘယာစီလျှော်ပြီးလားနောက်ကျမရေချိုးပြီးလိမ်းဖို့သနပ်ခါးသွေးထားပြီလား"""

""အေးပါအေးပါ""
မျက်နှာဇီးရွက်ပမာငယ်သွားကာရွာသားများလဲတစ်ဟားဟားပွဲကျပါလေတော့သည်...






***စံလွန်းတင်**


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ




မှတ်ချက် ။ ။ကျနော်တို့သူငယ်ချင်းများတစ်ချိန်ကသင်္ကြန်တွင်းအရပ်ပြဇာတ်မှာဟာသတစ်ခန်းရပ်လေးပါမရယ်ရရင်တော့ကကျနော်ညံ့ဖျင်းမှု့ပါ