Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 24 November 2012

***လတန်ဆောင်တိုင်**

ရေသလ္လာပြင်ဝယ်၊ရွှေကြာနွယ်ပန်း
သွယ်တန်းစီစီ၊ဖူးလွှာပွင့်ပွင့်
အလှတင့်တင့်၊ပွင့်လန်းနေရှာ
သဒ္ဒါဆွတ်ဆွတ်၊တာရာညွတ်၍
စန္ဒာလမင်း၊ထိန်ထိန်ဝင်းဝင်း
ထွန်းလင်းနေရှာ
ရွှေလသာသာ၊ငြိမ့်ညောင်းသာယာ
သာယာလက်ခက်၊စဉ်ရက်ကန်းသံ
နားဝသံချို၊တေးသံပုံနှယ်
ဖန်စွတ်ရည်စိုး၊မြတ်သင်္ကန်းကို
ရွှင်ပြုံးပီတိ၊ခိုတွဲသဒ္ဒါ
ကြည်လင်စွာရယ်၊သာယာမနော
ပီတိဇောနှင့်၊နိဗ္ဗာန်ရည်မျှော်
မြတ်ဘုရားကို၊ပူဇော်ရန်တွက်
ယက်လုပ်လေသည်

ဆီးမီးမြိုင်မြိုင်၊ပန်းတွေလှိုင်လှိုင်
ကထိန်သင်္ကန်း၊လက်ဝယ်ကိုင်ဆောင်
ကျောင်းတော်ရာသို့၊ကောင်းမှူ့ပြုရန်
တူစုံမောင်မယ်၊ခြေလှမ်းငယ်ဖြင့်
လှမ်းသွားလေသည်

မြတ်ဘုရားရှေ့၊ရွှေလက်စုံကို
ကြာငုံပမာ၊ထိပ်ဝယ်ဦးတင်
ဝပ်တွားခေါ်ရော်၊ထိခြင်းငါးဖြာ
ဦးခိုက်ခါရယ်၊လက်ဝယ်သင်္ကန်း
မြတ်ဘုရားထံ၊ဆည်းကပ်ပူဇော်
ပြည်နိဗ္ဗာန်လမ်း၊တက်လှမ်းသွားရန်
အုတ်မြစ်လှေကား၊ဖြစ်စေသားဟု
ဒါနတံခွန်၊စိုက်ထူလွှင့်သည်

Tuesday 20 November 2012

***ရှင်မွှေးလွန်းမင်းနန္ဒာတေးထပ်**.....

ဖခမည်းတော်မညှာတာ
ကြိမ်စင်္ကြာပြန်လို့သိမ်းတာကြောင့်
လာရန်ပင်အလွန်ခက်
မွှေးလွန်းသခင်မရယ်
ရန်ဆွယ်တွေများ
မောင်တော်သွားဝံ့လွန်ကျူး

မောင်တော်ရယ်အန္တရာယ်
လမ်းကြားမို့နှမတော်ပူရှာ
အမျှော်ထောက် ပေါ်မလာ
ဖြေရန်ပင်ခက်ပြီ
လေသာပြတင်းဆီ
မျှော်ရည်ငေးဆွေးစိတ်မဖြေ
တိုးကာရစ်ခွေချစ်ဦးမောင်တော်သခင်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Monday 19 November 2012

***မင်းနန္ဒာတေးထပ်**.....

တောင်ကျွန်းသပြေတက်နေစိုးလို့
တက်နေကွန့်မြူးထွက်ကာပြု
ဇဗ္ဗူဝယ်ဘက်မတူပြိုင်သူကင်း  ဘုန်းရှိန်ထွန်းတောက်
လျှမ်းမောက်ဝေဖြာ  ကြက်သရေတစ်မျိုးစုံတဲ့မင်း
ရတနာထိန်ထိန်  စိန်ကျောက်ဝေဖြိုး
ရှိန်းဂုဏ်မောက်၍  ပိုင်စိုးနင်းသည်
လျံတေပျံ့သင်း မင်းနန္ဒာမည်ငယ်
မယွင်းပါပြီ ဘုန်းတော်ထွန်းလို့
မဟာမျိုးလယ်သတိုးဆွေနွယ်
နန်းရှင်မိုးလေး

***ချစ်ခွန်းစာလွှာ**

နန်းပင်တိုင်  အလယ်ကလေသင့်ရာမွှေး
ငွေသဇင်ပွင့်လွှာငယ်ဝင့်ကြွားကာထည်
ကြူမွှေးခူးချင်ရက်  မခူးသာတယ်လူးသာကြည်လို့
မောင်ငေးပြုံးအသွင်
ဖူးကာပွင့်မေကိုထူးတင့်တယ်ခူးလင့်သည့်
စာပေရင်ညှာစူးရှ ကာရယ် နန်းလွှာသဇင်ညှာရယ်
ညွှတ်ပါတော့ကွယ်

***ချစ်ခွန်းပြန်စာ**

ခက်ညွန့်ဖြာဖြာ  ပင်မြင့်ယံမှာ
ဖူးငုံအာပွင့်အလှတင့်သည့်
ပန်းမာလာထုံထုံကြူးမွှေး
ပန်းတစ်ခိုင်ဖြူဖွေး
တစ်ပင်တိုင်နန်းသူလေးမို့
မြူသွေးမောင်ဆွယ်
သဝဏ်လွှာပါးညွှန်းစာဖွဲ့ဆို
လွှတ်လေသူ ပျိုညွတ်ချင်သော်လည်း
အို...ဆွတ်လျှင်ကြွေမကျစေဖို့
မေလှလှလှမ်းရန်တွက်
ပန်းကလပ်သာပြင်
နောင်မမုန်းနဲ့မောင်ဘုန်းသခင်ရယ်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Sunday 18 November 2012

***မွေးနွန်းတေးထပ်**.....

နန်းတစ်ပင်တိုင်ဆန်းငွေခရု
ပန်းရွှေပဒုစက်စန်းငွေတုမက်မပြေ
တက်နေထက်ဝေ၊ကြက်သရေမြူး
ပျော်ပါးစံစည်းစိမ်တော်ဝယ်
ဘယ်ညာပတ်ပတ်လည်  ပျိုပေါင်းရံခြယ်
အိုအကြောင်းကံ  ကုသိုလ်ထူး
လူတခိုညွန့်ဖူးထိပ်ထားမယ်
နဂိုသာစွဘုန်းကံကြွယ်  သခင်ထိပ်ထားနန်းလျာမှာ
ချမ်းသာကြွယ်မှု့ဝိုင်းရံစိုး
နန်းပြဿာဒ်ထယ်  စံမြန်းနေမျိုးနတ်နွယ်
သရေမညှိုးတင့်တယ်ပါဘိလေး

***မျှော်ခိုက်တေးထပ်**

နေမင်းရောင်ရှိန် လေသာပြတင်းဆီက
အမှောင်ဖြိုးခွင်းပ  လင်းအာရုံပန်းဝတ်မှုံဝတ်မှုံ
အိုဆွတ်ပျံ့တယ်လေး
ဝဿန်ခါကူးမိုးလေရူးရဲ့ထုံထုံ
တွေးထူပုံကြောင့် ရက်စဉ်မော
ဥဩငှက်ရဲ့ကခရာပို  ကိုကိုရေလာပါတော့
ကျီးသံကနှော

***မျှော်စိုက်တေးထပ်**

ချစ်ပန်းပွင့်လန်း  ပျိုချစ်သူမောင်တော်
လှမ်းဆွတ်ပါ့ကွယ်  တံချူရှင်
ကြွေမယ်ပွင့်ဖူးမာလာ
အဖေါ်မဲ့သူမို့အတော်ဘဲနော်

ပန်းသဇင်နန်းပင်မြင့်မှာ  ခန့်ညားထည်ဝါ
ဆန်းယဉ်ယဉ်တင့်တယ်ပ မကြည်တွယ်သူ
ဆွတ်ချူမဲ့တံချူရှင်ရယ်  မချူချင်တော့ပြီလား
ဖူးစာရှင်နတ်ဆွေကညာ ကပ်လေဒေါင့်ကြား


မှတ်ချက်။     ။တေးထပ်ကဗျာလေ့လာဆဲမို့လိုအပ်ရင်သင်ပြပေးကြပါ

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Thursday 15 November 2012

***အတောမသတ်လောကဇာတ်**.....

အတောမသတ်

လောကဇာတ်ခုံ

ဇာတ်ရုပ်မျိုးစုံ

ငိုတစ်ခါကွယ်

ရယ်(ရီ)တစ်လှည့်နဲ့

ကျော်ဖြတ်လို့ရယ်

အတ္တ္တဖုံဖုံ

မာနပုံစု

ရင်စုံစွဲလို့

ပျော်လိုက်ပါးလိုက်

နေလာလိုက်တာ

နေဝင်ချိန်သို့

စိုက်စိုက်ရောက်လာ

ရင်ဝယ်နာပြီ

ငါမှားလေသည်

နုနုငယ်ငယ်

လှသွေးကြွယ်ချိန်

စိတ်ဝယ်ထင်တာ

ငါ၏ခန္ဓာ

မြဲမည်သာဟု

တွေးတောကာရယ်

မေ့လျော့ပေါဆ

သတိမရ

တရားအသိ

နည်းခဲ့လေသည်

မျက်ဝန်းအိမ်ဝယ်

မျက်ရည်ဖြိုင်ဖြိုင်

သွင်သွင်ကျဆင်း

နောက်ဆုံးခရီး

ဝမ်းနည်းကြီးစွာ

လိုက်ပို့နေရှာ

ပျောက်သောသူသည်

ရှာရင်တွေ့မည်

သေသောသူသည်

ကြာရင်မေ့မှာ

သံသရာဆီ

ငါနာမ်ရုပ်သည်

ဆက်လျက်ထွက်ခွာ

လက်ဗလာချည်

ထွက်ခွာနေသည်

ဪ....

အတောမသတ်

လောကဇာတ်

အသစ်ဘဝ

ဆက်ကရမည်...


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Tuesday 13 November 2012

***ကိုယ်ချစ်သူနဲ့တစ်ပါးသူ**.....


အခါတော်ပေး

နတ်ရေးဖူးစာ

ကိုယ်ချစ်သူနဲ့

တစ်ပါးသူတို့

နေကောင်းရက်မြတ်

လက်ထပ်မင်္ဂလာ

ကြွလာသူ

မိတ်သဟာပေါင်း

စိတ်ဘဝင်လန်း

မရွှင်ရင်ထဲ

တောင်းဆုပဏာ

လှစ်ခါခြွေနေ

ချစ်သောသူနဲ့

မညားခဲ့လည်း

ညားသောသူနဲ့

ချစ်နိုင်ဖို့ရာ

သူတို့ချစ်ခြင်း

အပြစ်ကင်းခါ

ချစ်သဒ္ဒါလှိုင်

ရှစ်ကမ္ဘာတိုင်

မေတ္တာမယိုင်

ချစ်နိုင်ပါစေ...

ဒါပေမဲ့လည်း

ရင်ထဲမချိ

အတိတ်ကာလ

မင်းကိုယ်ချစ်ပုံ

အရိပ်ပမာ

မခွဲမခွာ

သစ္စာတိုင်တွေ

ဆောက်ခဲ့သော်လည်း

အခုတော့လေ

မရွှင်သာပါ

အစဉ်လာကြီး

မင်္ဂလာသတို့သ္မီးဖြစ်နေပြီလေ...


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Friday 9 November 2012

***တစ်ဆောင်းသစ်ခဲ့ပြန်ပြီ**.....

ဟေမာန်ဦးမြောက်ပြန်လေရူးနဲ့အတူ

ရင်ထဲစို့စို့အလွမ်းတွေဝင်လာ

ကြင်နာသူနဲ့ဝေးဆွးမှိုင်နေရှာ

တစ်ကိုယ်ရေတည်းသာ

သူရှိရာမှန်းဆလို့သာ

တမ်းတလွမ်းနေပြီ

မျက်ဝန်းလဲ့ပြာရီ

ချစ်ခွန်းဖွဲ့စကားတွေလည်း

ပြောကြားဖိုးရာအားမရှိပြီ

မျက်ရည်မိုးတွေသာ

ဖြိုင်ဖြိုင်သွန်းဖြိုးရွာ

ရာသီအလီလီပြောင်း

တစ်ဆောင်းသစ်ခဲ့ပြန်ပြီ

သည်ဆောင်းရောက်ရင်ဖြင့်

မောင်လာမယ်ပြောထားခဲ့ပေ

မျှော်ရှာနေရော့မယ်

ကံကြမ္မာရယ်အခွင့်မပေး

ရောက်မလာနိုင်

တိုင်တည်သစ္စာတွေ

ပျက်ခဲ့တာမဟုတ်ရပါလေ

ချစ်သူတွက်အသက်စွန့်ဝံ့သူကို

အမျက်တော်မရှလိုက်ပါနဲ့လေ

ချစ်တဲ့သူကောင်းစားဖို့ရာ

မပြည့်ဝသေးတာမို့

ခဏတော့ထပ်ဝေးရမယ်

ချစ်သူရယ်

ချစ်လျက်နဲ့ဝေးနေရတာ

အဆွေးရင်မှာပူလောင်လွန်းပြီလေ

လွမ်းရက်တွေလွန်ပါစေ

မြတ်စိန္တေထံဆုပန်နေမယ်


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Thursday 8 November 2012

***လောကဓမ္မတာ**.....


အမေကမွေးအဖေကကျွေး
လောကအလယ်ရောက်လာခဲ့ပြီ
ကံကြမ္မာအခွင့်ရေး
မပေးလေတော့
ဘဝဝမ်းရေးခက်လှတယ်...

ကံဇာတ်ဆရာအလိုကျ
ကခဲ့ရဘဝဇာတ်ရုပ်စုံ
သောကအဖုံဖုံ
လောကဇာတ်ခုံဝယ်
ငိုတစ်ခါရယ်တစ်လှည့်
မနွဲ့ စတမ်းကခဲ့ရတယ်...

အချိန်တန်အရွယ်ရောက်
မိဘအိမ်ကိုဖနောင့်နှင့်ပေါက်
လောကအလယ်ဆရာကြီးသဖွယ်
လျှောက်သွားကြတော့...
အပင်အိုတော့အရိုးကျန်
မိဘတွေအိုတော့
ဆံဖြူသွားကြွေ
ပါးရေနားရေတွန့် လိပ်နေ
အဟောင်းသစ်ပင်
မိဘရင်ခွင်အေးမြထာဝစဉ်
သို့ ပါသော်လည်း
တစ်ယောက်မှရောက်မလာ
မိဘရင်ခွင်ကမ္ဘာ...အကိုင်းအခက်ကျိုး
မြေသို့ တိုးမှ
နိုးထစိတ်ဘဝင်
အေးမြအရိပ်ရှင်တို့ ထံ
နောင်တတစ်သိုက်
ရင်ဝယ်ပိုက်လို့ 
စိုက်စိုက်ရောက်လာ
ငိုပွဲတစ်ရာဖြင့်..........

***ကံကြမ္မာအရိုင်း**.....

***ကံကြမ္မာအရိုင်း**.....


အသိမကြွယ်

ကလေးငယ်

ဘဝဝမ်းရေး

ရှာစားနေရတယ်...



နေပူထဲလဲ

ငိုသံတွေမစဲ

လူရယ်လို့မှမဖြစ်သေး

ဘဝကတာဝန်ပေး...



လောကဓံ

ထိုးနှက်တဲ့ဒဏ်

ခံနေရတယ်...


အခွင့်ရေး

အခြေနေမပေး

ဝမ်းရေးမလွယ်

တွေ့ရမြင်ရ

ရင်မှမခံစားနိုင်...




***စံလွန်းတင်**



နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

***ပြန်လာခဲ့မယ်...မွေးရပ်မြေ**.....


ဖုန်လုံးတလိမ့်လိမ့်
လှည်းယာဉ်လေး
တငြိမ့်ငြိမ့်နဲ့ 
ပျော်စရာဌာနေ
အညာမြေ...

လယ်ကွင်းပြင်လေး
ရေဖွေးဖွေးမှာ
သံစုံမြည်တဲ့
ဖားငယ်လေးတို့ 
မိုးရေပတ်ဖျန်း
ရွင်လန်းနေကြပြီ...ကောက်စိုက်သမလေး
တေးသံလေးက
ဟိုး...အဝေးကကြားရသူအဖို့ 
နားဝင်အလွန်ချို
ချိန်ညနေဆည်းဆာ
လုံမလေးငယ်လေးများ
ရေအိုးကိုယ်စီရွက်ခါ
လှမ်းလာနေတာ
မှန်းမျော်ခါပဲ
လွမ်းရနေတာ...အညာကတမာတန်းလေးနဲ့ 
ထန်းတောညို
နွေကိုတေးဆို
ဥသြညိုကလေး
ကြင်သူအဝေး
ပြေးထွက်ပြေးလို့ 
မမောမပန်း
ခရီးကြမ်း
သူနှင့်နေပြီလေ...မွေးရပ်မြေဆီ
လွမ်းရပြီလေ
မှန်းဆကာပဲ
တမ်းတနေရ
တစ်နေ့ တော့
ပြန်ခဲ့ပါမယ်
လွမ်းရတဲ့အညာမြေရယ်...

Wednesday 7 November 2012

***ချစ်မမသို့**.....

ခေတ်ဆန်သောအလှပတွေကြား

မြန်မာဆန်ဆန်လေးနဲ့သူမမရယ်

ပါးပြင်ထက်ဝယ်သနပ်ခါးလိမ်းခြယ်

ရိုးရိုးလေးဝတ်ဆင်ပုံရယ်

မြင်သူတစ်ကာစွဲမက်ဖွယ်

ဇင်ယော်တောင်မျက်ခုံး

မဟူရာမျက်ဝန်းလေးရယ်

သိပ်လှတဲ့အပြုံးတွေကြောင့်

ရင်ဘဝင်ထိစွဲငြိစေပြီ...

ဖွင့်ဟဖို့လဲမဝံ့ရဲပါကွယ်

တိတ်တိတ်ကလေးသာပဲ

ကြေကွဲနေလို့ရယ်

ငိုခဲ့ရတဲ့နေ့တွေညတွေ

ရေတွက်ခက်နေပြီ...

အချစ်ဆိုသည်မှာလဲ

အသက်ရွယ်အပိုင်းခြားရှိမယ်မထင်

အရွယ်ငယ်ငယ်ကောင်လေးမို့လဲ

ငြင်းပယ်မှာစိုးမိသည်

တိုးတိုးခဲ့အချစ်တွေသာ

နှလုံးအိမ်မှာရစ်ဖွဲ့လာ

အပြစ်ဆိုချင်ဆို

ချစ်ခွန်းချိုချို

ဖွင့်ဟမယ်ကြံတိုင်း

ဘာရယ်ကြောင့်စိတ်အားငယ်

မမရယ်...မမရယ်

ချစ်မိတာအပြစ်ရှိပါသလားကွယ်

ဝဋ်ရှိရင်လဲတိတ်တခိုးဒီဘဝ

ဒီမျှကြေပါတော့လား

မသေချာတဲ့မနက်ဖြန်တိုင်း

တွေဝေစွာရှေ့ဆက်ရမလား

ရင်မှဝေဒနာများမမသိပါစေသား...

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Tuesday 6 November 2012

***မြောက်ပြန်လေရူးဟေမာန်ဦး**.....

လေညှင်းဆော်သွေးနှင်းဖွေးဖွေးလေး

မြေပေါ်ကြွေကျဟေမာန်အစ

လေပေါ်ဝဲလို့သာတစ်ဖွဲဖွဲ

ကြွေကျနေရှာ


မြူနှင်းဖွေးဖွေး

ပင်ယံထက်ဖျားတွဲခိုနေပုံ

မြင်ရသူဘဝင်တုန်စေ

ရင်ကိုအေးစေပြီ...

လေပြေတစ်ချက်ဝေ့ကျလာတဲ့နှင်းမှုန်

လေဟုန်စီးရင်းယိမ်းနွဲ့ကနေ

အလှတွေဖော်ကျူး

ဘယ်ညာယိမ်းကာ

ကျလာရှာ

ဟေမာန်လှလဲအခြေမလှ

အညတရမို့ဘဝအတွက်

ရုန်းကန်လှုပ်ရှားကြည့်ရှုမခံစားနိုင်

ဟေမာန်ရေ

နှင်းတွေဝေလဲကြွေနေစဲ

နှလုံးသားလေးဟေမာန်အလှနဲ့

မအပ်စပ်ဘူးတွေးမိသည်

ဘေးလူမသိတဲ့ဒဏ်ရာ

ဟေမာန်စလဲဖြေနိုင်စရာမမြင်

ရင်ခွင်တစ်နေရာသို့ခြေရာတစ်စုံ

ဟေမာန်နှင်းတောဖြတ်လျှောက်ခါရယ်

ဝင်လာလှည့်မျှော်သာမျှော်လဲ

ပေါ်မလာမှာတော့တွေးမြင်ရတာမို့

အဆွေးရင်ကိုဟေမာန်မကူနိုင်ပါဘူးကွယ်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Sunday 4 November 2012

***နွယ်တစ်ပင်**.....

ရစ်ပတ်နှောင်ချည်

သံယောဇဉ်ကြိုး

တိုးလို့ရစ်ပတ်

အဖြတ်ခက်ပြီ

တွယ်ညှိခိုင်မာ

အမြစ်တွယ်လာ

မမြင်ကွယ်ရာ

ငိုနေရရှာ

အပြုံးတွေသာ

အစဉ်ပေးကာ

ထပ်တိုးရစ်ခါ

ချည်နှောင်နေသော

အပူတောလို့

အယူမသီး

အချစ်မီးတောက်

ဟုန်းဟုန်းလောင်မြိုက်

ဘဝင်လှိုက်ဆူ

ပွက်ပွက်ဆူစေ

အပူမပေး

ရင်အေးစရာ

စကားဆိုခါ

ခစားနေမှာ

သိပါစေကွယ်

လှစ်ခါမပြ

ချစ်သမျှကို

ဖွင့်ဟမဆို

ရင်ကြားစေလို့

မရည်သော်လည်း

မျက်ဝန်းလဲ့လဲ့

အဖြေထွက်နေ

ချစ်သည့်မူရာ

ဖော်ကျူးနေတော့

မျိုသိပ်သမျှ

ချစ်ပြင်တစ်လင်း

ထွက်ကျနေပြီ

သံယောဇဉ်ကြိုး

ထပ်ခါတိုးလဲ

တိုးပါစေတော့

တိုးစေတောဟု

နှလုံးသွင်းလျက်

ပုံစုသက်သေ

ရက်တွေရေတွက်

အနေခက်ပြီ

***အမေကျော်ဒွေးတော်လွမ်းရော့နေလား**.....

...

ကျနော်တို့ 21ရာစုခေတ်ကြီးမှာအင်တာဆိုတာထွန်းကားကျယ်ပြန်လာပါပြီ...
ထွန်းကားကျယ်ပြန်လာတာနှင့် အမျှလူငယ်တွေကြားမှာလဲရေပန်းစားလာပါတယ်
ယနေ့ ကျနော်တို့ မြန်မာနိုင်ငံမှာတွင်တွင်ကျယ်အသုံးပြုလာကြပါပြီ...
ဟိုအရင်ကဆိုလိုင်းမရတာကြောင့်အင်တာနက်အသုံးပြုသူကနည်းပါတယ်
တကယ်တော့အင်တာနက်ဆိုတာဗဟုသုတတွေပေါလှတဲ့နေရာကြီးပေါ့
ဒါပေမဲ့ကျနော်တို့ လူငယ်တွေကတော့အင်တာနက်မှာချက်တင်တက်
စကားတွေပြောနောက်ရည်းစားတွေထားကြနဲ့ အသည်းတွေကွဲကြနဲ့ ပေါ့
အင်တာနက်ကနေတကယ်လက်တွေ့ ဘဝကိုကူးသွားတာတော်တော်လေးရှားပါတယ်
လူငယ်တွေရည်းစာထားတာအစ်ြမဆိုပါဘူးလေ..ကျနော်တခါတခါတွေးမိတယ်
သြော်..အင်တာနက်ဆိုတာအသည်းကွဲကမ္ဘာကြီးလားလို့ တောင်တွေးမိတယ်
မြန်မာတို့ ရဲ့ ယဉ်ကျေးမှု့ တွေ ကတဖြေးဖြေးနဲ့ ပျောက်ကွယ်လုနေဝန်းပမာ
ဖြစ်လာပါပြီ..မြန်မာမိန်းကလေးတော်တော်များကလဲ
သူများနိုင်ငံအဝတ်စားကိုအထင်ကြီးလာကြတယ်
ဟိုအရင်တုန်းကကမ္ဘာမြန်မာဟေ့လို့ ကြွေးကြော်ခဲ့တာအခုတော့မြန်မာလို့ ပြောရမှာကို
ရှက်လာပါပြီ...ဘာကြောင့်လဲဆိုတော့မြန်မာမလေးတွေဝတ်စားဆင်ယဉ်ပုံတွေမြင်ရတာ
ရင်လေးစရာပါပဲမလုံတလုံတွေဝတ်သရုပ်ပျက်အဝတ်စားတွေနဲ့ လူတွေကြားမှာ
တစ်လွှားလွှားနဲ့ ယိုသူမရှက်မြင်သူရှက်ဆိုသလိုဖြစ်နေပါပြီ...
ခေတ်မှီတာကိုလက်ခံပါတယ်ကျနော်တို့ မြန်မာမလေးတွေခေတ်ရှေ့ လွန်နေတာတော့
မကောင်းဘူးထင်ပါတယ်...
မြန်စာသည်တို့ စာမြန်စကားတို့ စကားတဲ့ကျနော်တို့ ငယ်ငယ်ကကြားဖူးတယ်
အခုတော့မဟုတ်ပါဘူးသူတို့ မြန်မာစကားပြောရမှာရှက်နေလားမသိပါဘူး
gtalkချက်တင်မှာစကားပြောတာတောင်  အိုပ...တဲ့လေ
ရင်နာစရာကောင်းလိုက်တာနော်..မြန်မာအချင်းချင်းပြောတာ
လိုလို့ လားနော်..သူများစာပေတက်မြောက်တာကောင်းပါတယ်
ဒါပေမဲ့ဗျာကျနော်တို့ မြန်မာအအချင်းစကားပြောတာမလိုပါဘူးထင်တယ်...
မြန်တို့ ရဲ့ ရိုးရာတေါပျောက်ခါအမျိုးပျောက်စိုးကြောက်မိပါတယ်
အမေကျော်ပြီးဒွေးတော်မလွမ်းပါနဲ့ အမေကျော်ဒွေးတော်လွမ်းလို့ 
ခွေးမသူတော်အဆွဲခံရလိမ့်မယ်..ကျနော်တို့ မိဘတွေလောက်ဘယ်သူမှမကောင်းကြသလို
မိမိတို့ ယဉ်ကျေးမှု့ ကလဲဘယ်နိုင်ငံယဉ်ကျေးမှု့ မှလိုက်မမှီပါဘူးဆို
မေ့ များနေရောလား..အသိတွေမတိုးပွားပဲယို့ ယွင်းသွားမယ်ဆိုရင်တော့
အခြေသတင်းကြီးတဲ့ရွှေမင်းသမီးလေးလိုဖြစ်မှာတော့မြင်ရောင်မိပါတယ်
အဲဒါကြောင့်အမေကျော်ဒွေးတော်အလွမ်းစေချင်ဘူးးးးးးးးးးးးးးးး

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Saturday 3 November 2012

***ဟေမာန်ဦး**.....

ဝဿန်မိုးစက်

ရုတ်တစ်ရက်သာ

ထွက်ခွာလို့ရယ်

ဟေမာန်မြူနှင်း

ဖွေးဖွေးရွရွ

တစ်စစကျ

သိပ်လှနေပြီ

ရေပြင်ကြောဝယ်

ကြာညိုသင်းသင်း

ရနံ့အဆင်း

ပွင့်လန်းနေရှာ

ပန်းမာလာရယ်

ပင်ယံမြင့်မှ

ဖြူလှသဇင်

ဖူးငုံဝင်လို့

ပွင့်ရန်အားယူ

တော်ဝင်ပန်းမို့

ခူယူပန်ဆင်

ကေသာထက်ဝယ်

အလှဆင်ရန်

စောင့်နေရှာသည်

ဟေမာန်အစ

စာဖွဲ့မမှီ



နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Friday 2 November 2012

***ချစ်နှမအတွက်**.....

ကံကြမ္မာရေစက်

ဆုံတွေ့ခဲ့ရပြီ

ကြုံလာဒီဘဝချစ်နှမ

ပွေလီဆန်းပြားလေကမာယာများကြား

သောကခြေရာမရှိ

အလှပဆုံနေ့တွေအတိ

ပိုင်ဆိုင်ပါစေချစ်နှမရေ

တစ်အူထုံဆင်းမဟုတ်ငြားလည်း

ဘဝရေစက်မို့သံယောဇဉ်

နွယ်ပင်တက်လေပြီ

ချစ်နှမရေတွေ့ကြုံဆုံကွဲ

ဓမ္မတာမှန်လဲပြန်ဆွဲထုတ်မရ

ခိုင်မြဲနေတာမို့နောင်သံသရာတိုင်

ချစ်ပြနေမည်ချစ်နှမရေ

ချစ်နှမရေ

အသိကိုဆင်ဥာဏ်ယှဉ်ပါမှ

ကြွေသည့်တိုင်မွှေး

ခရေပန်းလေးလို

ပန်းခြောက်ဘဝလဲ

ရနံ့မပြယ်လူချစ်ခင်မယ်

ချစ်နှမရေ

ဆုတောင်းပဏာ

ပြုနေလျက်မို့

ချစ်နှမသိစေဖွင့်ဟမခြွေ

လှစ်ခါမပြတာကို

ချစ်နှမအမျက်မာန်မရှနဲ့ကွယ်

နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

Thursday 1 November 2012

***ယက္ခစောင့်သည့်ပန်း**.....(ဇာတ်သိမ်း)

တစ်နေ့ ကျနော်ယာထဲထိုင်းနေရင်းအချိန်တွေကုန်သာမြန်လိုက်တာလို့ 
တွေးနေမိတယ်လေ..ကျနော်အဖေနဲ့ အမေကဘလဲပြောနေပြီ..
တာယာပွန်းပုဆိုးနွမ်းနေပြီတဲ့လေ..ဟုတ်တော့လဲဟုတ်ပါသည်
ကျနော်ယက္ခစောင့်သည့်ပန်းကလေးကိုချစ်ခွင့်ပန်ချစ်ပန်းလေး
ကိုခူးနေတာကြာပြီလေ....ကျနော်လယ်ကွင်းပြင်စိမ်းစိမ်းလေးများကို
ကြည့်ရင်းတစ်ယောက်ထဲတွေးနေမိသည်...ထိုအခိုက်ရောက်လာသူကဖိုးကျော်
“စာဥရေ..စာဥ”
ကျနော်အတွေးတွေပျက်စီးသွားရပြီပေါ့
”ဘာလဲပြောဖိုးကျော်”
“မင်းကိုယ်ကိုနိုင်ကစာလူကြုံပေးလိုက်တယ်”
”ဟုတ်လား..ပေး..ပေး..”
ကျနော်လဲဖိုးကျော်လက်ထဲမှစာကလေးကိုယူကာဖတ်လိုက်တော့
ပျော်သွားသည်လေ..ထိုစာလေးက
ကျနော်ချစ်ရသူလေးကျောင်းတက်သွားပြီဖြစ်သောကြာင့်
အကိုမောင်တွေအနားမရှိခိုက်အဆင်ပြေအောင်အဖြေတောင်းသွားဖို့ 
အကြောင်းကြားလိုက်တာပါ...
ဒီလိုနဲ့ ကျနော်အပျော်တေါနဲ့ အတူအိမ်ပြန်ခဲ့ပါသည်..
ညရောက်သော်လဲအိပ်မပျော်နိုင်ပါဘူး မနက်သူဆီသွားဖို့ ကိုသာ
စိတ်ကစောနေသည်ဒါကြောင့်အိပ်မပျော်ပဲမိုးလင်းခဲ့ပါသည်..
ကျနော်မနက်စာစားပြီးနောက်ကျနော်ပုဆိုးအသစ်လေးနဲ့ အင်္ကျီအနီရောင်လေးဝတ်ခါ
ကတ္တီပါဖိနပ်လေးကလဲအသစ်ပေါ့ဗျာ..ဒီလိုနဲ့ ကျနော်ဆိုင်ကယ်လေးစီးကာကိုနိုင်ဆီကို
အရင်ဝင်လိုက်ပါသည်ဟိုရောက်တာနှင်ကိုနိုင်တစ်ယောက်ကလဲမင်းသာရှုံးလောက်ပါတယ်
သူကလဲသူကောင်မလေးကကေငျာင်းတင်နေတာကို ကိုနိုင်လက်ထဲမှာတော့ထီးတစ်ချောင်း
ပါလာပါတော့သည်...
ကျနော်တို့ နှစ်ယောက်လဲတက္ကသိုလ်နယ်မြေဆီကိုခရီးစတင်နှင်ပါတော့သည်...
ဟိုရောက်တော့ကျနော်တို့ နှစ်ယောက်တွေ့ ချင်သူများကိုကမတွေ့ သေးပေ
“ဟောလာပါပြီဗျာ..သိပ်လှတဲ့နတ်သမီးလေးအလားထင်လောက်ပါတယ်
အရမ်းလှနေသည်ကျနော်လဲကိုနိုင်ထီးကလေးနဲ့ မျက်နှာလုပ်ချင်တာနဲ့
ထီးကလေးကိုယူသွားပါတော့သည်...
ကောင်မလေးနားရောက်တော့ကျနော်စကားစဆိုသည်...
”လွင်ကျနော်ကိုအဖြေပေးတော့လေ”
”စောပါသေးတယ်နော်”
ကျနော်လဲသူခန္ဒာကိုယ်လေးဘယ်ဘက်ကပြောလိုက်ညာဘက်ပြောလိုက်ဆိုတော့
ကျနော်ထီးကလေးကဒုက္ခပေးလေပြီ....
”ဟိုးး.....အကိုကြီးခင်ဗျာထီးကြီးကကြည့်လုပ်ဦးနော်”
ကျနော်လှည့်ကြည့်လိုက်တော့ထိးကလေးကကောင်မလေးဖင်ကိုသွားထိုးနေပြိလေ
”တောင်းပန်ပါတယ်ဗျာ..တောင်းပန်ပါတယ်”
ကျနော်လဲလွင်ကိုအဖြေပေးဖို့ ထပ်တောင်သူကလဲငြင်းနေသည်..ဒီတစ်ခါလဲ
”ဦးလေးကြီးထီးကြီးကဘယ်လိုလဲနော်”
ကျနော်လှည့်ကြည်လိုက်တော့ကောင်မလေးနောက်တစ်ယောက်လက်မောင်းကိုသွားချိတ်နေပြီလေ
”တောင်းပန်ပါတယ်နော်”
ကျနောမျက်နှာကိုသကာထက်ချိုသာစွာပြုံးပြလိုက်ပါသည်ထိုအခိုက်ရုတ်တစ်ရက်ကျရောက်လာသောမိုးရေတွေ
ကျနော်လဲကျနော်ထီးကလေးအဖွင့်မှာတော့ကောင်မလေးရဲ့ မျက်နှာကိုထိခိုက်မိပါတော့သည်..
ထိုးအခိုက်ကျရောက်လာသော
”ဖြန်းးးးးး............”
ကျနော်ပါးပြင်ပေါ်သို့ ကျရောက်လာသောလက်ဝါးတစ်စုံကျနော်လသြူမျက်နှာကြည့်ကာပြန်ခဲ့သည်
ထူးခြားတာကသူမျက်နျာကစိတ်ဆိုးဟန်မပြဘူးလေ..
တစ်လမ်းလုံးစဉ်းစာလိုက်တော့ကျနော်အဖြေတခုရသွားသည်ကျနော်အပျော်ကြီးပျော်သွားသည်..
နောက်ငါးရက်ကြာတော့သီတင်းကျွတ်လပြည့်ကျော်(၂)ရက်နေပါအဲနေ့ ကတော့သူ၎နဲ့ ကျနော်ဆုံတွေ့ ခဲ့ရတဲ့
နေ့ ကလေးပေါ့လေကျနော်လဲမကြီးတောပဲါလေးသို့ သူငယ်ချင်း
တွေနဲ့ ပျော်ပါးစွာသွားပါတော့လေသည်...
ကျနော်တို့ ဟိုရောက်တော့သီတင်းကျွတ်ပွဲခင်းလေးကစည်ကားနေပါပြီ
ကျနော်တို့ သူငယ်ချင်းတွေ ပွဲခင်းလေးထဲလျောက်ကြည့်နေခိုက်..
”မဆွေလာပေးသောစာတစ်စောင်”
ကျနော်ဖတ်လိုက်တော့တော်တော်ပျော်သွားသည်လေ
ကျနော်သူငယ်ချင်းများကိုလဲတိုးတိုးပြောပြလိုက်လေသည်...
ရောက်ပါပြီည(၁၂)နာရီကိုကျနော်လဲသူစာထဲကအတိုင်းစောင့်နေသည်
ကျန်တဲ့လူတွေကတော့ပွဲမှာပေါ့ဗျာ...
ဟော...ဟော...လာပါပြီ..လရောင်အောက်မှာနတ်သမီးလေး
”အကိုရောက်နေတာကြပြီလား”
”မကြာသေးဘူးလွင်”
ထိုအခိုက်ကြားလိုက်ရသောအသံများက
”ဟေကောင်သေပေရော့”
ကျနော်လဲဆိုင်ကယ်လေးစက်နှိုးခါပြေးရင်းက
”ရွှေယောက္ဖတို့ ရေ....ပြေးပြီဗျို့  ......”

ဘဝအမောသောကတောမှာ
                                    ခဏတာပျော်စေချင်သော
                       ဆန္ဒဖြင့်...........
                                          ကြိုးစားပါဦးမည်...
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ