Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Sunday 29 September 2013

နုတ်ဆက်အလွမ်း

ညနေချမ်းမှာ လေချိုတွေဖြန်းပါပေါ့
အညာမြေကိုပြန်ရတော့မည်
နေခဲ့ပါတော့ မင်းဘဝပျော်သလို
တော်ရာမှာနေပျော်စရာကိုတွေး
တို့ ဝေးရဖို့ အကြောင်းဖန်
ပေါင်းရန်မဖြစ်တာမို့ 
နောင်ဘဝအတွက်ပဲဆုတောင်းကြပါစို့ 
မျက်ရည်စို့ စို့ တော့
ပါးမို့ မို့ မှာစီးကာနေလည်း
စီးပါစေလေ အပြာရောင်မျက်ရည်
တွေးဆခက်တော့ ဝေးရတဲ့အတွက်
ရင်မလေးပါနဲ့ ခင်လေး
တမင်ဝေးအောင်ဖန်လာတဲ့ကံကိုလဲအပြစ်မဆို
ချစ်မြဲချစ်နေ ချစ်လျက်ပါလေ
တခါတလေသတိရ အိပ်မရတဲ့ညတွေပေါ့
အိုမေရယ်ဘာကြောင့်များ
ဝေးခဲ့တာလည်း လွန်းကြင်ငှက်အသည်းပေါ့
တခါတည်းပြောမယ်နော်
ဇာမဏီအသည်းနဲ့  တစ်ဘဝစာချစ်သွားမယ်
နုတ်ဆက်ခဲ့တယ်နော်....
ရုတ်တစ်ရက်ထွက်ပြေး
မချစ်လို့ မဟုတ်ဘူး အချစ်ဆူးကြောင့်
အချစ်ရူးရူးနေသူပါ
ရူးချင်ရူးစေ မမှုပါဘူးလေ
အရံလူဘဝသနားမနေနဲ့ 
ဘဝခြေကရွှေသဇင်နဲ့ လက်ခုတ်ပန်း
အရမ်းလှမ်းတယ်နော်
လိုချင်တာဘဝတိုင်းမှာမရနိုင်ဘူး
တူညီအချစ်ဆိုတာရှားတယ်
မင်းဘဝကံပေးတဲ့အဖော်လက်ကိုမြဲအောင်တွဲနော်
အချစ်နဲ့ စနောက်ဆုံးလွမ်းစေသည်

Saturday 28 September 2013

ရေပွက်ပမာ

နေထွက်တာနေဝင်တာလဲခဏ
ရလာသမျှဒီခန္ဓာလည်းခဏ
ငိုချင်းရယ်ခြင်းသောကတွင်းလည်းခ
ရတဲ့အချိန်ခဏလေးတွင်းမှာ
ဘာတွေကြောင့်များအတ္တတွေထား
လူနဲ့ လူအချင်းက မေတ္တာကင်းလို့ 
စစ်တစ်လင်းတွေဖြစ်နေကြတာလဲ
အချင်းချင်းဂုဏ်တွေပြိုင်
သူနိုင်တယ်ငါနိုင်တယ်
ကိုယ်ကိုအဟုတ်ထင်ကြ
အပုပ်နွံကရုန်းဖို့ မကြိုးစား
မတော်သင့်ရာတော်လို့ 
မဖော်သင့်တာတွေလဲဖော်
သြော်...ဖြစ်ပျက်ဓမ္မတာ
မေ့ကာထားပြီးလား
မြေပေါ်ရဲရဲလျောက်ပါ
တစ်နေ့ တော့လည်း
မြေကြီးထဲသွားရမည်ကို
သတိမမူ ဥာဏ်မယူ
ကိုယ်ကိုသာကောင်းအောင်ကြိုးစား
သူများတွေဘာဖြစ်ဖြစ်
လှည့်မကြည့်
စာနာခြင်းတရားဘယ်သွားထားလဲ
ဘဝဆိုတာရေပွက်ပမာ
နေ့ လားညလား သေမည်မသိပါ
သတိကပ်ခါ အသိမြတ်မှ
လူဖြစ်ရကျိုးနပ်မည်။

အရုဏ်

အရုဏ်တော်လင်း၊တွန်ကြူးလင်းကြက်
နှိုးဆော်ချိန်ဝယ်၊လုံမငယ်လေး
ဆွမ်းချက်ရန်ပြင်၊ထင်းကစိုစို
မီးဖိုအိုတွင်း၊မီးမှာမရဲ
တစ်ရှဲရှဲနှင့်၊ငြိမ်းမြဲငြိမ်းလျက်
မီးခိုးကအူ၊မျက်ရည်ပူဝေ
ညည်းညူမနေ၊ဆွမ်းကျက်ဖို့ ရေး
ကြိုးစားမွှေးသည်။
အို...အို...ရောင်နီ၊လာပြီလာပြီ
သူရိန်ရှေ့ ကျွန်း၊ခေါင်းထွန်းလို့ ပေါ်
ရောင်နီမြင့်တက်၊သစ်ငုတ်ထက်မှာ
အမြီးကမြှောက်၊ဝမ်းဗိုက်အောက်က
အဖြူကိုခံ၊အနက်လွှားခြုံ
တောင်ပံကြားနှင့်၊ငှက်သပိတ်လွယ်
ငှက်ငယ်ကလေး၊စိုးစီစိုးစီ
ဝင်းပေါက်မှာမည်။
ဗုဒ္ဓဘုရား၊ဦးထိပ်ထားလျက်
သပြေညွန့် ဖူး၊ဆွမ်းတော်ဦးနှင့်
ဆီမီးရေချမ်း၊လှူဒါန်းပူဇော်
သာဓုခေါ်စေ.....ခေါ်စေသောဝ်။

စိတ္တသုခကာယသုခပြည့်စုံပါစေ.....ညီညွတ်ညိန်း

လွင်(၃)

ဆွတ်ချူရန်ခက်ပါရဲ့  မျက်ပါနဲ့ သက်လယ်
အုံ့ ပုန်းဖြစ်သူမျက်နှာငယ် ကွက်မလည်နိုင်သေး
ရွေငုံမင်းအမိမျှော်သလို ခရီးတော် နီးလျက်ကယ်ဝေး
ဘယ်သောခါဝယ် တူနှစ်ကိုယ်နီးရပါ့မယ်
မောင်ကြံရွယ်သော်လည်း နတ်ပန်းတစ်မျှ
ခူးရခက်သေးတယ် အမြင်မှာနီးသလောက်
ခရီးတော်တကယ်ဝေး ယက္ခစောင့်သည့်
ပန်းသို့ နှယ် မိဘမောင်ဖွား
အကိုတွေကြား စောင်ကြပ်တဲ့
နတ်ပန်းလေးရယ်။
သဉ္ဖာလေဆောင်းခန်း တစ်မှေးစက်ရာ
ခင်မျက်နှာလေး တစ်ရေးရေးမြင်
အိမ်မက်ထဲမှာ တွေ့ ရတယ်
သူဇာအလှမယ် မြင်သူငေးလောက်
အလှမှာအယဉ်ဆင့် တင့်တယ်သူလေး
အသည်းထဲဝယ် စွဲရစ်ခိုင်မှာ
တွယ်တာနှောင်ကြိုး ထပ်ခါရစ်တိုး
အမြဲတမ်းပဲတ မျှော်နေသူမှာ
ချူရန်ခက်လှတယ်။

Monday 23 September 2013

***လွင်(၂)**

ရုပ်အဆင်းဟန် ကြွားဝင့်လို့ ရယ်
မျက်နှာထားပြုံးပါရင် မင်းပပရှုံး
တစ်ဖတ်သား မုန်းနိုင်ပါဘူး
ယမင်းလှကေသွယ်
နုသားတော် ဝါဝါညက်ကယ်နှင့်
ရှုစားတော် အခါခါမက်ဖွယ်
နံ့ သားပန်းလည်း မလိမ်းခြယ်
မိန်းမမြတ်လို့  ခေါ်လောက်ပါရဲ့ 
ဟန်မူရာ ခြောက်ပြစ်ကင်းစင်။
မြင်လျှင်မြင်ချင်း ချစ်ကြိုးနှောင်သွယ်
သူဇာနတ်မယ် ယုံပါတော့ကွယ်
ရာသက်မခွဲ ပေါင်းဖို့ ရန်ရွယ်
မေတ္တာတော်မဖယ် ကိန္နရီမောင်နှံသဖွယ်
ပြိုင်စေဦးတော့ ဘယ်ခါမှမရှုံး
ယုံပါတော့ခင်။
တူနှစ်ကိုယ် နေ့ စဉ်တွေ့ ချင်တယ်
ပင်တိုင်တော်ဦး ကျော့မှုးကေသွယ်
မရရင်တော့ကွယ် ရူးရတော့မယ်
ဤကမ္ဘာနဲ့  နောက်ကမ္ဘာလဲ
အမြဲပဲချစ်ပမည် ဘယ်လိုပင်
သံသရာတွေလည်းဆုံးဦးတော့ မမုန်းဘူးကွယ်။
သွားလေရာ ခင်မျက်နှာ
မျက်စိမှာစွဲ ခက်လှတယ်လေး
မောင်ဖူးစာဖြစ်ဖို့ အရေး ဘုရားလည်းမစ
သိကြားလည်းမစ
ဘယ်သောအခါမှ နီးရပါ့မယ်။

***လွင်**

သူ့ ရဲ့ ဂုဏ်သတင်း ထုံသင်းပျံ့ မွှေး
မိုးနတ်နွယ်အလား ထင်မှားလောက်တယ်
သူဇာပုံနှုန်း သူသာအလှဆုံး
ခုံးမျက်စဟန်ချီ သုံးရက်လဆန်မီတယ်
ချစ်ချင်ဖွယ် လှလဲလှပေ။
ခါးသေးလို့ ရင်ချီ ပတ္တမြားအသွေးနှယ်
ပန်းမာလာသဖွယ် ကြိုင်လှိုင် တင့်ဆန်းတယ်
မူယာမကြွယ်ရူပါရုံရယ် မြင်သူစွဲလမ်းစေ။
ရှေးဘဝကံ ဖေးမပြန်
အကြောင်းချင်းဆက်သွယ် ပေါင်းသင်းဖို့ ရည်ရွယ်
ချစ်သောသူဇာအလှ ရူပါရုံဆန်း
ချစ်မေတ္တာပန်း ပွင့်လန်းဝေ
ချစ်ပါတော့လေ။
ဆယ်ကမ္ဘာဆုံးစေ မမုန်းပါလေ
ကြင်ကြင်နာနာပါ့မယ် စိတ်ချပါမေ။

Tuesday 17 September 2013

ပန်ဆင်လိုလျှင်ခေါင်းဖြီးစေချင်

ပန်းမှာသုံးပွင့်
စီရီပွင့်
ပန်ခွင့်မကြုံရ။
ဖြစ်ရာဘဝ
ကျင်လည်ရ
များလှဒုက္ခရောက်။
ဖြစ်လိုက်ပျက်လိုက်
ဘဝဆက်
မျက်ရည်စက်တွေများလှပြီ။
ဓမ္မစည်ကြီး
ရိုက်ဆော်တီး
မည်ဟီးဘဝဂ်တိုင်။
ကိလေသာနား
ပိတ်၍ထား
တို့ များမကြားနိုင်။
မကြားဘိသော်
ပန်းရိရော်
ဟစ်အော်ညည်း၍မှိုင်။
ပန်းပွင့်သုံးပွင့်
ပန်ဆင်ခွင့်
လွဲလို့ ကျန်ခဲ့ပြီ။
ပွင့်ခဲ့သောပန်း
မခြောက်နွမ်း
မွှေးမှတော်ကြမည်။
မေတ္တယျပန်း
ဦးထိပ်မှန်း
ဆင်မြန်းဖို့ ရန်ရည်။


စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Sunday 15 September 2013

ကြိုးကြာအားမာန်

အတောင်ကိုဖြန့် ရင်း
လေကိုဆန်တက်ခါ
ပျံသန်းတက်ရသောကြိုးကြာ
မိုင်ထောင်ချီခရီးကြမ်း
မညည်းမညူပဲ
သူအတောင်တစ်စုံနဲ့ 
လေဟုန်ကိုခွဲထွက်ပြီး
လိုရာအရပ်ကိုသူခရီးဆက်
တောင်ပံတစ်ချက်ခတ်တိုင်း
အားပြတ်တယ်ဆိုတာမရှိပါဘူး
ဇွဲလုံးလနဲ့ သာခရီးဆက်နှင်တာပါ
လေတွေတိုက်လိုက်တိုင်း
ပန်းတွေကြွေကျရရင်
ပန်းပွင့်ဆိုတာ
ကျန်ပါဦးမလား
ရေတွေတိုက်စားလို့ 
မြေပြိုကျရင်
မြေကြီးဆိုတာကျန်ပါဦးမလား
မပြီးသေးတဲ့ခရီးတွက်
ကြိုးကြာငှက်လိုအတောင်ခတ်တိုင်း
အားတက်ပြီးခရီးမဆက်နိုင်ဘူးလား
ပတ်ဝန်ကျင်ဆိုတဲ့လေကိုကြောင်ရင်
နေစရာနေရာဘယ်မှာရှိမလဲ
လောကဓံကိုကြောက်နေရင်
ကြိုးကြာငှက်လိုမိုင်ထောင်ချီခရီး
ပျံသန်းနိုင်ပါဦးမလား
ဝမ်းနည်းစရာတွေ့ တိုင်း
မျက်ရည်ကျရပ်ရင်
ဘယ်မှာမျက်ရည်ကျန်မည်နည်း
ကြိုးကြာငှက်လေကိုဆန်ရလို့ 
အတောင်ညောင်းနောက်ကြောင်း
ပြန်လှည့်ခြင်းဆိုတာမရှိဘူးနော်
ဘဝရှေ့ ဆက်ခရီးတွက်အားမာန်နဲ့ 
သူခရီးဆက်တာကြိုးကြာအားမာန်
အတုယူရန်..............

စိတ္တသုခကာယသုခပြည်စုံကြပါစေ.....ညီညွတ်ညိန်း
 

ဧရာဝတီလွမ်းချင်း

မြစ်တစ်ရိုး ကံဆိုးတယ်တဲ့
မင်းတို့ မြစ်ဆုံ ရေနဒီ
ဝေရီလမ်းမှာလ လေနီကြမ်းရယ်က
သန်းဝိုက်လို့ မှုံ အိုမြစ်ဆုံ
မေခမလီခ မြစ်နှစ်သွယ်ခလို့ 
ဧရာဝတီရယ်လို့  မြစ်မင်းဧရာ
ဖြစ်လာရပေ အလှပတွေစုံ
မြစ်ယံကြောတစ်လျောက်
တောင်တန်းတောင်စွယ်
ထပ်ထပ်ရစ်ခွေ။
မြန်ပြည်အတွက် ဧရာရှိမှ
ပီပြင်လှပ ကြည်လင်လှ
မြန်ပြည်တစ်ခွင် တို့ သွေးချွေးနဲ့ 
တည်ဆောက်ခဲ့တာ ပြည်ပရောက်ဖို့ လား
ငါတို့ လက်ဖဝါးတွေ ချွေးစက် သွေးစက်
မပျောက်သေး နီလျက်သာထွေ။
ဧရာပျက်ရင် မြန်ပြည်တွက်
မဲ့လှဓိပ္ပါယ် ဖြစ်ရရှာမယ်
မြန်ပြည်နဲ့ ဧရာ ဧရာနဲ့ မြန်ပြည်
ခွဲခြားမရ တိုးဘိုဘွားမွေနှစ်
ဖြုန်းတာများလှ အားရပါလေ
အိုအဆွေတို့ ။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
 


Saturday 14 September 2013

facebook video ဒေါင်းနည်း



facebook  video ဒေါင်းနည်းလေးပါ
အောက်ကvideo ကိုကြည့်လုပ်ပါအဆင်ပြေပါလိမ့်မယ်

Friday 13 September 2013

သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့လျှင်

ဥယျာဉ်မြေမှာပျိုးတဲ့ပန်း
လန်းဆန်းတာပဲမြင်ချင်တာပေါ့
ညှိုးနွမ်းမှာကိုဖြင့်ဥယျာဉ်မှုးတိုင်း
အလိုလားကြတာအမှန်ပါလေ
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်
ရနံ့ ထုံသင်းမွှေးပျံ့ ခြင်း
ဂုဏ်သတင်းကျော်ဇော
လေပြေသယ်ရာမွှေး
ပန်းကလေးပဲဖြစ်စေချင်တာ
ရင်ထဲကဆန္ဒပါလေ
ပန်တော်ကျဘဝမလှပခြင်း
မြင်သူရွံ့ ရှာခူးသူမဲ့
ပန်ဆင်သူမဲ့ပြီး
နွမ်းကြေရမှာကို
ဥယျာဉ်မှုတိုင်းမမြင်ရက်မကြည့်ရက်ပါဘူး
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်
ဥယျာဉ်တောမှာပွင့်လန်းနေချိန်
ပျားပိတုန်းတွေရန်ကို
ဥယျာဉ်မှုးကကာကွယ်ပေးမှာပါ
ပန်းကလေးဝတ်ရည်စုတ်လူး
ပျားဘီလူးတို့ အလယ်သနားစဖွယ်
 အနွမ်းပန်းလေးမဖြစ်ရအောင်ပေါ့
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်
ကိုယ်တိုင်ပျိုးသည့်ပန်း
မခူးရက်မမွှေးရက်
ပင်ယံထက်ပဲလှပါစေချင်တာပါ
ခူးလို့ ခြွေနမ်းလို့ နွမ်းရင်လဲ
အမြဲလှပပန်းဘဝဖြစ်စေချင်တာ
ဥယျာဉ်မှုးတိုင်းရဲ့  ဆန္ဒပါလေ
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်.............

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း


Thursday 12 September 2013

တော်သလင်းလ

ကန်ရာသီချိန်တွင်းပေမို့ 
ရွှေယင်းမာငုံ
မြိုင်ဟေဝန်နန်းက
သုတ်ဖျန်းလေယူဖြန့် 
သင်းပျံ့ ပျံ့ ထုံ။
မိုးတစ်ခြိမ့်ခြိမ့်
တစ်လိမ့် လိမ့်ဆွေ
မြစ်ရေယဉ်မြူး
သာဆန်းထူး။
လှေလှော်သဘင်
မြစ်ယံကြော
နွှဲကြချိန်ခါ
ကမ်းတစ်ဖက်
လျှမ်းတက်ညံ
အာပေးသံမစဲ
လှေလှော်ပွဲ။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Monday 9 September 2013

ငါမပြောဘူးနော်

ငါမပြောဘူးနော်
ပညာတက်တွေ လုပ်ရပ်တွေလွဲ
သတိလဲထားပါဦး
အသိခေါက်ခက်အဝင်နက်တွေမို့ 
ရင်နင့်တဲ့ခံစားမှုတွေများနေပြီ
အိုးမဲအိမ်မဲ့ စားရမဲသောက်ရမဲ့
ဖြစ်နေပြီနော်။
ငါမပြောဘူးနော်
ကိုယ်တိုင်းပြည်ထွက်ဆန်ရေစပါး
တို့ များတစ်တွေစားလို့ မကုန်ဘူးနော်
တွင်းထွက်တွေလဲများ
မြေပေါ်မြေအောက်ရေပေါ်ရေအောက်
နေရာစုံတယ်နော်
အခုတော့တို့ တွေဘဝ
စုတ်ချာနေလိုက်တာနော်။
ငါမပြောဘူးနော်
ကိုဆီမှာအဆင်မပြေလို့ 
တိုင်းတစ်ပါးမြေမှာ
နေ့ ညမအားကြပဲ
နွားတစ်ကောင်အလားရုန်နေရတယ်
ရေခြားမြေခြားသွားချင်လို့ သွားတာ
မဟုတ်ဘူးနော်ပျော်လွန်းလို့ လဲ
မဟုတ်ဘူးနော်။
ငါမပြောဘူးနော်
တိုင်းရင်းသာညီညွတ်ပြီး
မြန်မာပြည်ရယ်လို့ ဖြစ်လာခဲ့တာ
အခုတော့ကျီးမျိုးဝင်ကာနှောပြီ
ဖြစ်သင့်လေလား...........?
ငါမပြောဘူးနော်
ကျခဲ့ရတဲ့ချွေးစက်တွေ
ကျခဲ့ရတဲ့သွေးစက်များ
တို့ ရေးခဲ့တယ်သမိုင်းကြောင်း
ရာဇဝင်ဟောင်းမှာထားခဲ့တော့မှာလား
အို....ပညာရှိပဲ့ကိုင်ရှင်။
ငါမပြောဘူးနော်
အချင်းအချင်းနှိပ်စက်ပြီး
သူများတွေတွက်လူအခွင့်ရေးဆိုပြီး
အော်နေတာလား။
ငါမပြောဘူးနော်
အမျိုးစောင့်ဖို့ အရေး
ရှေ့ ဆောင်လမ်းပြတော့
လွတ်လပ်ခြင်းကိုအကြောင်းပြ
လက်မခံဘူးတဲ့လေ
လွတ်လွန်းရင်လပ်တက်တာကို
နားမလည်တာလား
သိသိနဲ့ မျက်စိစုံမှိတ်
အရိုင်းစိတ်ဝင်နေတာလား။
ငါမပြောဘူးနော်
ကြည့်လည်းလုပ်ပါနော်
အပြီးသတ်မှာအမျိုးပျက်မှာ
စိုးလှပါတယ်နော်။
ငါမပြောဘူးနော်
ကိုယ်ပြည်အရေး
တို့ သွေးအေးနေက
ဘေးဆိုးတွေ့ တော့မည်။
ငါမပြောဘူးနော်
လောကကြီးကပြောနေတာ။

Saturday 7 September 2013

***ငါသည်သာ..ပန်းတစ်ပွင့်ဖြစ်၍...(၂)***

ဘ၀က

အချစ်ထက်ပိုပြီး

လေးနက်ခဲ့ရင်

ငါ့နှလုံးသားက

ဘာကြောင့်များ

အလွမ်းတွေကို

ဖွင်ထုတ်တေးသီရတာလဲ

ကောင်မလေးရယ်.....

အချစ်နဲ့ဘဝ

အသိုင်းဝိုင်းနဲ့ ကွာဟမှု့

အဲဒီပဋိပက္ခတွေကြား

လူငယ်တွေရဲ့နှလုံးသားတွေ

ဘယ်နှစ်ကြိမ်စတေးပြီးပြီလဲ...?

နှလုံးသားမဲ့ရပ်ဝန်းမှာ

အချစ်ကို

ပေတံတွေနဲ့တိုင်းထွာရင်း

သတ်စားခံခဲ့ရတဲ့

နှလုံးသားတွေအတွက်

ဘယ်သူလျော်ကြေးပေးမလဲ...?

မျက်ရည်စွန်းထင်ခဲ့တဲ့

ငါ့ရဲ့

အဖြူရောင် ကဗျာတွေတွက်

မင်းကို

အပြစ်မတင်ခဲ့ပါဘူး

ကမ္ဘာလောကရဲ့

တထောင့်တနေရာမှာ

မင်းကို

သိပ်ချစ်နေတဲ့ကောင်လေးတစ်ယောက်

ရှိခဲ့ဘူးတာ

မိုးစက်တွေကိုပြောပြလိုက်ပါ.....

ကောင်မလေးရေ

ပန်းပွင့်တွေအကြောင်း

လိပ်ပြာတွေသိပါတယ်

ကြယ်လေးတွေအကြောင်း

မိုးကောင်းကင်ကြီး သိပါတယ်

တိမ်တွေရဲ့အကြောင်း

လေပြေတွေသိပါတယ်

မင်းကိုချစ်တဲ့

ငါ့အချစ်တွေအကြောင်း

ငါ့ကဗျာတွေကိုသက်သေတည်

လောကကြီးသိဖို့မလိုပေမဲ့

မင်းလေးတစ်ယောက်

သိခဲ့မယ်ဆိုရင်

ငါ့ဘ၀ရဲ့

နေ၀င်ချိန်ထိ

ဆည်းဆာက လှပနေမှာပါ.....

ကောင်မလေးရေ

ကောင်းကင်ကို

ဆန့်တန်းထားတဲ့ လက်နှစ်ဖက်

ပြန်မရုတ်သိမ်းသေခင်

ကမ္ဘာမြေရဲ့

မိုးစက်တွေအောက်မှာ

ငါတို့

ပြန်ဆုံဖြစ်ခဲ့ရင်

ငါသည်သာ

ပန်းတစ်ပွင့်ဖြစ်၍

နောက်တစ်ကြိမ်

ပန်းပြန်ပွင့်ခွင့်ရခဲ့ရင်.....။ ။

ဆရာတာယာမင်းဝေ အား ထာဝရ သတိရလျှက်

ရေးဖွဲ့သီးကုံးသည်

ညိုလင်းမောင်(ရေဦး)

****ညီမလေး....သို့****

ညီမလေးရေ

အနုပညာဗီတာမင်တွေ

နေ့စဉ်စားသုံးရင်း

လောကဒဏ်ဝေဟင်ထဲ

မင်း.....ရဲရဲကြီးပျံလိုက်စမ်းပါ......

ရာစုသစ်ရဲ့

သ္မီးပျိုတစ်ယောက်

လောကထဲကို

တကယ်ရောက်ခဲ့တာ သေချာအောင်

ညီမလေးရေ

မုန်တိုင်းထန်ရင်ထန်ပါစေ

ပန်းဖြစ်ခဲ့တာ သေချာအောင်

အလှပဆုံးပွင့်ပြခဲ့ပါ.....

အတ္တ ဆန္ဒတွေ

ပွေလီတဲ့လောကထဲ

နုညံ့ဖြူစင်တဲ့ နှလုံးသားလေး

ရုပ်ဝတ္ထုဆန်မသွားစေဖို့

နေ၀င်ချိန်တွေကို

ရီဝေစွာ ငေးကြည့်လိုက်ပါ

ကြွေကျသွားတဲ့

သစ်ရွက်လေးတွေရဲ့

တီးတိုးရှိုက်သံ

စမ်းချောင်းငယ်တစ်ခုရဲ့

တေးဆိုငြီးသံတွေကို

မင်းသတိမူကြည့်ပါ.........

ပျံသန်းသွားတဲ့

ငှက်ငယ်တွေနဲ့အတူ

တိမ်တွေကို စီးမျှောလိုက်ပါသွားရင်း

မွန်းကျပ်တဲ့

ကမ္ဘာလောကရဲ့ အပြင်ဘက်ကို

ခဏထွက်ကြည့်လိုက်ပါ

မိုးစက်တွေရဲ့

စည်းချက်မညီတေးသံတွေကို

ပီကာဆို ရဲ့

ဂီတလက်သံတွေနဲ့အတူ

တွဲဖက်ခံစားကြည့်ပါ........

လောင်ဖဲလိုရဲ့

အလယ်လာတဲ့ လမင်းကို

သုခမိန်လှိုင်ရဲ့

စံပယ်ပန်းတွေပြည်နေတဲ့ ပင်လယ်ကြီးနဲ့

ဧည့်ခံလိုက်ပါ

ပေးရှင်းစထရောင်းရဲ့

လနှစ်ရှပ်ကို

ဟဲမင်းဝေရဲ့

ဆန်တီယာဂိုနဲ့

စကားစမြည်ပြောရင်း

တစိမ့်စိမ့်ကြည့်လိုက်ပါ

ဝါသ်သဒ်ဝိုက်ရဲ့

ချစ်သူအိမ် အမိုးနောက်မှာ

တော်စတွိုင်းရဲ့ နှင်းပန်းလေးတွေ

ယုယစိုက်ပျိုးလိုက်ပါ.......

ရင်မဟာရဌသာရနဲ့

ဟိုးမား

ဦးပုညနဲ့

ရှိုတ်စပီယား

နတ်ရှင်နောင်နဲ့

တဂိုး

ဦးဖိုးကျားနဲ့

မောင်ဂိုမာရီ

ဦးဘဥာဏ်နဲ့

ဗန်ဂိုး

နန်းတော်ရှေ့ဆရာတင်နဲ့

ဘီသိုဘင်

စသည်ဖြင့်ပေါ့ကွယ်

သူတို့သူတို့ရဲ့

လက်သံပြောင်မြောက်လှတဲ့

အနုပညာနရီစည်းချက်တွေကို

ဂန္ထ၀င် မော်ဒန်ဆိုတဲ့

မျက်နှာဖုံးတွေကို ခွါချလိုက်ရင်

အနုပညာဟာ

အနုပညာပါပဲ ညီမလေးရယ်

အဲဒီအနုပညာတွေကို

လွပ်လပ်စွာစားသုံးလိုက်ပါကွယ်...........

EQ ကောင်းဖို့ထက်

IQ ကောင်းဖို့

ပိုအရေးကြီးနေတဲ့

အကိုတို့ရာစုသစ်ကြီးမှာ

ကဗျာဆိုတာ ဘာလဲ

ဂီတဆိုတာ ဘာလဲ

အနုပညာ ဆိုတာ ဘာလဲဆိုတဲ့

အတ္တဆန် စက်ရုပ်လူးသားလေး

ဖြစ်မသွားဖို့

အနုပညာဗီတာမင်တွေကို

နေ့စဉ်နေ့စဉ်

ခံစားသုံးဆောင်ကြည့်ပါ

ညီမလေးရယ်....... ။ ။

ညိုလင်းမောင်(ရေဦး)

အစဉ်လေးစားလျှက်

****အညတရ...ရဲ့..တစ်ပိုင်းတစ..သီအိုရီများ****

ရက်စုတ်ပြက္ခဒိန်တစ်ရွက် စုတ်လိုက်တိုင်း

အသက်တစ်ရက်တိုသွားခဲ့ရ

လမ်းရှောက်ရင်း

လမ်းပျောက်သွားကြသူများ

တကယ်မသေမှီက

အကြိမ်ကြိမ်သေနေကြသူများ

မိုးရေချိုတစ်ခွက်ပေးပါ

မိုးခါးရေမသောက်ချင်လို့

လမ်းထိပ်က

ခပ်စုတ်စုတ်လ္ဘက်ရည်ဆိုင်က

ဆီဒိုးနားဟိုတယ်ထက်လည်းခမ်းနားခဲ့

တကယ်မမှန်ပဲနဲ့

တကယ်မှန်နေကြသူများ

ခြေလှမ်းမှားတစ်လှမ်းရှေ့က

ချောက်ကမ်းပါးများ

ဂူနေရှေးလူတွေရဲ့

နံရံဆေးရေးပန်ချီတွေက

လူကုန်ထံအသိုင်းဝိုင်းက

အဖျော်ဖြေခံ

သန်းချီပန်းချီကားတွေထက်

အနုပညာမြောက်တယ်

တောက်.......ဒီမယ်

အနုပညာဆိုတာ

အဖျော်ဖြေခံပစ္စည်းမဟုတ်ဘူး

တန်ဖိုး

ဘာတွေနဲ့သတ်မှတ်ကြပါလိမ့်

ကမ္ဘာကြီးရဲ့အောက်စီဂျင်တွေကိုလည်း

အားမနာ ပါးမနာရှူရှိုက်ခဲ့

ငါ့ဝန်ကိုထမ်းထာတဲ့မြေကြီး

မြေကြီးပေါ်မှာနေပြီး

ကောင်းကင်ကိုမော်ဖူးကြသူများ

လူနေမှု့စနစ်ဆိုးကြီးက

အတ္တ ဆန္ဒ ရမက်တွေနဲ့သွေးထိုးပြီး

လူတန်းစားတိုက်ပွဲတွေ

အကြိမ်ကြိမ်ဆင်နွဲစေခဲ့

ဘ၀ခါးလို့

ကော်ဖီခါးကြိုက်သူများ

ဗိုလ်ချုပ်အောင်ဆန်းကတောင်

ဆင်းရဲသားတိုင်းကို

နင်းပြားလိုသဘောမထားဖို့

ကန်ဇွန်းရွက်ကျော်စားပြီး

တမတ်တန်း ရုပ်ရှင်ကြည့်ပြသွားသေးတယ်

လာချိန်မှာလာပြီး

ပြန်သွားကြသူများ

အသဲကွဲမှာထက်

ရင်ဘတ်ထဲကအမှန်တရားတွေ

ဘလော့ခံရမှာကြောက်တယ်

အပေါ်ယံရွှေမှုံကြဲ

အတွင်းကနှောက်ချေးခံသူများ

မငြင်းခုန်ကြပါနဲ့တော့

မြန်မြန်သွား

တောင်ပန်ပါတယ်

မဖိနှိပ်ကြပါနဲ့

လူငယ်တစ်ယောက်

ကျားနာခဲ ခဲလို့

ကမ္ဘာကြီးမှာ

နာဇီဝါဒခေါင်းထောင်ခဲ့ဘူးတယ်

အစွန့်ပစ်အဖိနှိပ်ခံလူတို့ရဲ့

အထီးကျန်ဝေဒနာတွေက

နူးကလီးယားထက်အဆိပ်ပြင်းတယ်

အတုပတွေများလို့

လူ့ဘောင်အပြင်ဘက်က

အေးအေးဆေးဆေး နေကြသူများ

အို...........မဟတ္တမဂန္ဒီ

သင့်ရဲ့ ချာတီဝတ်ရုံအား

ကျွန်ုပ်အား ပေသနားပါ.......။ ။

ညိုလင်းမောင်(ရေဦး)

****ရတနာပုံ...ပြည်ဝယ်...****

ဖူးလိုသေးသည်

ရတနာပုံပြည်ဝယ်

တည်ထားမြတ်ဘိ

တုမရှိသည့်

မုနိမြတ်ဘုရား ခြေတော်ကို......

ကြားလိုသေးသည်

ရတနာပုံပြည်ဝယ်

နေခြည်ဖျဖျိုး

နန်းမြို့ရိုး၌

ရွှေဂျိုးသံသာ ကူသည်ကို.......

လွမ်းလိုသေးသည်

ရတနာပုံပြည်ဝယ်

ဒေ၀ီလှိုင်ထိပ်

ရင်ဝယ်သိပ်၍

တိတ်တိတ်တီတိုး ငိုသည်ကို......

နမ်းလိုသေးသည်

ရတနာပုံပြည်ဝယ်

မြို့တည်သနင်း

မင်းတုန်းမင်း၏

မယွင်းသင်္ဂါံ

တင်ထားပါခဲ့

သဒ္ဓါဖြူသော နှလုံးကို...။ ။

ညိုလင်းမောင်(ရေဦး)

စံလွန်းတင် အဖွဲ့ဝင်

****မိုးဦးကာလ......မိုးကျသောအခါ..****

မိုးဦးကာလ ၊ မိုးကျသောအခါ

မြို့နားမနီး ၊ တောကြီးချေမှာ

ဝါဆိုဝါဦး ၊ မြေနူးသောအခါ

စိုက်ယာစိုက်ခင်း ၊ တလင်းထွင်ကာ

ပြောင်းနှမ်းပဲမျိုး ၊ ထယ်ထိုး၍သာ

ရွှင်းမြူးကာသာ စိုက်ကြသည်တည့်လေး......

နေ၀င်ခါနီး ၊ ငန်းပြီးသောအခါ

ဝါရုံချုံကြား ၊ မျှစ်များချိုးကာ

သစ်ဝံကြက်တက် ၊ ခံတက်ရွက်ပါ

ဆူးပုတ်ကန်းဇွန်း ၊ တယွန်းမှိုပါ

ပလှိုင်းခြင်းကြီး ၊ ပြည့်ပြီးသောအခါ

လျင်လျင်သာ ပြန်ခဲ့သည်တည့်လေး.....

တဲသို့ရောက်သော် ၊ မြေပေါ်ချကာ

တဲသားတဲသူ ၊ တူတူဝိုင်း၍သာ

လျင်စွာချက်ရင်း ၊ ၀မ်းတွင်းကဟာ

ထမင်းရည်ပူ ၊ ၀မ်းပူဖျောက်နှင့်ကာ

ငှက်ပျောဖက်ကြီး ၊ ခုတ်ပြီးသောအခါ

ကျက်းပြီးထမင်း ၊ ပေါင်းဟင်းရော၍သာ

ဝါးယက်ဖျာမှာ ၊ စုံကာထိုင်းရင်း

ခေါင်းရယ်မှမဖော်ရှာ ၊ ငုံ့ကာလွေးတော့သည်

ပြီးလျင်တဲပေါ်မှာ ၊ စီကာအိပ်တော့သည်

မိုးခြမ်း၍မိုးရွာ ၊ မနိုးရှာလေတောသည်...။ ။

ညိုလင်းမောင်(ရေဦး)

စံလွန်းတင် အဖွဲ့ဝင်

****မိုးမျှော်ကြသူများ****

ရွှေမိုးညို ညို့ကာသမ်းတော့

မှန်းဆလို့ ငယ်ဖော်ရှာ

ဖားငယ်သံသာ.....

ရွှေမိုးရယ်မရွာ

ဖားငယ်ခမျာနွမ်း....

ရွှေမိုးရယ်ရွာပါမှ

(နှစ်ကိုယ်တူ ကြည်ဖြူမွှေ့ဖို့ရယ်)

ဖော်ကွာသူ သူရှာတွေ့လိမ့်မယ်

မိုးရွာပါ့မခမ်း.......

ရွှေမိုးညို ညို့ကာသိုင်းတော့

ကန်းဝိုင်းက ပန်းရွှေကြာ

ဖူးငုံလို့လာ.....

ရွှေမိုးရယ်မရွာ

ရွှေကြာရယ်မပွင့်.....

ရွှေမိုးညိုနမ်းပါမှ

ကန်သာမှာ သူလေလန်းလို့ရယ်

နမ်းထိုက်စွာပွင့်.....

မုတ်သုန်လေ သုတ်ကာတိုက်တော့

ကောက်ငန်းက ပျိုကညာ

တေးသီသံသာ.......

ပျို့ပါးမှာ

ရွှေနံ့သာဖွေး.....

ရွှေနံ့သာ ဘယ်ညာကွပ်ကိုဖြင့်

မုတ်သုန်လေ ကိုနတ်သားရယ်က

နမ်းရက်တယ်လေ....။ ။

ညိုလင်းမောင်(ရေဦး)

စံလွန်းတင်အဖွဲ့ဝင်

****ပျောက်ကွယ်သွားမဲ့...သီအိုရီများ...****

နယူတန်သာ

ဗိုက်ဆာဆာနဲ့

ပန်းသီးကို ကိုက်စားခဲ့မယ်ဆိုရင်

.............................

အလ်ဒီဆင်သာ

စာသင်မရလို့

ထိုင်ငိုနေခဲ့မယ်ဆိုရင်

............................

ဂျော့ဝါရှင်တန်သာ

အသားမဲလို့

ပေါင်းတင်နေခဲ့မယ် ဆိုရင်

.........................

လင်ကွန်းသာ

ဆင်းရဲ့လို့

မီးသွေး ဖုတ်နေခဲ့မယ်ဆိုရင်

.....................

ဟယ်လင်ကယ်လားသာ

မျက်မမြင် နားမကြားလို့

ကိုးရီးယားကား မကြည့်ချင်ခဲ့မယ်ဆိုရင်

...............................................

ညိုလင်းမောင်(ရေဦး)

စံလွန်းတင်အဖွဲ့ဝင်

ဆရာဇော်ဂျီသို့  လွမ်းသူ့ ကဗျာ

စာပေဘ၀ ဘ၀စာပေ

စာပေရှေ့ဆောင် မီးရှူးဆောင်ဟု

မြင်ရောင်သမိ ကြည်ညိုဘိသည်

မရှိခဲ့ တော့ ပြီတကား......။

ငါ့ ညီပြောင်ဝင်း မောင်သစ်ဆင်ဟု

ရေးရင်းကသာ သူ့ ကဗျာတို့ 

ရင်မှာစွဲညှိ ခံစားမိလည်း

မသိနိုင်တော့ ပြီတကား....။

ရာထူးကြီးမား ဂုဏ်ကြီးမာလည်း

ရိုးသားနှစ်ကြိုက် စာကြည့် တိုက်ဝယ်

ထွေးပိုက်ယုယ သုခုမဖြင့် 

ဘ၀တစ်ကွေ့  စာဓလေ့ နှင့် 

စာမွေ့ မြိုင်ပေါ် သူမွေ့ လျော်ရင်း

ရွှေ့ ရော်ကြွေသက်ခဲ့ တကား.....။

မရှိမသိ ကြွေခဲ့ ဘိလည်း

အမိမြေမှာ သူ့ ကဗျာတို့ 

ထင်စွာရှေ့ဆောင် အမှောင်ပယ်ခွင်း

အလင်းဝေငှ ဂုဏ်သင်းမြလျှက်

ရသလမင်းလင်းခဲ့ ၏.......။

လမင်းခြေရာ သူ့ ကဗျာတို့ 

ကဗျာတခေတ် ထူထောင်ရစ်ခဲ့ 

မူးမြစ်ကမ်းဘေး ကျွန်ထိုင်ငေးရင်း

ဖြေးဖြေးညင်သာ မဗေဒါကို

ငါ့ မှာမြင်ရ လွမ်းမောလှသည်

သြော်......ကဗျာသခင် ဆရာရှင်

သင်္ခါဘ၀လှပါစေ......။

ညိုလင်းမောင်(ရေဦး)

****ကဗျာ....ဆရာ...****

ကဗျာဆရာ

အသပြာသူမသိ

ကဗျာဆရာ

ပကာသနာ သူမသိ

ကဗျာဆရာ

ဟန်ဆောင်တာ သူမရှိ.........

ကဗျာဆရာ

ဝေဒနာ အရှိ

စေတနာ အသိနဲ့

တွေးသိ ခံ......စား

နှလုံးသား၏

မျက်ရည်းများနဲ့ဖျန်းပက်

ဘ၀တစ်ခုလုံးပေးဆပ်

တစ်လောကလုံးကို ချစ်တတ်လို့

သောက မိုးစက်တွေအောက်မှာ

ပန်းပျိုးနေလေရဲ့..........။ ။

ညိုလင်းမောင်(ရေဦး)

****ဤလောက....တွင်****

ဤလောကတွင် ၊ ပန်းသစ်ပင်တို့

မြင်မြင်သမျှ ၊ ယဉ်စစနှင့်

ဖူးကြငုံကြ ၊ ပွင်အာကြသည်

လောကတွက်တာ ရနံ့ဖြာ.........

ဤလောကတွင် ၊ ငှက်တေးရှင်တို့

သံစဉ်ဖွင့်ဟ ၊ တေးသီကြ၍

ကာရံသသူ ၊ နားထောင်သူတို့

ကြည်ဖြူသောတ ချိုစေ၏......

ငါ့ညီလူသွေး ၊ မောင်ယဉ်ကျေး

ကလေးဘ၀ ၊ နုစကလျင်

သင်ကြားပညာ ၊ ရအောင်ရှာ၍

ရပ်ရွာအကျိုး ၊ လောကကျိုး

မြတ်နိုးစွာမင်း ပိုးပါမင်း...... ။ ။

ညိုလင်းမောင်(ရေဦး)

#....အသဲမှာနာလို့.....မှာလိုက်မယ်....#

မြန်မာပြည်အနှံ့ပြားမှာလ

အဆီကိုစား အသားကိုမျိုလို့

တရုတ်ဆို ထိုလူးမျိုးတွေက

မဟုတ်တရားတွေ ကြံပါလို့

သယံဇာတတွေ ဖော်လို့သယ်

မြန်မာတွေမယ်ဖြင့် မွဲလို့မဆုံး

ရသမျှ အကုန်ကျုံးကာပ

တစ်ပြည်လုံးကိုတဲ့ မျိုတော့မယ်.........

ရိုင်းသနော် ထိုငနဲတွေက

မစဲနိုင် ၀ိသမဇောတွေနဲ့

မြန်မာ့မြေ ဂုတ်သွေးစုတ်ပါလို့

စီပွါးရေးတွေ လက်ဝါးကြီးအုပ်ကာပါ့

လှုပ်သမျှ ငွေနဲ့ဖုံးလို့

စည်းရုံးသမျှ ခေါင်းငြိမ့်ကြတဲ့

ဘယ်သူသေ ငတေမာရှေ့သွားအချို့က

အသားထဲက လောက်ထွက်ပါလို့

ဒို့မြန်မာ ပြည်သူတွေမှာဖြင့်

ဖောင်စီးရင်းရေငတ်

ဆင်းရဲတွင်းက နက်လှတယ်............

အရှေ့တောင်အာရှ ဒို့နိုင်ငံဖြင့်

သယံပေါလေသမျှ

ဖွတ်တရုတ်တက်လို့ မွဲရထင့်

ဗိုလ်ချုပ်အပါဝင် အာဇာနည်တွေက

ကမ္ဘာတွင် မြန်မာတင့်စေဖို့

ရဲရင့်စွာ အသက်ပေးခဲ့ပေမဲ့

ရာဇပလ္လင် ခွေးတက်သလိုပ

တရုတ်ဆို ထိုလူယုတ်တွေက

အိမ်ရှင်ကို ကျွန်ပြန်လှုပ်ပါလို့

သူခိုးစုတ်က လူဟစ်တယ်

ကျုပ်အသည်း(သဲ)မှာဖြင့် နာလို့မဆုံး...........

တောင်သူလယ်သမားတွေလည်း

စားစရာလယ်မြေပျောက်သောကြောင့်

သောကတွေ မီးလိုတောက်ကာပ

ဝမ်းနည်းကြမျက်ရည်စီ

မြန်မာပြည်ရွှေရည်တောက်စဉ်က

သျှမ်းသျှမ်းတောက် မျိုးချစ်စိတ်တွေက

တရုတ်သိပ်လို့ အိပ်နေကြသလား ရယ်လို့

ကိုယ့်ဓားကို ကိုယ်စီသွေးပါလို့

ကိုယ့်ပြည်ကို ကိုယ်စံစားခဲ့တဲ့

ရှေးမြန်မာတွေမြင်ရင် ဆဲကြလိမ့်မပ

မျိုးချစ်စိတ်တွေ ကိုယ်စီထားပါလို့

မြန်မာ့မြေ ရန်တွေဟူသမျှ

မောင်းထုတ်ကြစည်းလုံးညီ

ဒို့သွေးတကယ်နီတဲ့အကြောင်း

ဗမာပီရင် ပြလိုက်ကြဟေ့.........

အချုပ်တန်း ဆရာဖေလို

အမျိုးကိုထိ အရိုးထိအောင်နာသမို့

ဒီကဗျာရင်နဲ့ ရေးလိုက်တယ်

(မြန်မာတို့ရေ)

တရုတ်မှန်သမျှ ဒို့မြေက

မောင်းထုတ်ကြအုံး........

ထီမထင်ကျောင်းတော်သားတွေရဲ့

အမည်စဉ်ခေါင်းပေါ်ဖျားမှာလ

မင်းတို့ ဆရာကို

စာရင်းတို့ကာ ထားလိုက်ကြပေတော့ဆိုတဲ့

ဆရားကြီးသခင်ကိုယ်တော်မှိုင်းကို ရည်စူးလို့

ဦးထိပ်ပန်ဆင်

ဒို့မြန်မာတွေ အမှောင်ကင်းခါပ

အလင်းပန်းတွေ သင်းအောင်လို့

ခွပ်ဒေါင်းကို အသက်သွင်းကြမယ်

ရဲစုညီရုံး.......။ ။

ရင်တွင်းဖွဲ့ ခံစားချက်များပါ......

ညိုလင်းမောင်(ရေဦး)

#.....ပရဟိတသူရဲကောင်း.....မီအိမ်ရှင်...#

ငွေကြေးသပြာ ၊ ပြည့်စုံပါ၍

လိုတာမရှိ ၊ ချမ်းသာဘိလည်း

မရှိနွမ်းပါး ၊ ဆင်းရဲသားတို့

နားဖျားရောဂါ ၊ ဝေဒနာကို

မေတ္တာလက်ဖြင့် ကုခဲ့သည်.......

မိသားတစ်စု ၊ တားမြစ်ပြုလည်း

ဂရုဏာသခင် ၊ မီးအိမ်ရှင်သည်

အသွင်မပြောင်း ၊ သူ့လမ်းကြောင်းသို့

တိမ်းစောင်းမရှိ ရှောက်ခဲ့သည်.....

သူရှောက်ရာလမ်း ၊ အလွန်းကြမ်းလည်း

ပန်းမေတ္တာခင်း ၊ သနားခြင်းဖြင့်

လွန်မင်းယုယ ၊ သူကုသလျှက်

ကြောင့်ကျရောဂါ ၊ ဝေဒနာကို

မေတ္တာဆေးဖြင့် ပျောက်စေသည်.....

အကြောင်းမလှ ၊ လူတို့ဘ၀၏

လောကရှိုက်သံ ၊ ငိုငြီးသံကို

သည်းခံနိုးကြား ၊ စဉ်သနား၍

တတ်အားသမျှ ၊ သူယုယလျှက်

လောကအလှ ဆင်ခဲ့သည်......

ပရဟိတ ၊ မြတ်စာဂဖြင့်

ဘ၀တစ်ခု ၊ ပေးဆပ်ပြုရင်း

အတုယူဖွယ် ၊ ကြီးကျယ်မြင့်မြတ်

သူ့စိတ်ဓာတ်ကို ၊ ငါကြည်ညို၍

ညွန်းဆိုစာဖြင့် ကန်တော့သည်..

ကွန်းခိုရိပ်များ ပေါ်စေသတည်း.......။ ။

ညိုလင်းမောင်(ရေဦး)

ပုဂံဒိုင်ယာလော့ခ်

ဟိုး...အဝေးက
ပုဂံဆိုတဲ့ မြို့တော်လေး
အဲ့ဒီမြို့မှာ ရှိတဲ့
ကျောက်စားချက်တွေမှာ
ပုဂံသူ ပုဂံသားတွေရဲ့
မွန်မြတ်တဲ့ စေတနာဓာတ်တွေ
ကိန်းဝပ်နေခဲ့တယ်ထင်ပါရဲ့...

အဲ့ဒီမြို့မှာ
စီးဆင်းနေတဲ့
အမိဧရာဝတီမှာ
ပုဂံကို ချစ်တဲ့
ပုဂံသူ ပုဂံသားတွေရဲ့
သွေးတွေ
စီးဆင်းနေခဲ့တယ် ထင်ပါရဲ့...

အဲ့ဒီမြို့ရဲ့
တ၀ ဂူဘုရားမှာ
လကွယ်ညတိုင်းကြားတက်တဲ့
စောင်းသမားလေးရဲ့
ဝိညဉ်လက်ခက်သံက
သူ့ချစ်သူကို
လွမ်းမော တမ်းတနေတဲ့
ဂီတ မျက်ရည်စက်တွေ
ဖြစ်နေခဲ့မယ် ထင်ပါရဲ့
သြော်...
ဖြစ်နေခဲ့မယ်ထင်ပါရဲ့ကွယ်... ညိုလင်းမောင်(ရေဦး)

,,,,,,မြင်ကွင်း......... ................................

.မြစ်ကြီးနား ခရီးသွားငါ

၇ထာအစီး ပြန်ခရီးဝယ်

နင်.သီးဖွယ်၇ာ ကြုံခဲ.၏.......

ဟိုပင်နဘား လမ်းမကြားဝယ်

သားသမီးများ စွန်.ပြစ်ထားသည်.

သက်ကြား၇ွယ်အို အမေအိုသည်

ခွက်အိုဆွဲခါ ၀မ်းစာအတွက်

အသက်ဆက်ဖို. ၇ပ်ခါတိုးခါ

တောင်းနေ၇ှာသည်.............

အားအင်ယို.ယွင်း အိုမင်းခြင်းကြောင်.

ဖြစ်ခြင်းမလှ သူ.ဘ၀သည်

၇ရာကိုစား ခရီးသွားကို

အားကိုးခြင်းဖြင်.၇ှင်သန်၏........

မစွမ်းပျိုမြှစ် ၇င်သွေျးချစ်ကို

သဲနစ်ယုယ မိနဲ.ဖသည်

မစင်အစ သုတ်သင်ကြ၇ူ်

ချစ်ကြခင်ကြ ပြုစုကြခဲ........

တဖန်တုံ့တင် ကျေးဇူးရှင်ဖြစ်

မိခင်ချစ်ကို ဖခင်ချစ်ကို

ပြစ်ပယ်မထား သမီးသားတို.

တက်အားသမျှ ပြုစုကြစေ

မြတ်နိုးစေ

ငါလေအောင်.မေ.မိပါသတည်း........

ညိုလင်းမောင် ရေဦး

စံလွန်းတင်

သိင်္ဂါရကျေးလက်ရနံ.....................

ညနေရီနေ၀င်တစောင်း

အပျိုချောင်းဖို.ယောင်တောင်တောင

ခြင်းခက်တဲ.မောင်။။

သျှောင်တစောင်းရယ်နဲ.

မှင်ကြောင်ကိုပေါင်မှာသူထိုး။။

ဘယ်ဒူးညာခြေနဲ.

ရွာအ၀င်ညောင်ပင်ရင်းမှာ

ခြင်းခက်မျှော်ကိုး။။

ရင်ဖုံးရယ်အ်ကျီ

ဖျင်းကြမ်းနီဆင်ထဘီနဲ.

နံသာကိုဘယ်ညာကွက်

ကျေးလက်တောသူ။။

စံပယ်ဖြူတစ်ပွင့်ရယ်နဲ.

ဟန်မူကကြော့ ရှင်း။။

ပျိုလေးရယ်ကာလသားနဲ.

ရွာလယ်မှာတူဆုံတွေ.ဖို.ရယ်

ပြုံးလို.ရေဆင်း။။

ပျိုလေးကိုဒီမောင်မြင်တော.

ယဉ်လှပေါ.ကွမ်းတောင်ကိုင်။။

ရွာအ၀င်ညောင်ပင်နား

ကမ်းစပ်မှာထိုင်။။

နှစ်ကိုတိုင်

ခိုင်မြဲတဲ့သစ္စာတရား။။

မသွေဘူးရယ်လို.

ရွာဦးစေတီလေးမှာ

ရည်စူးကာသစ္စာပန်းကို

နမ်းခဲ့ကြသား.......။



ညိုလင်းမောင်ရေဦး

အားလုံးလေးစားခင်မင်စွာဖြင်. စံလွန်းတင်

ိလေး၀၀တီရခိုင်ပြည်.........

ဒွါရ၀တီ ၀တီရမ္မာ

ဓည၀တီ ၀တီမေဃ

လေး၀၀တီ ပေါင်းစုံညီ၍

ရွှေပြည်ဋ္ဌာန မြတ်ဒေသကား

နာမတွင်သည် ရခိုင်မည်ခဲ့...

အာရိယန်ဖွား မြတ်လူသားတို့

စကားစာပေ ကိုယ်ပိုင်မွေနှင့်

ကိုယ့်မြေကိုယ့်မင်း ယဉ်ကျေးခြင်းနှင့်

သီချင်းဂီတ သုခုမတို့

တည်ကြကျောက်ထက် က္ခရာမှတ်၍

မျိုးဆက်သမိုင်း ရေးခဲ့၏...

သတ်နောဒွေးတိ(၇၉၂၃) ခုနှစ်ဟိက

မြတ်သည့်ရာဇာ စောမွန်မဟာသည်

တည်ကာထွဋ်ဦး မြို့မြောက်ဦးဝယ်

ကြီးမှုးမင်းဆက် (၄၈)လေးရှစ်ဆက်ထိ

လက်ဆက်ကမ်းဘိ ထင်ရှားရှိခဲ့

မြတ်သည့်ရာဇာ မင်းဗာမင်းစော

စိတ်ဇောဖြူစင် မြတ်အရှင်တို့

ထင်ရှားတည်ရစ် သျှစ်သောင်းပုထိုး

တန်ခိုးထည်ဝါ ရာဇ၀င်သစ်

သမိုင်းဖြစ်ခဲ့ ထပ်သစ်မင်းဖလောင်း

ကောင်းမှုသိမ်တော် အံ့ဖွယ်ကျော်ခဲ့

မဟော်မျိုးနွယ် ထည်ခဲ့သည်...

ရွှေပြည်မဟာ သာသနာမြတ်

ထွန်းတောက်လက်၍ မြင့်မြတ်ဋ္ဌာနီ

ရခိုင်ပြည်သို့ မျှော်ရည်မှန်းဆ

ကာဗျဖွဲ့ဆို လွမ်းစိတ်ပိုမိ

အို...ရခိုင်ပြည်နေကောင်းပါလေစ...

ညိုလင်းမောင်(ရေဦး)

စံလွန်းတင်

မြန်မာပြည် နေ၀င်တော.မည်လော*.....

ဟိုပုဂံခေတ်ဆီက

မင်းစောနော်ရထာကစပါလို့

ပထမမြန်မာပြည်ရယ်လို့

တည်ခဲ့တဲ့ရွှေပြည်မဟာသည်

ပြည်ဒေသာသီဟိုဠ်စခန်းဆီက

ရဟန်းတော်ရှင်အရဟံကြွမြန်းပါလို

သုဝဏ္ဏဘုမ္မိပြည်နန်းဆီက

မနုဟာရာဇာပူဇော်ထားပါတဲ့

ရွှေသုံးဖြာပိဋကတ်တော်ကိုလ

လေးမြတ်စွာပင့်ဆောင်ပြီးပါမှ

ရှုမငြီးဖွယ်ရွှေစေတီတွေနဲ့

ဗုဒ္ဓဘာသာမြန်မာပြည်ရယ်လို့

အခြေတည်ခါရွှေပြည်စည်ခဲ့ပါပေါ့

ပန်းစကားတတန်မြကန်ကိုအစခံပါလို့

ပန်းဆယ်တန်စာပေဂီတသုခုမရယ်နဲ့

ထည်ဝါစွာယဉ်ကျေးမှုအစုစုတို့ကိုဖြင့်

မြင်းကပါသရပါအနီးမှာလ

ရေးထုတာကျောက်ထက်အက္ခရာတွေမပျက်သေးပါဘူး

မမြင်ဖူးရင်သွားကြည့်ကြပါကွဲ့

ယနေ့ထက်ထိတိုင်ရှိသေးတယ်...။ ။

ကုန်းဘောင်ကိုမြင်ယောင်မိပြန်တော့

မုဆိုးဖိုရွှေဘိုသားကိုဖြင့်

ရန်သူမှန်နောက်ပြန်မကြည့်ဝံ့ခဲ့ပါဘူး

ဒုတိယမြန်မာနိုင်ငံအပေါင်းကိုလည်း

ဝါးရင်းတုတ်တစ်ချောင်းရယ်နဲ့ထူထောင်ခဲ့ပါပေါ့

ကမ္ဘာတွင်ဘာမထင်လိုက်ပုံက

ရာဇ၀င်တွင်စာတင်ရစ်ပါပေါ့

ကိုလိုနီတခေတ်တွင်လည်း

သွေးသစ်အာဇာနည်ဗိုလ်အောင်ဆန်းရယ်က

လန်ဒန်မှာဓားကိုလွယ်ပါလို့

အောင်ဆန်းအက်တလီစာချူပ်ချူပ်ခါပ

မျက်နှာဖြူနယ်ချဲ့ယုတ်ကိုလည်း

ဝင့်ကြွားစွာမောင်းထုတ်ခဲ့ပါပေါ

တိုင်းနဲ့ပြည်ပင်လုံစာချူပ်ရယ်နဲ့

ကျူပ်တို့မြန်မာပြည်ရုပ်လုံးပီစေခဲ့

မြန်မာပြည်တင်မကပါဘူး

ကမ္ဘာတခွင်သိခဲ့ကြပါပေါ့

မြန်မာပြည်ကမြန်မာတွေရယ်...။ ။

ပုဂံပြည်ကစပါလို့

ခေတ်ရှစ်လီရွှေပြည်တည်ခဲ့ပါပေါ့

နောက်လည်ကာပြန်မလွမ်းချင်ပေမယ့်

ခုတော့ဖြင့်ပြန်တမ်းတမိပါပေါ့

ရန်စကိုမြူမကျန်ရှင်းကာပ

အသက်နဲ့ရင်းကာတသွယ်

ပြည်မြန်မာကိုကာကွယ်ခဲ့ပါတဲ့

ရှေးရာဇာဘာမထီအာဇာနည်တွေရယ်ထကြည်ကြ့ပါဦး

ကျူပ်တို့မြန်မာပြည်ဖြစ်နေလိုက်ပုံက

သာသနာ့အာဇာနည်

လယ်တီဆရာတော်တည်ကာထားခဲ့ပါတဲ့

ရွှေစေတီသာသနာ့အမွေတွေနဲ့တကွ

အနိစ္စကြွပြောင်းတော့မယ့်လက်ပတောင်းတောင်လည်း

တရုတ်ဖြောင်လို့ပြောင်တော့မယ်ထင့်

တောင်စွယ်နေမကွယ်သေးပေမယ့်

မြန်မာပြည်တရုတ်ဝယ်လို့ကွယ်တော့မလားကွဲ့

မြန်မာပြည်သားအစစ်မို့ ပူရတယ်

ဘူးသီးတောင်ရခိုင်ပြည်တလွှားမှာလည်း

သရေပေါ်အိပ်သရေနားပြန်စားပါတဲ့

ကုလားဆိုထိုလူယုတ်တွေက

ရခိုင်ဟုတ်ရင်ဓားနဲ့ခုတ်ပါလို့

ရခိုင်ပြည်ပြုတ်ပြုတ်ပြုန်းအောင်ပ

မီးလုံးတိုက်ပြာချတယ်

ဒါနဲ့တင်မပြီးပါဘူး

မြန်မာအမျိုးသမီးမှန်ရင်အကြံယုတ်တွေနဲ့

အဓမ္မတသွယ်သွယ်မလွယ်ရင်ငွေနဲ့ပေါက်ပါလို့

နည်းမျိုးစုံပရိယာယ်သုံးခါပ

လူမျိုးဘာသာအညွှန့်တုန်းစေဖို့

မြန်မာပြည်ပေါက်နေတဲ့ကုလားတွေနဲ

ရိုဟင်ဂျာတွေလည်းမနည်းပါဘူး

ဒီပုံဆိုနောင်(၃)ရာစုလောက်ကြာရင်ဖြင့်

အောင်မလေး..ကျူပ်ဖြင့်မတွေးဝံ့တော့ပါဘူး

ရင်လေးလို့မြင်ယောင်ပါသေး...။ ။

တရုတ်ကမြေမျို ကုလားကလူမျိုနဲ့

မြန်မာဆိုတာကမ္ဘာမှာပျောက်ကွယ်မသွားကြစေဖို့

သတိထားကြပါကွဲ့

ဇီဝိတကိုပဓာနမထားပါနဲ့

စောင့်ရှောက်ပါစည်းလုံးညီပါလို့

အညာမြေတောင်စစ်ကိုင်းဆီက

ဆရာမှိုင်းပူသလိုပူရလို့

အညာတခိုကမောင်ညို စာဆိုခါမှာလိုက်ပါရဲ့

ပုဂံကစခေတ်ရှစ်လီထိ

အရှည်တည်ခါစောင့်ရှောက်ကာကွယ်ခဲ့ပါလို့

ထွန်းတောက်ခဲ့ပါတဲ့မြန်မာပြည်

ဗမာ(မြန်မာ)ပီရင်ထိန်းသိမ်းကာကွယ်ကြပါကွဲ့

ဘိုးဘေးမြန်မာတွေလက်နဲ့ရေးခဲ့တာဖြင့်

ချင့်တွက်ကာထိန်းသိမ်းကြပါဗျိုး.

ကျူပ်ရှိခိုးကာအသနားခံပါရဲ့

ဟိုးအထက်ကမြန်မာတွေရယ်

လှည်းနေလှေအောင်းမြင်းဇောင်းမကျန်ပ

ကိုယ်နဲ့မဆိုင်သလိုမနေကြပါနဲ့

အ၀တ်တန်ဆာစာပေယဉ်ကျေးမှုအစုစုရယ်နဲ့

လူမျိုးဘာသာသာသနာပါပျောက်ကွယ်လုချင်သမို့

အူနုကျွဲခတ်တာထက်ခံရခက်သည်မို့

"မြန်မာပြည်နေ၀င်တော့မည်လား"ရယ်လို့

တွေးဆကာမိတ်ဆွေများကိုဖြင့်

မေးပါရစေလေး...။ ။

အားလုံးကိုလေးစားခင်မင်စွာဖြင့်

ညိုလင်းမောင်(ရေဦး)စံလွန်းတင်
မဟာလေးချိုးကြီး

****ကောင်မလေး......သို့....****

ကောင်မလေးရေ

တကယ်မချစ်ပဲနဲ့များ

ငါချစ်ခဲ့ပါ့မလား

အခုတော့

တလောကလုံး

တမိုးလုံးအောက်မှာ

ငါချစ်တာက မင်းတစ်ယောက်ထဲ......

တကယ်ချစ်တာကို

ဗီးနပ်စ်က သိပါလျှက်နဲ့

ဘာကြောင့်များ အလွမ်းတွေနဲ့

မှတ်ကျောက်တင် ကြည့်နေတာပါလိမ့်.......

အခုတော့

နံနက်ဖြန်တိုင်း နံနက်တိုင်းက

ကျောက်ဆူးချလို့ မရတဲ့ အိပ်မက်တွေနဲ့.....

ကတ်ကြေးတစ်လက်ပေးပါ

ကောင်းကင်ကို အထည်ချုပ်ပြီး

ကောင်းမလေးကို ဆင်မြန်းပေးမလို့

ကြယ်တွေ ကြွေပေးပါ

ကြယ်ပွင့်တွေကို

တစ်ပွင်စီ သီပြီး

ကောင်မလေးရဲ့ ကေသာ မှာ

ဆင်မြန်းပေးမလို့

ဖြစ်နိုင်ရင်

ကောင်မလေးကို ရင်ဘတ်ထဲ မှာထည့်ပြီး

ထာဝရ သိမ်းထားချင်ရဲ့

သံသရာ မဆုံး မချင်းပေါ့.....

ထင်မထားခဲ့ဘူး

အင်မတန်တည်ငြိမ်တဲ့

နှလုံးသား ရေပြင်က

ကောင်မလေးနဲ့ တွေ့မှ

လှိုင်းထန်သွားမယ်လို့

အခုတော့

နံနက်ဖြန်တိုင်း နံနက်တိုင်းက

ကျောက်ဆူးချလို့ မရတဲ့

အလွမ်းတွေနဲ့.......။ ။

ညိုလင်းမောင်(ရေဦး).....ရင်တွင်းဖြစ်(မူပိုင်)

*လူမိုက် နောင်တ*

ရုပ်နမ်ဥပါဒ် ကြောင်းကံစပ်၍

ဖြစ်ပျက်ခဏ လူ.ဘ၀၀ယ်

နတ္တကိုပင် အတ္တထင်ခါ

မမြင်မိုက်မှား မောဟများ၍

နေ.များနှစ်လကုန်ခဲ.ပြီ....

ခါတစ်နေ.သော်

ငယ်သူငယ်ချင်း ချစ်ခင်ရင်းမှ

အတင်းခေါ်ရာ သေမင်းရွာသို.

လိုက်ပါသွားရ အနိစ္စကို

လောကထဲတွင် ငါတွေ.မြင်မှ

ဒီသင်္ခါရ မရဏကို

တွေးစဆင်ခြင်မိလေ၏.......

ဤခန္တာစ လူ.လောကသည်

ဘာမှမပိုင် ဆိုင်သာဆိုင်ခဲ.

တတိုင်ဆီမီး ထွန်းလင်းပြီးသော်

လောင်မီးပြာကျ ကုန်ခမ်းရ၏

ခဏဖြစ်ရ လူ.ဘ၀၀ယ်

ကမ္မ`ကောင်းမူ ငါတို.ပြုမှ

ယခုပစ္စုပ္ပန် လူဖြစ်မှန်မည်

အတန်တန်အောင်.မေ.မိသည်တကား ........

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

စံလွန်းတင်

အားလုံးကိုလေစားခင်မင်စွာဖြင်.

နန်တော်ရှေ.က ဆရာတင်

အောင်ပင်လယ်စား ဆိုင်းသမားဟု

ထင်ရှားကျော်တွင် ဆရာတင်ကား

နန်းရင်ပြင်ရှေ. သူပျော်မွှေ.ခဲ.

မမေ.နိုင်ရာ သူ.ခြေရာတို.

ထင်ကာမန်းတွင်ကျန်ခဲ.၏....

လက်ရည်တပြင်တည်း ဒေါင်းလန်းကြီးဟု

ဆိုတီးစပြု မြန်မာမှု.ကို

ယုယမြတ်နိုး ဂုဏ်မညိုးအောင်

ကြိုးစားဖေါ်ထုတ် နယ်ချဲ.ယုတ်လည်း

စက်ဆုပ်တော်လှန် ဇာတိမာန်ဖြင်.

မြန်မာပြည်သား လူငယ်များကို

နိုးကြားထကြွ တော်လှန်ကြဖို.

ဝါဒကျေး၇ွာ အောင်ဇေယျာဟု

စဖြာသီချင်း သီဆိုရင်းဖြင်.

အလင်းေ၇ှ.ဆောင်ပြခဲ.သည်....

စစ်ကိုင်းတံတား ဖွင်.လှစ်ငြားသော်

လုပ်အားလူထု ညှင်းပန်းမူဖြင်.

ငတ်ပြုမွဲတေ ပြည်သူတွေကို

သူလေမြင်ရ ၀မ်းနည်းလှရ်ျု

ဂီတဖွဲ.ဆိုငိုခဲ.သည်.....

တဖန်စပ်သွယ် သုံးရောင်ခြယ်နှင်.

နွယ်ဇာတိမာန် ဖေါ်ထုတ်ပြန်ခဲ.

တော်လှန်စက်ဆုပ် နယ်ချဲ.ယုတ်၏

ဖမ်ချူပ်ထောင်းထု ညှင်းပန်းပြုလည်း

မမှု.အာခံ သီချင်းသံဖြင်.

တော်လှန်ခဲ.သည်.ဆရာတင်....

မန်းတောင်ရိပ်ခို ညိုပြာညက်ချော

သဘောဖြူဖြူ မန္တ္လာလာသူကို

ကြည်ဖြူတေးသီ သီချင်းစီပြန်

ငါးမည်အညာေ၇ွှနံသာဖြင်.

လည်လာပျိုဖြူ ရန်ကုန်သူကို

ရည်တူမြတ်လေး လက်ဆောင်ပေးခဲ.

ရေးဖွဲ.သီချယ် အောင်ပင်လယ်လည်း

လွမ်းတယ်ဆိုတဲ.ဆရာတင်....

သူ၏ဂီတ သုခုမဖြင်.

မြန်မာ.တစ်ခွင် အလှဆင်ခဲ.

ထင်ကျန်ခဲ.ပေ. နန်တော်ရှေ.တွင်

မမေ.နိုင်ရာ သူ.ခြေရာတို.

ငါ.မှာမြင်မိ လွမ်းမောမိရ်ျ

ရေးမိဖွဲ.မိ ကြည်ညိုမိသည်

(သြော်)နန်းတော်ရှေ.ကဆရာတင်

ဂတိနတ်ရွာလားပါစေ

လွမ်းသူစာခွေ ခွေမိသတည်း ......



ညိုလင်းမောင်(ရေဦး) ရင်တွင်းဖြစ်

အားလုံးကိုလေးစားခင်မင်စွာဖြင် (စံလွန်းတင်)

အညတရ ရဲ. တစ်ပိုင်းတစ်စသီအိုရီများ(2)

ကျောက်ဖျာထက်မှာ

မက်မုံစေ.ကိုပျိုးမိကြသူများ

ဆော.ခရတ္တိံ၇ဲ.ဒဿနတွေက

ဂရိပြည်အတွက်

ဟာသများဖြစ်ခဲ.လေသလား..

စိန်နားကပ်ရောင်ကြောင်.ပါးပြောင်ကြသူများ

ဆရာဝန်တစ်ရောက်ရဲ.အမှား

မြေကြီးတွေကဖုန်းလိုက်ကြဖိလိုက်ကြ

ကဗျာဆရာတစ်ယောက်ရဲ.အမှား

စာမျက်နှာတွေက၇ယ်လိုက်ကြဟားလိုက်ကြ

သည်အရပ်နဲ.သည်ဇာတ်

မနေတက်တော.လည်းအဆဲခံခဲ.ရ

အမှန်နဲ.အမှား

အမှားနဲ.အမှန်

တကယ်တော.လည်းဖိနပ်တစ်ရံပါပဲလေ...

ပတ်ဝန်းကျင်ကတော.ပြောတာပါ

အလကားကောင်ပါကွာတဲ.

ဟုတ်ကဲ.

တခုခုဆိုရင်ကောင်းပါတယ်

ဘာမှမဟုတ်တာပိုကောင်းတယ်

သုဿန်တစပြင်ကကမ္ပည်းမှတ်တိုင်မျာ

ပြီးတော.လည်းပြီးတာပါပဲ

အဓိကကတော...

အဘိဓမ္မဒ္မဿနအရ

သုညတလုံးကိုရှာကြည်.ခဲ.ဘူးရ..

ကမ္ဘာကြီးကိုဆေးကုသူများ

အိုဇုံးလွှာစားသုံးသူများ

လမ်းဘေးကအရူးကပြောတယ်

အရူးတွေပါကွာဆိုလား...

ယဉ်ကျေးမှုအတုထဲက

ပုတ်သိုးနေတဲ.၀က်သစ်ချသီးတွေကုလည်း

မြိန်ရေယှတ်ရေစားသုံးနေကြ

အရောင်များ

ကောက်ကြောင်းများ

ပေါ်ဥိးသက်ရဲ.ပန်းချီကားလို

ဇောက်ထိုးကြည်.မှပဲ

တည်.တည်.မြင်ရတော.တယ်

လောကကတော.သြချလောက်ပါ၇ဲ.

သူငယ်ချင်းတွေကတော.ပြောတာပဲ

ဂေါက်တောက်တောက်ဆိုဒ်ကိုဆိုပဲ

လောကကြီးမှာလူတွေ

ပျားပန်းခက်ပျာလောင်ခက်နေတာကို

အေးအေးလူလူထိုင်ကြည်.ရင်း

ဂလိုဘယ်လိုက်ဇေးရှင်းလို.

လေလုံးထွားထွားနဲ.ကြွေးကြော်ရင်

ကဗျာတွေထိုင်စပ်နေမိတာ

ခေါင်မိုးကကြယ်မြင်လမြင်...

ခြေသုပ်ပုဆိုးတော.ခြေသုပ်ပုဆိုးပဲ

အနုပညာနဲ.ရိုးသားမှုအတွက်

အစွယ်တော.ချိုးမထားဘူး...

ဝန်စည်တွေကိုထမ်းထားရ

သတ္တ္လါဝါတွေကိုပိုက်ထွေးရနဲ.

ပင်လယ်ရဲ.ဒုက္ခလည်းမသေးပါလား

ဒါတောင်မှ

လရောင်နဲ.နှောင်ဖွဲ.ပြီး

နေထွက်ချိန်တွေကိုမေ.လျော.နေသေး..

ကွန်ဖြူးစီးရပ်ကတော.ပြောတာပဲ

မှောင်လွန်းတယ်လို.ညီးညူနေမဲ.အစား

တက်နိုင်သလောက်

ဖယောင်းတိုင်တစ်တိုင်လောက်ကောက်ထွန်းခဲ.ပါဆိုလား

ပိုးစွန်ကြူးတစ်ကောင်လောက်ရဲ.

စွမ်းဆောင်နိုင်မှုလောက်ပဲဖြစ်ဖြစ်

လောကမြေတလင်းအတွက်

ငါလင်းလက်ခဲ.ချင်သေးရဲ. ...

ဘာတွေပဲဖြစ်ဖြစ်

ဘာမှဖြစ်စရာမလိုပါဘူး

တကယ်တော.

အရာအားလုံး

သူ.သဘောသူဆောင်ပြီး

သူသဘောတရားနဲ.သူစီဆင်းကြတာပါပဲေ

ဒါတွေကိုသေသေချာချာသိတဲ.နေ.

လောကကြီးမှာလူတွေ

လွတ် မြောက် သွား ကြ တာ ပါ ပဲ လေ ......

အားလုံးကိုလေးစားခင်မင်စွာဖြင်. ညိုလင်းမောင်(ရေဦး) ရင်တွင်းဖြစ်(စံလွန်းတင်)

သလ္လာဝတီသွား ရေလား(ရတု)

ဝန်းကျင်ခိုခို မြူမုံစိုရ်ျ လှိုက်ဖိုလုလု လွမ်းရတုဝယ် အနုသလ္လာ မြစ်အညာသို တခါတခေါက် သွားလာရောက်သော် တလျှောက်မြစ်ပြင် လှိုင်းနုဆင်သည် ညှင်ညှင်သာသာ လေကညာတို. သာယာပျံ့ပျူး ကခုံမြူး၏ ကြည်နူးအံဖွယ် စေတီငယ်လည်း ကမ်းဝယ်ကမ်းပါး ဆည်းလှည်းများဖြင်. လူးလာလေညှင်း ဆော်ခတ်သွန်းသော်မယွန်းသံချို နားဝယ်ခိုခဲ. နုပျိုဘာဝ သူ.ဂီတကို နားကကြားတုံ သောတလှုံမိဘော်ခုံကမ်းစပ် လှိုင်းနဲ.ဟပ်ရ်ျ စပ်ဟပ်ပီ၇ိ ပေါာင်းဖော်မိသော် အရှိဘာဝ မြစ်ဂီတကို ငါကတဖန် ကြားရပြန်ခဲ.ကာရံသရချိုတော.သည်။

မင်းလွင်လိုလို မြစ်တခိုဝယ် ရေညိုရစ်သမ်း မြစ်တလမ်းဝယ် ငါးဖမ်းငါးရှာ ကိုတငါတို. ၀မ်းစာရှာဖွေ လက်သုံးလှေနှင်.မြစ်ရေတကြော စုံဆန်မျောရှာ တကြောတခွင် မြစ်ရေပြင်ဝယ် ရွှေကျင်ရွှေချ သက်မွေးကြနှင့် ဘော်လွှသောင်ခုံ တဲနန်းဘုံတို. စုံစုံညီညီ စီရရီတည်း ဆွေလီမောင်နှံ ဟသာင်္ပျံရ်ျ သောင်ယံထက်တွင် မြူးပျော်ကြင်လျက် ငှက်စင်ယောစု လှိုင်းမာန်တုကာ ငုပ်ပြုပေါ်ချီ စာရှာသည်.ဟန် စာဝပြန်သော် ၀ါသံဌာနခိုတော.သည်။

ဆင်းသွင်ညိုညို ရေတခိုဝယ် လူညိုယောင်္ကျား ဖောင်သမားတို. သစ်ဝါးဖောင်ဖွဲ. အားမာန်ထည်.ကာ ထိုးပဲ.ကိုကိုင် အားမာန်ပြိုင်ရ်ျ ဆိုင်ဆိုင်ညီညီ ဖောင်မျှောသည်တည်း ကမ်းဆီကမ်းလျေက် ရိုးတလျောက်လည်း ပေါက်ရောက်သစ်ပင် စိမ်းလွင်လွင်နှင်. ကမ်းတွင်ကျန်ရစ် နုံးမြေနှစ်ကို အားသစ်ကြိုးကူ ကိုတောင်သူတို. ကိုယ်ထူကိုထ စိုက်ပျိုးကြပြန် သည်မှရော်ရီ လှမ်းမျော်ဆီသော် ဝေသီခေါင်ဖျား တောင်တန်းများတို. ခန်.ညားပတ်လည် စိမ်းရောင်စီ၇်ျ နှင်းရည်ပတ်ဝိုင်း မြူမှောင်ုဆိင်းခဲ. အုံ့မှိုင်းညိုညို တောတခိုနှင်. သောင်စိုလွှလွှမြင်ပြန်ရသော် စိတ်ကမခိုင် လွမ်စိတ်ယိုင်မိထိုင်မှိုင်ဆွေးပြန် သည်ကမ်းယံဝယ် ဇာသံကာသညိုတော.သည်။

(စံလွန်းတင်) ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

တော်စတွိုင်းပြောခဲ.သလော

ရှေးပြုကမ္မ` အကြောင်းလှရ်ျ

လှပပြည်.စုံ လူကုန်ထုံ၏

ရိပ်မြုံရပ်ဝန်း သူကြီးပြင်းခဲ.

အချင်းပညာ ဂုဏ်ထည်ဝါခါ

ကြင်ယာဇနီး သားသမီးနှင်.

ကြီးမားချမ်းသာ နတ်ဂေဟာဝယ်

မောက်မာမေ.လျော.နေမိသည်...

သူပိုင်ဆိုင်ရာ လယ်များစွာတွင်

လယ်လာလုပ်စား လယ်သမားတို.

ကြိုးစားကြိုးကုပ် စုတ်ပြတ်ဆင်းရဲ

ချွေးသံရဲဖြင်. အားခဲဝမ်းစာ

သူတို.ရှာလည်း ၀မ်းစာမဝ

ခါးမလှနှင်. ဘ၀များစွာ

ရုပ်ပုံလွှာကို မြင်ကာတွေးကြည်.

လေ.လာမိခဲ. ....

အရင်းရှင်စနစ် ထွန်းကားလှစ်သည်.

သူ.ခေတ်သူ.ခါ လူတန်းလွှာတို.

အာသာလောဘ ကိုယ်.အတ္တကြောင်.

ဘ၀နွမ်းပါး လယ်သမားများပေါ်

သနားချစ်ခင် မေတ္တာဝင်ခဲ.

ခုံမင်တွယ်တာ မက်မောပါလည်း

သေချာတွေးကြည်. အနှစ်မရှိသည်.

မိမိပိုင်ရာ များဥစ္စာကို

စွန်.ခါပေးကမ်း သူလှုဒါန်းခါ

တဲနန်းဘုံတွင် ဘ၀သွင်ကို

ပြုပြင်ပြောင်းလဲ လယ်တောထဲတွင်

ရဲရဲမွှေ.လျော်ပြခဲ.သည်....

သားနှင်.သမီး ချစ်ဇနီးတို.

စွန်.ပြီးပစ်ခွာ သွားလေပါလည်း

လယ်ယာထဲတွင်ရိုးဂုဏ်မင်ရျု

ဖြူစင်မနော စိတ်သဘောနှင်.

ရေးပြောစပ်ပြု စာရေးမှုနှင်.

မှောင်ထုဖုံးလွှမ်း လောကလမ်းတွက်

ပေးဝေအလင်းဖြန်.ခဲ.သည်.....

ရာထူးအာဏာ ဂုဏ်ဥစ္စာတို.

သေချာတွေးကြည်. အနှစ်မရှိဘူး

မြတ်သည်.စာဂါ ကျင်.သီလာဖြင်.

ပညာဆီမီး ထွန်းလင်းပြီးသော်

ကိုယ်တည်းဆန္ဒ ကိုယ်.အတ္တ္ထထက်

ပရအကျိုး မင်းသယ်ပိုးမှ

တန်းဖိုးရှိလှ လူ.ဘ၀သည်

လှပလိမ်.မည် မလွဲပြီဟု

သူသည်ပြောပြခဲ.လေသလော..... (စံလွန်းတင်)

အားလုံးကိုလေးစားခင်မင်လျက် ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

သောက တောင်အငူ

စနစ်ပြောင်းရင်

ခေတ်ကောင်းမယ်ပေါ.

အခုတော.

မဖြစ်ကောင်းတဲ.လက်ပံတောင်းအရေး

ရဟန်းရှင်တွေသွေးမြေမြုပ်

မီးဖုတ်လို.သဂြိုလ်ကြ

ဖအေ.သားပီသကြပါရဲ.xxx

မသေအရှင်နဲ.ရဟန်းငယ်အပေါင်းကို

ထေလယ်တီမျက်မြင်အပါးမှာ

ဦးထိပ်တင်ထေရာများကိုမှ

ခွေးစိတ်ဝင်မိစ္ဆာ္တတပါးတို.ရယ်

ကွယ်.....ပြုရက်လေခြင်း ......အမည်မသိစာဆို

နွေဦး

ဆောင်းအကုန်

နွေအကူး

နွေဦးပေမို.

လေရူးရယ်တဲ.တသုန်သုန်

မြူနှင်းငယ်မှုံတို.

ခင်တန်းငယ်စုံမြိုင်တွင်း

လွမ်းဖွယ်ပကျင်း ......+

ဥသြငယ်မည်

ဘယ်ဆီဝယ်ရော်ရမ်း

လွမ်းတော်မှူလို.စာကိုစီ

ဒီရာသီနွေဦးမှာ

ရွယ်ကူးခါမေ.ကိုတမ်းလို.ရယ်

(ကွယ်) လွမ်းရလေခြင်း ...x အားလုံးကိုလေးစားစွာဖြင်.

စံလွန်းတင်

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

သူကရရာဇာ ၀က်မင်း(ပျို.)

ထုံးတမ်းနည်းလာ ရှေးအခါကား

သက်လျာဗောဓိ ၀က်ဖြစ်ဘိ၍

နုသည်.ပါရမီ ရင်.ကျတ်မှီအောင်

ဖြည်.သည်.ခဏ တစ်ဘ၀၀ယ်

ဗျဂ္ဃကျားယုတ် ၀က်တစ်အုပ်ကို

ကုတ်ခါကိုတ်ဝါး နေ.စဉ်စား၍

ဝက်များဒုက္ခ ကြုံတွေ.ရသော်

သဟမျိုးဆွေ ရန်ပေါင်းထွေကို

အသေခံကာ စောင်.ရှောက်ပါဖို.

သက်လျာဗောဓိ အောင်.မေ.မိသည်

သတိရင်မှာကိန်းဘိသည်..........။

ဘုန်းကံသမ္ဘာ ဗောဓိလျာကို

ရာဇာတင်ပြုပေါင်းရုံးစု၍

အမှုခပ်သိမ်း ရန်ပြေငြိမ်းဖို.

ခပ်သိမ်းမျိုးဆွေ ညီညွတ်စေခါ

မသွေတစိတ် မျိုးချစ်စိတ်ဖြင်.

နုတ်မိန်.မြွတ်ကြား မင်းစကားအား

မှတ်သားနာယူ ကျားရန်သူကို

တူတူဖြိုဖျက် မှုန်.ချေလက်၏

အသက်အတ္တ ကိုယ်.ဟိတကို

မုချစွန်.ပယ် ဗောဓိနွယ်သည်

နှိုင်းဖွယ်မရှိ လွန်မြတ်ဘိခဲ.

ဥာတိဇာတာစောင်.ဘိသည်.......။

သူကရရာဇာ ထုံးနည်းလာသို.

ပမာမှတ်ရှု. မင်းလုပ်ပြုသော်

အမှုခပ်သိမ်း ရန်ပြေငြိမ်းဖို.

အေးငြိမ်းချမ်းသာ တိုင်းပြည်ရွာကို

သာယာစေမှု လုံလပြုလျက်

မိတ္တ္လက္ခူ ပြည်.ရန်ဟူက

ကျူပင်ကိုခုတ် ကျူငုတ်မကျန်

တွန်းလှန်ချေဖျက် နှင်ထုတ်အပ်၏

ရှေ.သက်နွားလား ဖြောင်.ဖြောင်.သွားသော်

နောက်နွားတသိုက် ဖြောင်.ဖြောင်.လိုက်သို.

စရိုက်သာကီ မြန်မာပြည်ဖွား

ညီနောင်များတို.တသားတသွေး

ပေါင်းစည်းဝေးခါ တို.ဘေးမျိုးနွယ်

မပျောက်ကွယ်ဖို. ရင်ဝယ်သတိ

အစဉ်ရှိလော. ဘမိတိုင်းပြည်

အရှည်တည်အောင် မြူချည်ဆံမျှ

မပျောက်ရှဖို. စောင့်ကြထိန်းကြ

ကာကွယ်ကြမည်

ရွှေပြည်ကမ္ဘာတည်စေ.မည်.........။

အားလုံးကိုလေးစားခင်မင်လျက် (စံလွန်းတင်)

ညိုလင်းမောင်(ရေဦ)ကိုယ်တိုင်ရေ

ရည်သန်ဆန္ဒ

သစ်ကိုင်းထက်တွင် နားခိုဝင်သည်.

အသင်ငှက်ငယ် ဝေးရာနယ်သို.

ရည်ရွယ်ပျံချင်ပျံပါသင်.........

မပျံသေးခင် သင်.၀န်းကျင်တွက်

သံစဉ်ချိုမြ သင်ဖွင်.ဟဖို.

ငါကတော.တပါလို၏......

ပင်ယံထက်တွင် ပွင်.ဖူးယဉ်သည်.

အသင်ပန်းငယ် ခူးရာနယ်သို.

ရည်ရွယ်သွားလိုသွားပါသင်.....

သင်မသွားခင် သင်.၀န်းကျင်တွက်

ကြိုင်လွင်ရနံ သင်ကြဲဖြန်.ဖို.

ရည်သန်တောင်.တမိပါ၏..........

ဘ၀လမ်းတွင် ခေတ္တမင်သည်.

အသင်မိတ်ဆွေ မခင်ချေက

နေပါအဆွေ သွားပါလေ..........

ဘ၀လမ်းတွင် နားခိုဝင်ခိုက်

အသင်မေတ္တာ စေတနာတို.

လူ.ရွာလန်းရွှင် ပွင်.စေချင်မိ

ရင်ကတောင်.တမိပါ၏........

မသွေပါလို ငါကဆိုလည်း

ငါဆိုမရ သွေကြရ၏..

မကွေကွင်းခင် လမ်းကြုံစဉ်ဝယ်

ဖြူစင်နှလုံး တူယှဉ်ပြုံးခါ

အမုန်းမဖက် လောကတွက်တာ

ပေးဆပ်ခဲ.ကြပါဦးစို. ..........

အားလုံးကိုလေးစားစွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး)ကိုယ်တိုင်ရေး

အိုဘယ်. ဗေဒါပန်း

ဧရာရယ်နဒီ

စုံချည်ဆန်ချည်နဲ.ဗေဒါပန်း

ကမ်း ဘယ်ဝယ်ခို ။ ။

ငိုမလို

ရယ်မလို

ဗေဒါပျိုဘယ်ကိုလှမ်း ။ ။

လှိုင်းဘောင်ဘင်ဘယ်လိုခတ်သောလည်

ပွင်.ချပ်တွေခေါင်းမှာတင်.လို.ရယ်

ဝင်. လိုက်တဲ. ပန်း ။ ။

အားလုံးကိုလေးစားခင်မင်စွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင် (ရေဦး) ရင်တွင်းဖြစ်

ကလောင်တစ်လက် ဓါးတစ်လက်

ငါ.တိုင်းပြည်အတွက်

ကလောင်တစ်လက် ဓါးတစ်လက်နဲ.

ပေးဆပ်ဖို.ရာ အသင်.ပါ .....

ငါတို.ဘာသာ သာသနာနှင်.

ပြည်ရွာကိုဖျက် မရက်စက်နဲ.

ဓါးထက်အောင်လည်းသွေးထားတယ် .....

ငါတို.စာပေ ကိုယ်.အမွေကို

ကျေပျက်ဆိတ်သုဉ်း အညွှန်.တုန်းအောင်

သင်ပုန်းချေဖျက် မရက်စက်နဲ.

ကလောင်ထက်အောင်လည်းသွေးထားတယ် .......

ကလောင်တစ်လက် ဓါးတစ်လက်နဲ.

အသက်ရှင်သည်တိုင်းပြည်အတွက် ..........။

အားလုံးကိုလေးစားစွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင် (ရေဦး) ရင်တွင်းဖြစ်

လောကနတ်၏ စည်းခတ်သံ

ရှေးသရောအခါ ထက်အာကာဝယ်

တိမ်လွှာစားတက် ဆင်မင်းမြတ်နှင်.

ရန်ဖက်ခြင်္သေ. ရင်ဆိုင်တွေ.သော်

အငွေ.ဒေါသဟုန်းဟုန်းထ၏ .....

သူတို.ဒေါထ ရန်တွေ.ကြစဉ်

လောကနတ်မင်း စည်းဝါးခင်းရ်ျ

ညှင်းသာနုပျောင်း သံစဉ်လောင်းခါ

အပေါင်းသတ္တ၀ါ ရန်များစွာကို

မေတ္တာတေးသီ ငြိမ်းစေပြီတည်. .........

(သူငယ်ချင်းတို.ရေ)

လောကနတ်၏ စည်းခတ်သံပမာ

လင်္ကာအာလုပ် တို.ဖွင်.ထုတ်ရ်ျ

ထုတ်နုတ်ဂီတ သုခုမဆို

အငိုသောက လူ.လောကကို

အေးမြစေဖို. တေးသီစို. ကွယ်......

အားလုံးကိုလေးစားခင်မင်စွာဖြင်.နှစ်သစ်ကဗျာလက်ဆောင်ပေးပို.ပါသည

အားလုံးပျော်ရွှင်စွာနှစ်သစ်ကိုကူးကြပါစို.

ညိုလင်းမောင် (ရေဦး) စံလွန်းတင် ကိုယ်တိုင်ရေး

လွပ်လပ်ရေးနေ.ဒို.မမေ.

လမင်းမျက်လုံး ရာဟုဖုံးသို.

ယူကျုံးမရ ဖြစ်ခဲ.ရသည်

မြန်မာ.သမိုင်းရာဇ၀င် ....

ထီးသုဉ်းနန်းသုဉ်း စည်းကမ်းသုဉ်းရ်ျ

မြို.သုဉ်းသုည သုံးသုံဝနှင်.

မှောင်စွမြန်ပြည် ကျွန်ခေတ်ဆီဝယ်

ရောင်နီပေါ်လွှမ်း ဗိုလ်အောင်ဆန်းနှင်.

ပွင်.ပန်းသာကီ အာဇာနီတို

ကိုယ်.ပြည်ကိုယ်မင်း လွပ်လပ်ချင်းအား

သွေးရင်းသားရင်း အသက်ရင်းရ်ျ

အပ်နှင်းခဲ.ကြလေပြီတကား .......

ငါတို.တိုင်းပြည် ကျွန်ခေတ်ဆီမှ

သွေးနီမြေကျ ပေးဆပ်မှတည်.

ရသည်.ဒီနေ. ဒို.မမေ.နိုင်

ကြပေ.တာဝန် တိုင်းပြည်ဝန်ကို

ကျေပွန်ဆောင်ရွက် တူချီတက်စို.

တွဲလက်ကိုယ်စီ စည်းလုံးညီဖို.

ရောင်နီပျို.ပြီသူငယ်ချင်း ....

အားလုံးကိုလေးစားခင်မင်လျက် (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

ပင်လယ်ကမ်းက ..အို ...ကျောက်ဆောင် ......................................................

ပင်လယ်ကမ်းဘေး သွေးအေးအေးနဲ.

ရပ်ငေးနေသည်. အိုကျောက်ဆောင်....

ပင်လယ်ပြင်တွင် မုန်တိုင်းဆင်ရ်ျ

နာကျင်ထိုးနှက် သူပုတ်ခတ်လည်း

ပျက်ပြိုမလဲ ကြံခိုင်ဇွဲဖြင်.

ရပ်မြဲတည်မြဲ အိုကျောက်ဆောင် ....

ဘုံလောက၏ ဒုက္ခဖုံဖုံ

ဘယ်သို.ကြုံစေ မဖြုံစိတ်ဓာတ်

သင်ရှေ.ဆက်ရ်ျ နံနက်နေထွက်

ညဘက်နေ၀င် ပင်လယ်ပြင်၏

ပီပြင်ဘာဝ သူ.အလှကို

တုပရူ.စား သင်ခံစားရင်း

လာသွားခိုဝင် ငှက်ဆွေကြင်ကို

သင်ကဖေးကူ နားယူစေသည်

တည်ကြည်ခန်.ငြားပေစွတကား ......

အားလုံးကိုလေးစားခင်မင်လျက် (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး)ကိုယ်တိုင်ရေး

မန်းတောင်ရိပ်တခို

အသက်ရှည်လို မန်းတောင်ခိုဟု

ရှေးဆိုစကား မှတ်သားဖူးသည်

ထူးတော်မြတ်သည်.တောင်တော်မဟီ .....

စန္ဒမုခီ မယ်ဘီလူးသည်ပင်

ကြွချီရောက်လာ မြတ်ဘဂ၀ါကို

ရွှေကြာအုပ်မိုး ရှိခိုးပူဇော်

ပြုရှာသော်က သုံးဖေါ်လူနတ်

သြ၀ါမြွတ်ရျု စက်တော်ခြေရာ

တောင်သေလာတွင် ထင်ခါချန်လျက်

မန်းရွှေစက်ဟု

မြင်.မြတ်သညာတွင်ခဲ.တကား .......

သီလဖြူစွတ် ရသေ.မြတ်၏

ဇရပ်တန်ဆောင်း ဂူသိမ်ကျောင်းတွင်

ကိန်းအောင်းမွေ.လျော် များသူတော်တို.

အာဘော်ဖြူစွ ကျင်.သီလနှင်.

သန္တငြိမ်းချမ်း မေတ္တာစမ်းသည်

တောင်တန်းအနှံအေးမြတကား ....

တောင်တောတခွင် မာနစင်လျက်

ရန်နှင်တုပ ဓနဂုဏ်ဝါ

ဝါကြွားမရှိကင်းစင်ဘိ၏

ညံ.အိနုပွေ. သန္တငွေ.ကို

ထိတွေ.ခြုံရုံ မန်းတောင်လှုံသည်

ရိပ်မြုံရပ်ဝန်းသန်.ရှင်.တကား .....

တောင်တော်တ၀ှမ်း စိမ်းရောင်လွှမ်းရျု

ပွင်.ပန်းရောင် စုံရနံထုံ၏

ရဂုံတဖြာ တျံတျာတေးဆို

ငှက်ဖိုငှက်မ မြူးပျော်ကြပြန်

ဘာဝပန်းချီ ထင်ရှားပီခဲ.

ခိုမှီချွေးသိပ် တမှေးမှိတ်ရန်

အေးရိပ်ဆာရာ မန်းသေလာသို.

တစ်ခါတစ်ခေါက်ရောက်သတည်း ......

အားလုံးကိုလေးစားခင်မင်လျက် (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

ရင်တွင်း ဆုတောင်း (တေးထပ်)

ဒို.တိုင်းပြည်သယံပေါ

ဝပြောပါလို.စည်

ရတနာမြတ်ရယ်တည်သည်

ဒို.ရွှေပြည်တန်ဖိုး ။

ခုတော.ဖြင်.မကျန်လေပြီ

ဘယ်သူ.ဖေခေါ်ရလေနိုး ။

ကျွန်းသစ်နဲ.ရေနံမြေ

ဒို.ရွှေငွေဘယ်လဲ

ပြည်သူ.တွေပါးစပ်ထဲလည်း

တပဲမှမ၀င်

ဒို.တိုင်းပြည်ဆိုပေမဲ.

ဒို.နဲ.လည်းမတိုင်ပင်ချင် ။

ရင်ထဲစို.နာကျင်သည်

မမြင်ချင်မြင်ခဲ.ရ

လာမဲ.ခုဒီခေတ်တွေ

တိုးတက်ပါစေ ။

ဘုရားမှာသပြေလှုသည်

သန္ဒေဖြူစိုးစေတော.လေး ....။ ။

အားလုံးကိုလေးစားခင်မင်စွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး)

ပွင်.သောပန်းတိုင်း လန်းပါစေ ....

သမုဒယနွယ်ဤလူ.နယ်မှာ

လူရယ်လို.ဖြစ် တောင်.တလှစ်သည်

မေတ္တာဆိုသောထိုအရာ ....

တာရာခပင်း ငွေလမင်းကို

ရှု.ရင်းငေးမျှော် တမ်းခါခေါ်လည်း

ပြန်သောမကြည်. မချိတင်ကဲ

ဝမ်းနည်းလှိုက်ဖို ကျိတ်ခါငိုကြ

ဖမိကိုတ ငိုခဲ.ရသည်.

ဖြူစွကလေးငယ်လေးတွေ .....

အမိကိုလ အဖကိုနေ

မျှော်လေလေဝေး ရေအေးတပေါက်

သောက်ရန်မရှိ ပွင်.ဘိခဲခက်

မေတ္တာငတ်သည်.ကလေးတွေ ....

မေတ္တာဟူသည် စမ်းရေကြည်နှင်.

သွေဖီဝေးကွာ ပန်းပွင်.လာသော်

ဘယ်မှာလန်းဘိ နွမ်း၍ချိ၏

တွေးသိခံစား နှလုံးသားနှင်.

သနားငဲ.ညှာ ဤလူ.ရွာဝယ်

မေတ္တာသွန်းစက် ငါတို.လက်တွေ

ရပ်တန်.မနေသင်.ပြီတကား ....

(စံလွန်းတင်)အားလုံးကိုလေးစားပါသည်

ညိုလင်းမောင်(ရေဦး) ရင်တွင်းဖြစ်

ဆောင်းနံနက်၏ မေတ္တာပန်းချီ ပြာသိုလပြည်.မိခင်နေ.ဂုဏ်ပြုကဗျာ

ဆောင်းတနံနက် လမ်းလျှောက်ထွက်စဉ်

နံနက်စောစော နှင်းထူတောဝယ်

မမောမပန်း လမ်းနခမ်းဝယ်

ဝမ်းစာရှာလို ခွေးမအိုလျင်

ဟိုဒီတောင်မြောက်ကြည်.နေ၏ ....

ပိန်ရှုံ.ကြုံလှီ သားမြတ်ဆီမှ

နို.ရည်မရ ၀မ်းမ၀ရ်ျု

ချမ်းလှတသွယ် ခွေးပေါက်ငယ်တို.

အယ်အယ်ညီးညူနေလေ၏ ....

ထိုစဉ်ခန ခွေးအိုမလျင်

ဝမ်းဝဖို.အရေး ဟိုဒီပြေးခါ

ဘေးထဲ၇န်ထဲ စာရှာဆဲတည်.

အေးခဲနှင်းထု သူအန်တုလျက်

ပစ်ပြုခက်ချောက် သူငါငေါက်လည်း

မကြောက်မလန်. မရပ်တန်.ချေ

အနံခံစဲစာရှာစဲ .....

ဝမ်းစာလည်းဝ သားမြတ်မှသည်

ပြည်.၀နို.ရည် ပြည်.တင်းမှီသော်

တေးသီမေတ္တာ ဂရုဏာနှင်.

သည်းချာရင်သွေးနို.တိုက်ကျွေးလျက်

နွေးထွေးစေမှု ကိုယ်ငွေ.ပြုလျက်

ယုယနေဟန် ပုံဟန်ပန်လျင်

ပနံမရ ဆောင်းကာလကို

ဟာသပြတ်ရယ်ပြုနေသလော .......

မိခင်ဟူသည်မိခင်မှန်သမျှလွန်စွာကြီးကျယ်မြင်.မြတ်လှသောဘုရားသခင

ပေးသောလက်ဆောင်ပေတည်း(ရောဘတ်ဘယောင်း)

အားလုံးကိုလေးစားလျက် (စံလွန်းတင်)

ညိုလင်းမောင် (ရေဦး) ကိုယ်တိုင်ရေး

သစ်ပင်စိုက်သူ အတွေး

ရွာ၏အရှေ. လမ်းအကွေ.၀ယ်

သစ်စေ.တစေ.ပျိုးခဲ.သည် ...

မြေကိုလည်းစွ ရေစင်မြဖြင်.

ရွရွသွန်းစမ်း နေ.စဉ်ဖြန်းသော်

မြေကြမ်းကိုဖေါက် သစ်စေ.ညှောက်လည်း

ပေါက်ရောက်ပီပြင်ရှင်ခဲ.ပြီ ....

ကျူ်အပင်ငယ် ကြီးရျုထည်သော်

လမ်းဝယ်သွားလာ လူများစွာကို

ဆာရာအရိပ် သူခြွေးသိပ်လျက်

အိပ်စက်နားခိုစေလိမ်.မည် ......

အတောင်ညောင်းရျု လဲလျောင်ရာရှာ

ငှက်များစွာကို ၀မ်းတထွာတွက်

ဖြည်.ခါစွက်ရျု နားရပ်ခိုဝင်စေလိမ်.မည် ....

တွေးရျုကြည်.စင် စိတ်အစဉ်ဝယ်

ကြည်.လင်ယိုဖိတ် ဘ၀င်ငြိမ်.သည်

အရိပ်များစွာပေါ်စေသတည်း ....

အားလုံကိုလေးစားလျက် (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေး

မဟော်မြတ်သခင်မွေးနေ.ရှင်(ဗိုလ်ချူပ်မွေးနေ.ဂုဏ်ပြုကဗျာ)

အာကာခွင်လည်း မြူလွင်ကြဲဖြန်.

ညိုလဲ.ပြာရီ ဝေသီသီ ..

မြေမဟီလည်း မြေဆီလျောသက်

ရောဝါရွက်နှင်.သက်လည်းငုံ

ပေါက်လည်းထုံ၍

ရဂုံမြိုင်တွင်းမြူနံသင်း ..

လမြတ်ရာသီ သည်ခါသည်နေ.

အောင့်မေ့ဖွယ်ရာ အာဇာနည်မျိုး

ဂုဏ်ရောင်ဖြိုး၍ နေမျိုးရာဇာ

ပွင်.ထွန်းလာခဲ.

ရောင်ဝါလုလင်နေမင်းသွင် ...

အိုးဝေအိုးဝေ တွန်သံခြွေ၍

မြန်ပြေအတွက် ကျွန်စနက်ကို

ရိုက်ဖျက်ချိုးခြွေ အမှောင်မြေအား

ပေးဝေအလင်း ဆောင်ယူကျင်းခဲ.

ဆူးခင်းသောလမ်း ဘယ်သို.ကြမ်းလည်း

ခမ်းစေအသွေး ကြေစေအရိုး

အမျိုးအတွက် တိုင်းပြည်အတွက်ကို

ဲ.ပေးဆပ်ခဲ့သည် အာဇာနည် ...

တစ်ခါတခေတ် တခေတ်တစ်ယောက်

ပေါ်ထွန်းပေါက်ခဲ.မြင်.မောက်ဂုဏ်ဒြပ်

သူစိတ်ဓာတ်နှင်.လုပ်ရပ်ဖုံဖုံ

အာကာခြုံ၍စာစုံရေးစပ်

ဘယ်မှာရပ်လိမ်. ရေးစပ်စွဲသီ

ကဗျာစီ၍ စာစီခိုင်လန်း

ကဗျာပန်းဖြင်. စိတ်ဝမ်းကော်ရော

ကျွန်ပူဇော်မိ

မဟော်မြတ်သခင်မွေးနေ.ရှင် ...

အာလုံးကိုလေးစားစွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင် (ရေဦး) ရင်တွင်းဖြစ်

ပဲပြုတ်တောင်းလေးနဲ. ထိုအမေ

ပဲပြုတ်တောင်းလေး ဆံထုံးဆွေးအောင်

ဈေးရောင်းကျွေးသည်.ထိုမိခင် ...

တစ်လမ်းဝင်လျက် တစ်လမ်းထွက်၍

စည်းချက်ညီညီ မြောက်ဘက်ဆီမှ

သည်ချိန်ဆိုကြား ဈေးရောင်းသွားသည်.

သက်ကျားရွယ်အိုထိုမိခင် ...

ပဲပြုတ်တောင်းလေး ဈေးရောင်းကျွေးရင်း

ရင်သွေးခြောက်ရောက် လူလားမြောက်ခဲ.

သူဆောက်တဲ.ဘုံ တဲရိပ်မြုံမှ

တောင်စုံထွက်ခွာ သားဗလာနှင်.

ဇရာလည်းထောင်း အရွယ်ညောင်းခဲ.

ဈေးရောင်းနေတုန်း အနောက်ကုန်းတွင်

နေလုံးနီနီဝင်ခဲ.၏ .......

အားလုံးကိုလေးစားစွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင် (ရေဦး)ကိုယ်တိုင်ရေး

ဟိုမှာဘက် .......ကမ်း

ငြိမ်းချမ်းရေးပန်းတွေပွင်.တဲ.တော

လောကရဲ.သစ္စာနယ်မြေ

ငါရှာဖွေဖို.အတွက်

စိမ်းလန်းတဲ.မြတ်ခင်းပြင်

အပြာရောင်မိုးကောင်းကင်အောက်

ငါတစ်ယောက်တည်း

လျှောက်လှမ်းဆဲပေါ. ....

ငှက်ကလေးတွေရဲ.တေးသီသံ

စမ်းရေစီးသံဟာဂီတ

တကိုယ်တည်းငါ.ဘ၀မှ

အဖေါ်ပြုစရာရခဲ.တယ် .....

သူများတွေပြောတဲ.ပြည်.စုံခြင်း

ငါ.အတွက်တော.လေ

ကဗျာတပုဒ်နဲ.စာတစ်အုပ်

ကွမ်းတရာကောဖီတစ်ခွက်

ဒါတွေရှိရင်ပဲ

ဘ၀ဟာပြည်.စုံပြီ ........

မျက်နှဖုံးတွေနဲ.ရောင်စုံလူတွေကြား

ရိုးသားမူ.ကိုမီးထွန်းရှာဖို.

ဖိုက်စ်သာဂိုးရပ်နဲ.အတူ

ကမ္ဘာမြေရဲ.လမ်းတွေကြား

လမ်းလျှောက်အတူထွက်ချင်တယ်

ဖြစ်နိုင်မယ်ဆို

လောကမြေတလင်းအတွက်

ပန်းတခင်းပျိုးခဲ.ချင်သေးတယ် ..

တဂိုးရေ

ကျနော်လည်းခင်များလို

သေမင်းကိုလက်ဆောင်ပေးဖို.

လက်ဆောင်တွေ

အသင်.ထုပ်ပိုးထာရဦးမယ် ....

ကောင်းကင်ကို

ဆုပ်ကိုင်ထားတဲ.လက်နှစ်ဖက်

တိမ်တွေကိုကြဲဖြန်.လိုက်တဲ.အခါ

အရာအားလုံးဟာလွပ်လပ်သွားသလို

သေချာတယ်

အလိုဆန္ဒတွေရဲ.ဟိုမှာဘက်ကမ်းမှာ

ငြိမ်းချမ်းရေးပန်းတွေပွင်.နေတယ် .........

အားလုံးကိုလေးစားခင်မင်စွာဖြင်. (စံလွန်းတင်)

ညိုလင်းမောင်(ရေဦး) ရင်တွင်းဖြစ်

ကျေးလက်ရိုးရာ တေးကဗျာ

ပျိုလေးတို.ရွာဆီ
နာရီတဲ.မေး
မေးပါနဲ.အေ
နံနက်ဆိုဆွမ်းတော်ချက်ဖို.
မိုးသောက်ယံတွန်တဲ.ကြက်
နှိုးစက်တဲ.လေး ။ ။
အရှေ.၀န်းကနေ၀န်းနီ
ပြူပြီပလေး
ဆွမ်းအုပ်နီနီအမေရွက်
ကျောင်းတက်မယ်လေး ။ ။
ပျိုလေး၇ဲ.နံသာရှင်
ကျောက်ပြင်မှာသွေး
တေးတဆိုဆိုနဲ.
ကိုလူညိုမြင်ရင်ကြိုက်အောင်
လိမ်းလိုက်မယ်လေး ။။
ပျိုလေးတို.ကောက်ငန်း
လှမ်းလာတဲ.ကိုအ၀ှာ
ပန်းပေးခဲ.ပါ
ပန်းမပါ
မလာပါနဲ.လေး
ပန်းပန်ခါနန်းစံတဲ.အောင်
ရွှေမြောင်းဘောင်မြိုင်တရိုးဆီက
ပန်းချိုးခဲ.လေး ။ ။
မိုးချူပ်လို.အချိန်တန်
ပြန်စို.ကွဲ.လေး
ပျိုလေးရဲ.ရွာအ၀င်
ညောင်ညိုပင်လူဝင်ဆိတ်သမို.
စိုးထိတ်တယ်လေး ။ ။
စိုးထိတ်တဲ.မေပျိုမယ်
ငွေဓားလွယ်မင်းယူခဲ.
ကြိုလှဲ.ပါ.ကွယ်
တောခြေ၀ယ်
မောလေတယ်ပျို.ချွေး
ထားသစ္စာတကယ်ဟုတ်ရင်ဖြင်.
မောင်လေးငယ်ပ၀ါထုတ်လို.
သုတ်ပါတော.လေး ။ ။

အားလုံးကိုလေးစားခင်မင်စွာဖြင်. စံလွန်းတင်
ညိုလင်းမောင် (ရေဦး) ကိုယ်တိုင်ရေး

ပိတောက်ပန်း

အထီကျန်တဲ.နွေကို

အကျည်းမတန်စေဖို.အတွက်

ပန်းပိတောက်တို.ဝေခဲ.တယ် ...

နှစ်သစ်ကူးမှာ

ရွှေရည်လူးပြီး

အလှထူးတဲ.ပန်းပိတောက်

တစ်နှစ်တခါအလည်ရောက်ပေါ. ...

နန်းထိုက်တော်ဝင်

ပန်းသဇင်လို

လှမာန်မ၀င်.

လှဂုဏ်တင်.တာ

ပန်းပိတောက်ရယ်ပါ ...

နွေရဲ.အလှ

သူဆင်သဖို.

လောကအလယ်

မထည်မ၀ါ

ပွင်.လာတဲ.ပန်း

ပိတောက်ပန်းကို

သင်္ကြန်မိုးကဖြန်း

ကိုင်း ... ဘယ်သူနမ်းမလည်း ...

ညိုလင်းမောင် (ရေဦး) စံလွန်းတင် (ရင်တွင်းဖြစ်)

သည်မြေပေါ်ဝယ်

အပင်စိုက်ကွဲ.ငါတို.မြေ

မြေကြီးကရွှေသီးမယ်ပ

စိုက်ကြပါ.လေ ။

ပွင်.ပန်းစုံဝေ

လိပ်ပြာငွေပျံလွှား ။

ပြောင်းပဲဘူးဖရုံနဲ.

ရွက်သီးစုံလတ်ဆတ်ထူးတယ်

ခူးချတ်လို.စား။ ။

အပင်မစိုက်တဲ.တို.သည်မြေ

ဖန်လုံအိမ်ခရမ်းလွန်ဓာတ်နဲ.

အိုးဇုန်းပျက်မယ်မသွေ။

ကမ္ဘာမြေ

သာပါစေစိတ်ထား။

သစ်စေ.အစုံစုံနဲ.

ပျိုးစေ.အဖုံဖုံနဲ.

လူ.ရိပ်မြုံဝန်းကျင်ထဲ

ကြဲကြစေသား။ ။

အပင်မစိုက်တဲ.ငါတို.မြေ

အပူရှိန်ဒီဂရီတက်

မိုးစက်မကြွေ။

တောမီးကိုစေ

မုန်တိုင်းလေထန်ပွား။

အနိဌာရုံနဲ.

ကျူ်လူ.ဘုံသည်စခန်း

နွမ်းလိမ်.တကား။ ။

အပင်စိုက်ပေါ.ငါတို.မြေ

နောင်အဆွေသည်အရိပ်

မှေးမှတ်ပါစေ။

အာကာဝေ

ပျံရှာလေအိုငှက်များ။

တေးမသီတသီနဲ.

အသွေးမပီတပီနဲ.

မြရည်စိုမြခက်နန်းမှာ

မြန်းကြစေသား။ ။

ညိုလင်းမောင် (ရေဦး) ကိုယ်တိုင်ရေးကဗျာ

အားလုံးကိုလေးစားလျက် (စံလွန်းတင်)

မောင်.လယ်ဟင်း (လွမ်းချင်း)

အလိုက်ကယ်ဘာသာ

စရိုက်ရယ်ဝါသနာနဲ.

မောင်တို.ရွာအလှထူးပေပ

မရောက်ဖူးရင်တော.တခေါက်တခါပ

လာဦးနော်ကွဲ.ဆွေသဟာ

အညာမှာတမာထန်းတွေနဲ.

မေတို.မြို.တိုက်နန်းတွေက

မှီစမ်းမလားယှဉ်.ပါလှည်.

မြရောင်ဖြာမြလယ်ခင်းတွေနဲ.

ရူခင်းမြေသာသည်.စခန်းရယ်မှ

တဲနန်းနဲ.လေး။ ။

လယ်ကွင်းပြင်

ထွန်းငင်ပြီးပြန်တော.

.ကန်းသင်းငယ်ပုဇွန်းတွင်းနှိုက်ပါလို.

ခါးပိုက်မှာမိုနတိုကန်ဇွန်းရယ်နဲ.

ငှက်စွတ်မှိုပေါင်းဟင်းချိုချက်ပါလို.

တဲလုံးကြိုင် ကြိုင်ပါပေါ.

နတ်သုဒ္ဒါ

ဘိုးမာဃာလာကျွေးတောင်မလွေးပါဘု.

ရပ်ကြီးသူပျိုမေတသင်းတို.ရယ်

မြေအိုးနခမ်းတိုမောင်.လယ်ဟင်းရယ်က

မြိန်လှတယ်လေး ။ ။

ညိုလင်းမောင်(ရေဦး) ကိုယ်တိုင်ရေးပါသည်။

အားလုံးကိုလေးစားခင်မင်လျက် စံလွန်းတင်