မိုးနှောင်းရာသီလေးနဲ့ အတူဝဿန်မိုးမင်းလေးကလဲနုတ်ဆက်နေပြီ
ဆောင်းဟေမာန်နှင်းပွင့်လေးတွေ ကြွေကျသောရာသီအစ
အလှထူးတဲ့သီတင်းကျွတ်အချိန်ခါရောက်ရန်နီးကပ်လာပြီ
သီးတင်ကျွတ်လမြတ်ကလေးမှာ မြတ်စွာဘုရားအားရည်မှန်းပြီး
ဆီးမီးပူဇော်ပွဲကျင်းပကြပါသည့် နောက်သီတင်းကျွတ်အချိန်ခါမှာမိဘဆရာသမား
သက်ကြီးရွယ်အိုတွေကိုကန်တော့ကြနဲ့ အလှထူးတဲ့လကလေးပေါ့
ကျနော်တို့ သီတင်းကျွတ်လပြည့်နေ့ မှာဘုရားကိုဆီးမီးဘာကြောင့်ပူဇော်ကြလဲ
ကျနော်တိုမြတ်စွာဘုရားသခင်သည်မယ်တော်ဖြစ်ခဲ့ဖူးသော မယ်တော်အမိနတ်သားကို
တာတိံသာနတ်ပြည်မှာ အဘိဓမ္မာခုနှစ်ကျမ်းကို ဟောကြားတော်မူပြီး
နတ်ဗြဟ္မာအပေါင်းခြံရံပြီးသီတင်းကျွတ်လပြည့်နေမှာ တာဝတိံသာနတ်ပြည်မှနေ
လူပြည်ကိုဆင်းသတ်ပါတယ်အဲနေ့ ကိုသီတင်းကျွတ်လပြည့်အဘိဓမ္မာအခါတော်နေ့ ဟု
ခေါ်ဆိုကြပါတယ်...
ကျနော်တို့ မြတ်စွာဘုရားသခင်အဘိဓမ္မာတရားဟောကြာပြီး
လူပြည်ကိုဆင်းသက်သည်ကိုရည်မှန်းပြီး ကျနော်တို့ လူသားအားလုံးသည်
ဆီမီးပူဇော်ကန်တော့ကြသလို ကုမုဒ္ဒြာရွှေကြာပန်း များကလဲ ပွင့်လန်းကြပြီးမြတ်စွာဘုရားသခင်ကို
ပူဇော်ကြပါတယ်...
သီတင်းကျွတ်အချိန်ခါမှာ သာသာနဝန်ထမ်းသံဃာတော်အရှင်မြတ်များကလဲ
ပဝါရဏာပွဲ(ဖိတ်ကြားခြင်း၊တောင်ပန်ခြင်း၊တိုက်တွန်းခြင်း)
ကျင်းပကြပါတယ်ပဝါရဏာပွဲကျင်းပခြင်းကသံဃာတော်အရှင်မြတ်တို့ သည်
ဝါတွင်းသုံးလပတ်လုံးမှာအပြစ်ကြီးငယ်ပြုလုပ်ခဲ့သည်ရှိသော် တပည့်တော်အပြစ်ကျေ
ပါစေဟုသံဃာတစ်ပါးနဲ့ တစ်ပါးဝန်ချတောင်းပန်ပြီးသာသနာတော်ကြီးသန့် ရှင်းအောင်
ပြုလုပ်သောပွဲဖြစ်တယ်..
သီတင်းကျွတ်အချိန်ခါမှာ မိဘတွေကိုကန်တော့ကြတာကတော့
မိမိတို့ သည်မိဘတွေအပေါ်ကာယကံသော်လည်ကောင်း၊ဝစီကံသော်လည်ကောင်း
မနော်ကံသော်လည်းကောင်းကိုစိတ်သုံးပါနဲ့ ပြစ်မှားခဲ့သည်ရှိသော် သီတင်းကျွတ်လပြည့် 
နေမှာမိမိတို့ တက်နိုင်တာလေးနဲ့ လက်အုပ်ကလေး ချီမိဘနှစ်ပါးကို သားတို့ သမီးတို့ 
ကာယကံ၊ဝစီကံ၊မနောကံ ကံသုံးပါးနဲ့ ပြစ်မှားမိသည်ရှိသော် ခွင့်လွှတ်ပေးပါးလို့ 
မိဘများကိုပြောကန်တော့ရင် အပြစ်တွေကျေပါတယ် ...
ဆရာသမားတွေကိုဘာကြောင့်ပူဇော်ကြလဲဆိုတော့
အာစရိယဆရာတွေကမိမိတို့ ဘဝတွေကိုပညာတွေတက်အောင်
အသိပညာတွေတိုးအောင်သင်ကြားပေးတယ်
နောက်မိမိတို့ ကကိုဆရာသမားအပေါ်မှာ ကံသုံးပါးနဲ့ ပြစ်မှားမိရင်
ငရဲမလားရအောင်သီတင်းကျွတ်လပြည့်နေ့ ထူးနေ့ မြတ်မှာဝန်ချတောင်းပန်ရင်ကျေပါတယ်..
နောက်ကျတော်တို့ သက်ကြီးရွယ်တွေကိုကန်တော့တယ်ဆိုတာကတော့
ကြွေးမြီးဆပ်တဲ့သဘောဘာကြောင့်လဲဆိုတော့ကျနော်တို့ 
မြတ်စွာဘုရားသခင်သည်တစ်ခုသောဘဝမှာကေသာရကျေးမင်းဖြစ်ဖူးပါတယ်
ကျေးမင်းဖြစ်တဲ့ဘဝမှာကောက်သလေးနှံတွေတခြားကျေးတွေ
ထက်သယ်ဆောင်တယ်ဆြို့ပီးလယ်သမားကကျော့ကွင်းထောင်ဖမ်းရာ
ကျော့ကွင်းမိပါတယ်ရွှေအဆင်းအနဲ့ တူတဲ့ ကျေးမင်းကိုဘုရင်ဆီဆက်သလိုက်
ဘုဆီရောက်တော့ဘုရင်ကအသင်ကျေးမင်းဘာကြောင်ကောက်သလေးနှံတွေကို
တစ်ခြားကျေးတွေထက်သယ်ဆောင်ရသလဲမေးတော့ကြွေးမီးချရသောကြောင့်
ကောက်သလေနှံတွေကိုသယ်ဆောင်ကြောင်းဘုရင်ကြီးကိုရှင်းပြပါတယ်..
နောက်ကျနော်တို့ သက်ကြီးရွယ်အိုတွေကို သီတင်းလပြည့်အချိန်ခါလေးမှာ
ကန်တော့ကြတာကတော့ မိမိတို့ သည်လူငယ်တွေဖြစ်သည့်အလျောက်
သက်ကြီးရွယ်အိုတွေအပေါ်အပြစ်မှားမိတက်တယ်လေ
အဲအပြစ်တွေကျေအောင် ထူးမြတ်တဲ့သီတင်းကျွတ်လပြည့်နေ့ လေးမှာ
ကန်တော့ကြရတာပါ....
သီတင်းကျွတ်လပြည့်အဘိဒမ္မာအခါတော်နေ့ မှာဆီမီးမြိုင်မြိုင်ပန်းခိုင်တွေတွေနဲ့ 
မြတ်စွာဘုရားရှင်ကိုရည်မှန်းပူဇော်ပြီးတရားဓမ္မနားကြားခါသံဃာတော်အရှင်မြတ်များကိုရှိးခိုးပူဇော်
မိဘဆရာသမားနှင့်တစ်ကွသက်ကြီးရွယ်အိုများကိုကန်တော့ရင်း
ကုသိုလ်ယူနိုင်ကြပါစေ................
ဘုရား၊တရား၊သံဃာ
မိဘဆရာသမားအားလုံးကို
ဆီမီးရောင်ဖြာ၊သီတင်းကျွတ်ချိန်ခါ
ပြိုင်ပွဲဝင်ဆောင်းပါးလေးနဲ့ 
ကန်တော့ပန်းပန်ဆင်ရင်း
ကြိုးစားပါဦးမည်
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ