Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Wednesday, 17 July 2013

မျက်ရည်ဖြိုင်သော(၁၉)ဇူလှိုင်


သူကျွန်ဘဝမှ ယခုပင်ထလော့
ဗိုလ်အောင်ဆန်းတဲ့ လမ်းပြအလင်းရောင်
လွတ်လပ်ရေးကိုဆောင်ယူ
တောင်သူလယ်သမား
ဆင်းရဲသားမကျန်
ပြည်သူများအပေါ်
ရင်မှနွယ်ဖွား သားသမီးလို
ချစ်ကြင်ယုယ နှလုံးလှသူ။
အတိုင်းဆမရှိ ဝမ်းသာပီတိဖြာချိန်
မသမာသူလူတစ်စုက
ငါတို့ ဗိုလ်ချုပ်နှင့် အာဇာနည်များရဲ့ 
အသက်ကိုနုတ်သည်
အမျိုးယုတ်တွေကြောင့် သွေးမြေခရ
လဇူလှိုင်(၁၉) မျက်ရည်ဖြိုးလို့  ဘဝင်ညှိုး
သောကမိုးတွေရွာ အဖမဲ့သား
ဖြစ်ရရှာပြီတို့ ပြည်သူတွေ
အချိန်တွေဘယ်လိုပြောင်း
မမေ့ကောင်းသော (၁၉)ဇူလှိုင်
ရောက်လေတိုင်းမှာ မျက်ရည်ဖြိုင်
ငါတို့ တွေလည်း တိုင်းပြည်တာဝန်
တစ်နေရာစီမှ ထမ်းရမည်
လမ်းပြခေါင်ဆောင် ဗိုလ်အောင်ဆန်းကို
အတုယူထား ပြည်မြန်မာသားတို့ ။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Monday, 15 July 2013

***လဝါဆို**.....

ရှစ်ခွင်တိုင်းမှိုင်း မြင်တိုင်းမှာ
ဆိုင်းလို့ ညို လဲ့လဲ့ငယ်စို
တောသဘာဝ အလှပန်းများ
လန်းကာနေသည်။
ရွှေပစ္စုန်မိုးနတ်စည်
ရိုက်သွင်းကာ ဆော်တီးလို့ မည်။
ကောက်သမလေး တေးသံကဝေစည်
ပြုနိဗ္ဗာန်သန်ကြယ် ထွန်းလင်းလို့ 
လဝန်းတဲ့ သော်တာ
ရနံ့ ငယ်ဖြာ ညှာတံကဖူး
ပုန်းညက်ကယ်ခိုင်ပင်မင်းက
သင်းပျံ့ ပျံ့ ကြူး။

စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း

Sunday, 14 July 2013

စံပယ်ဆိုသည်



စံပယ်ဆိုသည် နန်းသုံးပန်းမို့ 
ကြွားကြွားဝင့်ထည်
အပွင့်ဖြူဖြူ ကြူကြူမွှေး
ဖြူသေးသွယ်လှ စံပယ်ပန်း
မြင်သူစွဲလမ်း။
ညှာတံဖြုတ်ခြွေ ချူချင်သူပေါ
မိုးဦးရာသီ ခါတော်မှီပန်း
မွှေးပျံ့ လို့ လန်း။

Friday, 12 July 2013

ဇရာအိုချိန်

အသက်ရွယ်ကြီးရင့် အိုမင်းရင့်ရော်
ဆံပင်ဖြူစ လူဘဝပိုင်း
သုံးပိုင်းတစ်ပိုင်း အရွယ်ဟိုင်းနေ
အခုနေမှာ မွေးရပ်ဌာနေ
တစ်ခေါက်တစ်လေ ရောက်ချင်ပေလှ
မသေကြွင်းကျန် သူငယ်ချင်းများနှင့်
ပုလဲဒါရူ ချစ်ဦးသူလေး
ငယ်ချစ်နှောင်းရဲ့  ဝင့်ဝါမျက်နှာ
ပပပဝင်းကိုလ အခုနေချိန်
ဘယ်သို့ ဘယ်လို ရှိနေပါလဲ
တွေးဆမျှော်ခါ မြင်ချင်ပါ၏။
စိတ်ကသာရောက် လူမရောက်နိုင်
ဇရာထောက်လို့ နေဝင်ချိန်နီး
မရဏခရီး သွားရတော့မည်။

Tuesday, 2 July 2013

မိုးဦးအစ...သူတို့ ဘဝ



ဝဿန်ကာလ မိုးဦးကျလျှင်
ချောင်းငယ်ရေလျှံ လယ်ကွင်းလျှံထွက်
ဖားတို့ သံစုံ ဆူညံကုန်၏
အာရုံလင်းကြက် တွန်ချက်ပေးချိန်
ထွန်ယက်ဖို့ ရေး  မနှေးစီမံ
နွားညီနောင်နှင့် လယ်တောသို့ ဝင်
ကောက်စိုက်ပျိုးနုတ် လယ်ယာလုပ်ကို
ကြိုးစားရပေ ကြိုးစားရပေ။
ထွန်တံတုံးနှင့် နှင်တံဝံ့ကာ
နွားညိုနွားပြာ သွားပါတော့လား
မွန်းမတည့်ခင် အပြီးနှင်မယ်
အပြီးနှင်မယ်။
ရှင်မချက်ရန် လယ်ကန်ဇွန်းရွက်
ဟင်းတစ်နပ်စာ ခူးကာပြန်မယ်
ခူးကာပြန်မယ်လေး။
နေမင်းရောင်ဝါ အလင်းဖြာဖြာ
အရှေ့ ကျွန်းမှ ပေါ်ထွက်လာ
တောစပ်ဆီမှ ငှက်ကျေးကသာ
တိမ်ဦးလေပြေ မိုးသက်စေပြန်
တစ်မျိုးထူးလှ မိုးဦးလရာသီ
ရွှေမိုးရယ်ညို နွားညိုနွားပြာ
သွားပါလော့သွားပါလော့။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း