နှစ်ဟောင်းကုန်လွန်၊နှစ်သစ်ချိန်ခါ
အစဉ်သာလန်း၊မိုးသောက်ပန်းလို
လန်းဆန်းပါစေ။
ချစ်သဒ္ဒါခိုင်၊မေတ္တာလှိုင်လှိုင်
သံသရာလမ်း၊တူပျော်လှမ်းလို့ 
ဘုရားသွားတူ၊နှစ်ကိုယ်တူရည်
ပြည်နိဗ္ဗာန်ဆီလှမ်းနိုင်ပါစေ။
ချစ်ခွင့်ပန်သူ၊ငယ်လူများလည်း
ချစ်သောသူမှ၊ချစ်ပန်းလှလှ
ပြန်းလည်ပေးအပ်၊နှင်းအပ်မေတ္တာ
ပိုင်ဆိုင်ရကာ၊ပျော်ရွှင်ပါစေ။
ချစ်ရည်ကြည်ဖြူ၊ချစ်သူများလည်း
အိုးအိမ်ထူထောင်၊လူဘောင်လောက
ပျော်ပျော်ကြီးလျှောက်၊လိုရာရောက်စေ။
အတ္တတွေဝေး၊မေတ္တပေးလို့ 
ချစ်ကြည်ရင်းနှီး၊ဆွေးရင်းမျိုးရင်း
သားချင်းပမာ၊မေတ္တာထားကာ
ရိုင်းပင်ကူညီ၊ညီညွတ်ခြင်းဖြင့်
ဘဝခရီးလှမ်းနိုင်ပါစေ။
ဥစ္စာရွှေငွေ၊တက်ရေပမာ
တစ်နေ့ တစ်ခြား၊မနားမနေ
တိုးပွားပါစေ။
အလှူရေစက်၊လက်နဲ့ မကွာ
လှူတန်းနိုင်သူ၊သဒ္ဒါဖြူသူ
လူတော်လူမော်ဖြစ်ကြပါစေ..။
No comments:
Post a Comment