!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Sunday, 16 December 2012
***တို့ တောရွာလယ်ထွန်မင်္ဂလာ**
လင်းကြက်ကတွန်သံသာယာ
နွားညိုနွားပြာ ထပါတော့ကွ
လယ်ယာမြေသို့  သွားစို့ ကွယ်လေး....
ခလောက်သံလေးရဲ့ ညံညံ
နွားညီနောင် တူစုံနှင်လို့ 
လယ်တောဆီကို လယ်တောဆီကို.....
ဟိုတောင်ဆီကရွှေမိုးညို
ပြိုမည့်ဟန်ကို ပြိုမည့်ဟန်ကို
လှမ်းလို့ ကြို......
ထွန်းတံတုန်းနှင့် နွံမှာရုန်း
ပျော်လို့ မဆုံး ပျော်လို့ မဆုံး....
မြိုင်ဟေဝန်တောထက်က
ရွှေချိုးငှက်ရယ် တွန်ကြူးသံသာ
လေပြေအလာ ပန်းရနံ့ တွေ
သင်းမြမြကြိုင် သင်းမြမြကြိုင်....
ကောက်စိုက်သူလေးတေးသံမြိုင်
ပုန်းညက်ကယ်ရယ် ခိုင်ပင်မင်းထက်
ပွင့်လန်းကာနေ ပွင့်လန်းကာနေ...
တောတို့ ရွာလေးသာယာနေ...............
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment