နှင်းစက်နှင်းမှုန်၊ဖြန်းပတ်လွှမ်းခြုံ
ဆောင်းရဂုံမှာ၊မြခွာညိုပန်း
ပင်ယံနန်းထက်၊ပွင့်လန်းလျက်သာ
မြကန်စိမ်းဆီ၊မျှော်ရည်ငေးသော်
လရောင်ပျိုးသည့်ပန်းကုမုဒြာ
မွှေးသောရနံ့၊ဆင်းရနံ့ထူး
ကြာဖြူပန်းများ၊ဖွေးဖွေးလွှလွှ
လှပတင့်စွာပွင့်လန်းနေ။
ညှင်းသွဲ့လေညှင်းခေါ်ဆောင်ရာ
ပန်းရနံ့စုံ၊စုပုံလိုက်သွား
မွှေးပျံ့စေ၏။
ထက်အာကာတစ်ခွင်မှာလည်း
လမင်းရှင်နား၊တာရာများက
ဝန်းရံခစား၊စုရုံးကျလျက်
သီဆိုဟစ်ကြွေး၊သန်းခေါင်တေးကို
ကြားရပြန်၏။
အဖော်ဝေးသူဆွေးပူစေ
လွမ်းမျက်ရည်ဝေ၊ကြွေနေပါပြီ
ဟေမာန်ရာသီ၊စာစီအလွမ်း
ဆောင်းညလေးကိုမျှော်ရည်မှန်း.....
ု
No comments:
Post a Comment