ဂန္ဓမာစန္ဒာတောင်
မြိုင်ဟေဝန်မှာ၊ဖူးပွင့်လာသော
ပန်းမာလာသင်း။
ငှက်ကျေးပေါင်းစုံ၊တူမောင်နှံယှဉ်
ဝေယံမှာပျော်။
ကြည်ပြာစေသွန်၊ရေတံခွန်စမ်း
ငွေသောင်ယံဦး။
စန္ဒကိန္နရီကိန္နရာတို့ မှာ
ပန်းပေါင်းထွေထွေ၊ခူးယူခြွေကာ
မြေမှာဖြန့် ၏။
ကိန္နရာဖို၊ဝါးလုံးကိုတီး
သီဆိုနေပြန်။
စန္ဒကိန္နရီမလေးမှာ
နန်းမူနန်းဟန်၊အသွင်ဟန်ဖြင့်
ကခုန်နေရှာ။
ထိုစဉ်ဗြဟ္မဒတ်မင်းမှာ
လေးတော်ထမ်းလျက်၊ဟိမဝန္တာ
မြိုင်ရပ်ဆီလာ။
ဝါးလုံးတီးသံ၊နားဝယံသို့ 
လွင့်ပျံ့ လာသော်။
ဗြဟ္မဒတ်မင်း၊ခြေချနင်းသံ
မကြားရအောင်။
အနီးပါးသို့ ၊တိုးကပ်လို့ သာ
ကပ်လို့  သာသွား၊
စန္ဒကိန္နရီကိုမြင်ခဏ
မေတ္တာသက်ဝင်၊ချစ်ခင်တက်မက်
စိတ်ဝင်လာ၏။
ကိန္နရီကိုသိမ်းပိုက်ရန်
လေးကိုတင်၍၊ချစ်လင်ဖြစ်သူ
မြားဖြင့်ပစ်သည်။
ကိန္နရာဖိုမှာမြားချက်ထိ
အော်ညည်းမြည်တမ်း၊မြားတန်းလန်းဖြင့်
လှဲသွားရှာ၏။
ချစ်လင်သံကြား၊လျင်မြန်သွားခါ
စုံစမ်းလေ၏။
ချစ်လင်ကိုယ်မှာ၊မြားဒဏ်ရာနဲ့ 
တွေ့ လေရှိသော်၊မျှော်ကြည့်ဝဲယာ
ဗာရာဏသီ၊စီရီခြွေရံ
ခြံရံကင်းသော၊မောဟရမ္မက်
တပ်မက်နေသူ၊လူတွေအုပ်ချုပ်
ယုတ်မာမင်းကြီး၊လှမ်း၍မြင်၏။
စန္ဒကိန္နရီမင်း၏အနား
ပြေးလွှားဖြတ်ကျော်၊တောင်ထိပ်ပေါ်က
အော်ကျိန်ဆဲ၏။
သူယုတ်မာမျိုး၊ရာဇာဆိုးရယ်
မြတ်နိုးချစ်ကြင်၊ငါချစ်လင်သည်
အသင်ရက်စက်၊မြားဒဏ်ချက်ဖြင့်
အကိုင်းခက်ဝေဖြာ၊သစ်ရိပ်မှာပဲ
ကြည်လင်ရွှင်စွာ၊မြူးပျော်ရာမှ
ခုမှာလဲကျ၊မြေဝယ်ခ၍
သောကငါမှာရောက်ရ၏။
ရှင်မင်းတရားရမ်းကား၍
သနားဖွယ်ဖြစ်၊ငါ့၏ချစ်လင်
သေရွာသို့ ဆီ၊မြန်းရပြီမို့ 
ငါမှာပူဗျာ၊သောကဖြာလို့ 
သင်၏သက်ထား၊သင်မယားလည်း
ကြီးမားသောကကြုံစေအံ့။
တဏှာရာဂ၊သင်မှာထကြွ
ငါ့ကိုယူချင်၊ပြစ်မဲ့စင်သည့်
ချစ်လင်ကိုသာ၊သင်သတ်ပါ၍
သင့်၏ချစ်ခင်၊သင်မိခင်လည်း
သူ့ လင်သူ့ သား၊သူ့ သက်ထားတွက်
ကြီးမားသောကကြုံစေအံ့ ။
အိုဘယ်အ လှ၊ချစ်နှမရယ်
သောကထွေကာ၊မငိုပါလင့်
မယ်မှာဝိုးဝါး၊အမြင်မှားနှင့်
မယားကိန္နရာ၊ဘဝမှာဖြင့်
ဘယ်လိုကြီးကျယ်၊ဂုဏ်တင့်တယ်လည်း
နှမနေရာ၊သည်တောမှာဖြင့်
သာယာကင်းစွ၊ခြောက်သွေ့ လှ၏။
ကျက်သရေဖြာ၊ရွှေနန်းမှာဖြင့်
တောင်ညာဒေဝီ၊မဟေသီဖြစ်
ငါသည်မယ်အား၊အပ်ကာထားမယ်
ကြည်သာစွာစံမြန်းပေလော့။
ဟယ်မင်းယုတ်မာ၊ပြောထွက်ပါဘိ
စကားရိုင်းပျ၊ပြောထွက်လှ၏
ငါကိုလိုချင်၊ငါချစ်လင်သတ်
ထို့ သို့ ငါမှာ၊သင့်လက်ပါမည်
မဟုတ်ပါချေ၊ဝင်သက်လေတွေ
ငါ့ကိုတိုင်ပဲချူပ်ပြစ်အံ့၊
အိုနှမငယ်၊သင့်အရွယ်က
ငယ်လှပါပေ၊မဖြစ်သင့်ချေပြီ
သင်တို့ ချစ်ခြင်း၊မဖြိုခွင်းနိုင်
လာလမ်းကိုသာပြန်ပါမည်။
ထိုအခိုက်တန့် ဝယ်ကိန္နရီမှာ
ချစ်လင်အနား၊ပြေးလွှားသွားကာ
လျိုမြောင်တောတောင်၊လှိုင်ဂူပေါသည့်
သာယာရှုမော၊လွန်ကျယ်ပြောလှ
ပန်းပေါင်းစုံပွင့်၊အလှတင့်သော
ဤတောကိုအုပ်စိုး၊ရှင်ရုက္ခစိုးတို့ 
ငါ့၏ချစ်လင်၊အသက်ရှင်ရန်
ကူညီပါလော့နတ်မြတ်ပေါင်း။
တိုင်တည်သစ္စာ၊မေတ္တာဟုန်ကြောင့်
သိကြားဗိမာန်၊အပူရှိန်ဟပ်
သကြားနတ်မင်း၊ပုဏ္ဏားဆင်းသဏ္ဍန်
ဖန်ဆင်းပြီးလျှင်၊လူပြည်သက်ဆင်း
ကိန္နရီနား၊ကပ်သွားခါရယ်
ကိန္နရာဖို၏၊မြားဒဏ်ရာကို
ရေစင်ဖြန်းရာ၊အနာချက်ချင်း
ပျောက်ကင်းနေရာမှထ၏။
ကိန္နရီကိန္နရာမောင်နှံမှာ
ပုဏ္ဏားဟန်ဆောင်၊သိကြားရှင်အား
ကျေးဇူးစကား၊ပြောကြားလေ၏
အို .....စန္ဒကိန္နရီကိန္နရာတို့ 
ဤနေ့ မှစ၊လူသူတကာ
ခဏမကြာ၊ရောက်ရောက်လာသော
တောင်ခြေအရပ်၊မဆင်းအပ်ပေ။
ဤသို့ ခွန်းခြွေစကားမြတ်
နာကြားပြီနောက်၊တောင်ပံယှက်လို့ 
မိမိစံအိမ်၊ငွေတောင်ရပ်ဆီ
ပျံသန်းသွားလေ၏။
ငွေတောင်ဆီပျံသန်းသွားစဉ်
စန္ဒကိန္နရီက၊ဝေဟင်ကနေ
ဤသို့ တေးဆိုကျူးရင်လေ၏
လူသူကင်ရာငွေတောင်ဆီကို
တူစုံမောင်နှံသွားကြစို့ လေး
တောင်ပေါ်ဆီမယ်ပေါလှပေသည်
ပန်းပေါင်းထွေထွေ ရနံ့ တွေကသင်း
အို....ရှုမောဖွယ်မဆုံး
ငွေတောင်ပေါ်လေချိုသွေး
ပန်းကလေးတွေလွင့်အလှတင်သည့်
ငွေတောင်ဆီကို သွားကြစို့ ကွယ်လေး။
ကဗျာရေးသားချိန်။ ။တပို့ တွဲလဆန်း(၄)မှ (၆)ထိ
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
မြိုင်ဟေဝန်မှာ၊ဖူးပွင့်လာသော
ပန်းမာလာသင်း။
ငှက်ကျေးပေါင်းစုံ၊တူမောင်နှံယှဉ်
ဝေယံမှာပျော်။
ကြည်ပြာစေသွန်၊ရေတံခွန်စမ်း
ငွေသောင်ယံဦး။
စန္ဒကိန္နရီကိန္နရာတို့ မှာ
ပန်းပေါင်းထွေထွေ၊ခူးယူခြွေကာ
မြေမှာဖြန့် ၏။
ကိန္နရာဖို၊ဝါးလုံးကိုတီး
သီဆိုနေပြန်။
စန္ဒကိန္နရီမလေးမှာ
နန်းမူနန်းဟန်၊အသွင်ဟန်ဖြင့်
ကခုန်နေရှာ။
ထိုစဉ်ဗြဟ္မဒတ်မင်းမှာ
လေးတော်ထမ်းလျက်၊ဟိမဝန္တာ
မြိုင်ရပ်ဆီလာ။
ဝါးလုံးတီးသံ၊နားဝယံသို့ 
လွင့်ပျံ့ လာသော်။
ဗြဟ္မဒတ်မင်း၊ခြေချနင်းသံ
မကြားရအောင်။
အနီးပါးသို့ ၊တိုးကပ်လို့ သာ
ကပ်လို့  သာသွား၊
စန္ဒကိန္နရီကိုမြင်ခဏ
မေတ္တာသက်ဝင်၊ချစ်ခင်တက်မက်
စိတ်ဝင်လာ၏။
ကိန္နရီကိုသိမ်းပိုက်ရန်
လေးကိုတင်၍၊ချစ်လင်ဖြစ်သူ
မြားဖြင့်ပစ်သည်။
ကိန္နရာဖိုမှာမြားချက်ထိ
အော်ညည်းမြည်တမ်း၊မြားတန်းလန်းဖြင့်
လှဲသွားရှာ၏။
ချစ်လင်သံကြား၊လျင်မြန်သွားခါ
စုံစမ်းလေ၏။
ချစ်လင်ကိုယ်မှာ၊မြားဒဏ်ရာနဲ့ 
တွေ့ လေရှိသော်၊မျှော်ကြည့်ဝဲယာ
ဗာရာဏသီ၊စီရီခြွေရံ
ခြံရံကင်းသော၊မောဟရမ္မက်
တပ်မက်နေသူ၊လူတွေအုပ်ချုပ်
ယုတ်မာမင်းကြီး၊လှမ်း၍မြင်၏။
စန္ဒကိန္နရီမင်း၏အနား
ပြေးလွှားဖြတ်ကျော်၊တောင်ထိပ်ပေါ်က
အော်ကျိန်ဆဲ၏။
သူယုတ်မာမျိုး၊ရာဇာဆိုးရယ်
မြတ်နိုးချစ်ကြင်၊ငါချစ်လင်သည်
အသင်ရက်စက်၊မြားဒဏ်ချက်ဖြင့်
အကိုင်းခက်ဝေဖြာ၊သစ်ရိပ်မှာပဲ
ကြည်လင်ရွှင်စွာ၊မြူးပျော်ရာမှ
ခုမှာလဲကျ၊မြေဝယ်ခ၍
သောကငါမှာရောက်ရ၏။
ရှင်မင်းတရားရမ်းကား၍
သနားဖွယ်ဖြစ်၊ငါ့၏ချစ်လင်
သေရွာသို့ ဆီ၊မြန်းရပြီမို့ 
ငါမှာပူဗျာ၊သောကဖြာလို့ 
သင်၏သက်ထား၊သင်မယားလည်း
ကြီးမားသောကကြုံစေအံ့။
တဏှာရာဂ၊သင်မှာထကြွ
ငါ့ကိုယူချင်၊ပြစ်မဲ့စင်သည့်
ချစ်လင်ကိုသာ၊သင်သတ်ပါ၍
သင့်၏ချစ်ခင်၊သင်မိခင်လည်း
သူ့ လင်သူ့ သား၊သူ့ သက်ထားတွက်
ကြီးမားသောကကြုံစေအံ့ ။
အိုဘယ်အ လှ၊ချစ်နှမရယ်
သောကထွေကာ၊မငိုပါလင့်
မယ်မှာဝိုးဝါး၊အမြင်မှားနှင့်
မယားကိန္နရာ၊ဘဝမှာဖြင့်
ဘယ်လိုကြီးကျယ်၊ဂုဏ်တင့်တယ်လည်း
နှမနေရာ၊သည်တောမှာဖြင့်
သာယာကင်းစွ၊ခြောက်သွေ့ လှ၏။
ကျက်သရေဖြာ၊ရွှေနန်းမှာဖြင့်
တောင်ညာဒေဝီ၊မဟေသီဖြစ်
ငါသည်မယ်အား၊အပ်ကာထားမယ်
ကြည်သာစွာစံမြန်းပေလော့။
ဟယ်မင်းယုတ်မာ၊ပြောထွက်ပါဘိ
စကားရိုင်းပျ၊ပြောထွက်လှ၏
ငါကိုလိုချင်၊ငါချစ်လင်သတ်
ထို့ သို့ ငါမှာ၊သင့်လက်ပါမည်
မဟုတ်ပါချေ၊ဝင်သက်လေတွေ
ငါ့ကိုတိုင်ပဲချူပ်ပြစ်အံ့၊
အိုနှမငယ်၊သင့်အရွယ်က
ငယ်လှပါပေ၊မဖြစ်သင့်ချေပြီ
သင်တို့ ချစ်ခြင်း၊မဖြိုခွင်းနိုင်
လာလမ်းကိုသာပြန်ပါမည်။
ထိုအခိုက်တန့် ဝယ်ကိန္နရီမှာ
ချစ်လင်အနား၊ပြေးလွှားသွားကာ
လျိုမြောင်တောတောင်၊လှိုင်ဂူပေါသည့်
သာယာရှုမော၊လွန်ကျယ်ပြောလှ
ပန်းပေါင်းစုံပွင့်၊အလှတင့်သော
ဤတောကိုအုပ်စိုး၊ရှင်ရုက္ခစိုးတို့ 
ငါ့၏ချစ်လင်၊အသက်ရှင်ရန်
ကူညီပါလော့နတ်မြတ်ပေါင်း။
တိုင်တည်သစ္စာ၊မေတ္တာဟုန်ကြောင့်
သိကြားဗိမာန်၊အပူရှိန်ဟပ်
သကြားနတ်မင်း၊ပုဏ္ဏားဆင်းသဏ္ဍန်
ဖန်ဆင်းပြီးလျှင်၊လူပြည်သက်ဆင်း
ကိန္နရီနား၊ကပ်သွားခါရယ်
ကိန္နရာဖို၏၊မြားဒဏ်ရာကို
ရေစင်ဖြန်းရာ၊အနာချက်ချင်း
ပျောက်ကင်းနေရာမှထ၏။
ကိန္နရီကိန္နရာမောင်နှံမှာ
ပုဏ္ဏားဟန်ဆောင်၊သိကြားရှင်အား
ကျေးဇူးစကား၊ပြောကြားလေ၏
အို .....စန္ဒကိန္နရီကိန္နရာတို့ 
ဤနေ့ မှစ၊လူသူတကာ
ခဏမကြာ၊ရောက်ရောက်လာသော
တောင်ခြေအရပ်၊မဆင်းအပ်ပေ။
ဤသို့ ခွန်းခြွေစကားမြတ်
နာကြားပြီနောက်၊တောင်ပံယှက်လို့ 
မိမိစံအိမ်၊ငွေတောင်ရပ်ဆီ
ပျံသန်းသွားလေ၏။
ငွေတောင်ဆီပျံသန်းသွားစဉ်
စန္ဒကိန္နရီက၊ဝေဟင်ကနေ
ဤသို့ တေးဆိုကျူးရင်လေ၏
လူသူကင်ရာငွေတောင်ဆီကို
တူစုံမောင်နှံသွားကြစို့ လေး
တောင်ပေါ်ဆီမယ်ပေါလှပေသည်
ပန်းပေါင်းထွေထွေ ရနံ့ တွေကသင်း
အို....ရှုမောဖွယ်မဆုံး
ငွေတောင်ပေါ်လေချိုသွေး
ပန်းကလေးတွေလွင့်အလှတင်သည့်
ငွေတောင်ဆီကို သွားကြစို့ ကွယ်လေး။
ကဗျာရေးသားချိန်။ ။တပို့ တွဲလဆန်း(၄)မှ (၆)ထိ
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
No comments:
Post a Comment