သူလှလားငါလှလား
မမေးပါနဲ့ လား။
ပန်းပေါင်းအားလုံး အလှမျိုးစုံ
သူဂုဏ်နှင့်သူရှိလေ၏။
ပန်းသဇင် နန်းတော်ဝင်မို့ 
ပင့်မြင့်ယံ စံပျော်ပါး
သူလည်းလှပေတကား။
ဆူးဝန်းရံခ နှင်းဆီဘဝ
သူလည်းတစ်မျိုး မရိုးအလှ။
ပန်းခတ္တာ သင်းဖြာလှိုင်မွှေး။
ရင်ကိုအေး။
ပိတောက်ငုဝါ အဝါဆင်
အညှာတံမှာကွဲ သူတို့ လည်းလှမြဲ။
မြေခပန်းလေး ခရေလည်းမွှေး
ပွင့်ဖက်ခြောက်ကြွေ ရနံ့ မပြယ်ပေ။
စံပယ်ဖြူဖွေး ကြူကြူမွှေး
သရဖီအင်ကြင်း သူအဆင်းနဲ့ သူ
အလှပို။
ညအခါမွှေး ညမွှေးပန်း
ကုမုန္ဒြာရွှေကြာ နေရောင်လာချိန်ညှိုး
သူလည်းအလှထူး။
ပန်းမှာမဉ္ဖူ လှိုင်ထိပ်ခေါင်မို့ 
သာကီနွယ်ပန်း လှပတင့်ဆန်း
သူအလှနှင်သူ ရှိကြပေတာ
သူလှလား ငါလှလား
မမေးပါနဲ့ လေ။
ရုပ်နာမ်ဖောက်ပြန်အစဉ်
ရှိနေတာမို့  ကပ်လေသတိ
မယှဉ်သင့်တာ မယှဉ်ပါနဲ့ 
မလိုတာဇာချဲ့ ကိုယ်အတွက်
ဘာအကျိုးမြတ်ထွက်ပါသလဲ
အမှားဖက်တော့ အတ္တကပ်ပါလေရော.။
No comments:
Post a Comment