ခဏရောက်လာ သည်ချိန်ခါမယ်
အတိတ်ဘဝ ပြုသမျှကံ
ကြောင်းကျိုးပေးပုံ မတူလေ၏
ရုပ်ဝတ္ထုခင် ဓနဂုဏ်ငွေ
အစွဲပြုကာ သူငါအတ္တ
မာန်မာနတို့  မြင့်တတ်ကုန်၏
အနိစ္စမမြင် ရုပ်ကိုခင်တွယ်
ဒီသံသရာ ဖတ်တွယ်လို့ ထား
မြင့်မြတ်ဘုံမှာ နေရသော်လည်း
တရားမသိ အမှားမမြင်
မျက်ကန်းစစ် ဖြစ်လျက်နေပါတကား။
ညီညွတ်ညိန်း
No comments:
Post a Comment