Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Friday 5 October 2012

***ဣတ္ထိယခေါ်.....**

ကျနော်အိမ်ထဲမှာပဲနေရတော့မွန်းကျပ်လာသည်
လေကောင်းလေသန့်ရှုရန်ရွာတောင်ဘက်သို့
ကျနော်ထွက်လာခဲ့သည်
စိမ်းစိုသောတောတန်းလေးမြင်ကွင်းကလှနေသည်
လေပြေလေနုအေးတွေကလဲတိုက်ခက်တော့
မွန်းကျပ်စိတ်ကိုပြေပျောက်စေသည်

ကျနော်လေပြေတွေရှုရှိုက်ရင်းသွားနေတာ
ထန်းတောညိုပတ်လည်ဝိုင်းနေတဲ့ထန်းတောထဲ
ရောက်တော့အရိပ်ကောင်းသောသစ်ပင်အောက်
တွင်ထန်ရေသောက်နေသောကျနော်သူငယ်ချင်း
ဖိုးကျော်နဲ့ဇင်ကို၊ရဲဝင်းစိုးတို့ကိုတွေ့ရသည်

ဖိုးကျော်ကကျနော်ကိုလှမ်းခေါ်သည်
"သူငယ်ချင်းစာဥလာဆွဲရအောင်"
ကျနော်လဲသူတို့ထန်းရေဝိုင်းဆီသို့ခြေဦးလှည့်
လိုက်ပါတော့သည်
""စာဥချကွာ"
ဖိုးကျော်ကမ်းပေးသောထန်းရေခွက်ကိုယူကာ
သောက်လိုက်သည်
ထန်းရေသောက်ရင်းစကားတွေပြောနေတာပေါ့
ထန်းရေလေးသုံးလေးခွက်လောက်ဝင်တော့
ပါးစပ်ကစကားပြောတာသွက်လာသည်ဖိုးကျော်
ကအချစ်စန်းပွင့်သူပေါ့ဗျာ
""စာဥငါမင်းကိုတစ်ခုပြောစရာရှိတယ်""
""အေးပြောလေကွာ""
"ငါချစ်သူကွာနည်းနည်းစကားများတာနဲ့သတိမေ့
တက်သွားရောကွာ""
"မင်းကောင်မလေးမိန်းမမာယာသုံးနေတာနေမှာပါ"
"ငါလဲမသိဘူးကွသူငယ်ချင်းတို့အကြံပေးဦး"
"ဖိုးကျော်ရေဒီကိစ္စကိုဟိုကောင်စာဥကိုသာမေး"
ဇင်ကိုကတော့ကျနော်ဘက်မြှားဦးလှည့်လိုက်ပြီ
"ဟုတ်တယ်ဖိုးကျော်ဒီကောင်စာဥသာမေး"
ရဲဝင်းစိုးကပါအချွန်နဲ့မလေပြီ
"ဟေကောင်စာဥမင်းပြောဘာလုပ်သင့်လဲ"
မိန်းမတွေမှာမာယာတွေကအများကြီးရှိတယ်
ငါမင်းတို့ကိုနည်းနည်းပြောပြမယ်
ရှက်စနိုးပြုံးခြင်း၊မသိဟန်ဆောင်ခြင်၊ခိုးကြည့်ခြင်း
ကလေးကိုချော့မြူခြင်းအများကြီးပဲကွ
ငါအမြင်တော့မင်းကောင်မလေးကမင်းချစ်မှန်း
သိနေလို့ဆိုးတာဖြစ်မယ်အဲမာယာကညူစူတက်ခြင်းပေါ့ကွ
"ဟုတ်လားကွ"
ဟုတ်တယ်ငါကောင်
မင်းတို့ကလေစာရေးဆရာကြီးမင်းသိင်္ခပြောသလို
လေ့လာပါမှတ်သားပါဆိုတော့စာအုပ်ထဲမှာ
အရုပ်များတယ်နည်းတယ်ပဲကြည့်နေတယ်
ကွမ်းယာစားပါဆိုဝါးပြီးထွေးချတယ်
""မင်းကတော့ပြောပြီ"
""ငါပြောတာကစာပေတွေလေ့လာတော့အညာ
မခံရတာပေါ့"
အခုငါတို့ရွာမှာစာကြည်တိုက်လဲရှိနေပြီလေ
"အေးပါလေ့လာမယ်"
မင်းတို့ချစ်သူတွေကြားမှာရှိသေးတယ်သူတို့သုံး
တက်တဲ့စကားတွေရှိတယ်... "ဟုတ်လားအဲဒါဘာလဲ"
"မင်းနဲ့တွေ့တဲ့အချိန်မှာကိုရေလို့ခေါ်မယ်မင်းကလဲ
ပြောလေလို့ပြောမယ်အဲအချိန်မှာသူကဘာမှ
မဟုတ်တော့ဘူးလို့ပြောမယ်အေးအဲဒီလိုပြောရင်
သူစိတ်ထဲမှာမင်းကိုပြောစရာရှိနေလို့ပဲမှတ်

ကျနော်တို့ထန်းရေဝိုင်းနားသို့ဖိုးကျော်ချစ်သူ
ရောက်လာပါတယ်
"ကိုကြည့်စမ်းဒီထန်းရေမသောက်ပါနဲ့ပြောထား
တာကိုသောက်တယ်""
""နည်းနည်းပါကျန်းမာရေးတွက်လေ"
ဒီလိုနဲ့စကားတွေတစ်ယောက်တစ်ခွန်းပြောရင်း
ကောင်မလေးရုတ်တစ်ရက်သတိမေ့လဲသွားသည်
ကျနောတို့လဲပျာပျာသလဲဖြစ်သွားကာ
ဖိုးကျော်ကပဲသူချစ်သူတက်တိုင်းသွားနေကြရွာ
ကျေးလက်ဆေးပေးခန်းသို့ပြေးပါလေသည်
ကျနော်တို့လဲသူနောက်မှအပြေးအမှီလိုက်ရသည်
ဟိုရောက်တော့လူကအတော်မောဟိုက်သွားပြီ

ဆေးခန်းကထွက်လာတော့ကောင်မလေးမျက်နှာ
ကပြုံးလို့ရွှင်လို့လေဒါနဲ့ကျနော်လဲစပ်စုချင်တာနဲ့
ဆေးခန်းဝင်သွားကာကျနော်သူငယ်ချင်းကိုမေး
ကြည့်ပြီးကျနော်ပြန်ထွက်အလာမှာဖိုးကျော်
ခေါ်ကာအစီစဉ်တခုဆွဲပါလေသည်

နောက်နေ့မနက်ခင်းသူတို့နှစ်ယောက်ကျနော်အိမ်
ရောက်လာပါသည်ကျနော်လဲပြင်ထားသောထမင်း
ဝိုင်းသို့ခေါ်ကာမနက်စာဧည့်ခံကျွေးပါသည်
ထမင်းစားပြီးနောက်ရေနွေးကြမ်းသောက်ရင်း
စကားတွေပြောနေတာအချိန်ကြာလာတော့
""ကိုပြန်ရအောင်လေ"
"ခဏနေပါဦးဒီမှာစကားကောင်းနေတယ်"
ကောင်မလေးတစ်ထပ်ခေါ်တော့လဲဖိုးကျော်က
နေဦးပြောတယ်နောက်တစ်ခါခေါ်တော့လဲဒီတိုင်းပဲ
ပြောတယ်နေပါဦးပေါ့တစ်ခါမရနှစ်ခါမရနဲ့သုံးခါ
မြောက်ခေါ်ပြီးတော့ကောင်မလေးစိတ်ဆိုးပြီမေ့
လဲသွားပါပြီဒီတခါတော့ကျနော်တို့ပျာပျာသလဲ
မဖြစ်တော့ဘူးဒီတိုင်းပဲထိုင်ကြည့်နေလိုက်သည်
ဖိုးကျော်ကတော့စိတ်ပူတာပေါ့ကျနော်သူထူမဲ့
လုပ်တော့တားထားသည်...

နာရီဝက်လောက်ကြာတော့သူသတိရလာသည်
ကျနော်တို့ကိုသေချာကြည့်နေသည်
ကျနော်လဲသူကိုကိုယ်ချစ်သူပေါ်အဲလောက်မဆိုး
ပြောပြတော့သူလဲနားလည်သွားသည်
ကျနော်အိမ်မှပြန်သွားသောသူတို့နှစ်ယောက်
ကျောပြင်ကိုကြည့်ရင်းပြုံးရင်းကျန်နေခဲ့ပါသည်


ချစ်သူတိုင်းအဆင်ပြေကြပါစေ

ကျနော်ဖုန်းနဲ့တင်ရတဲ့စာတွေကိုအားပေးသူ
အပေါင်းအထူးကျေးဇူတင်လျှက်

ကြိုးစားပါဦးမည်




***စံလွန်းတင်**


နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ

No comments:

Post a Comment