
ဖူးငုံအဆင့်၊ကျော်ဖြတ်လွင့်စင်
ပွင့်လန်းလို့ သာ၊ဥယျာဉ်ထက်ဝယ်
ခူးယူပန်ဆင်၊မြတ်နိုးပါသခင်
လျောက်ထားပန်ဆင်၊ရွှေနားတော်ဆင်
သခင်ခြေရင်း၊ဝပ်တွားစင်းစင်း
ခစားရင်းပင်၊သခင်အလိုကျ
စေညွှန်းသမျှ၊ခွန်းတုံ့ မဆို
ချစ်အားပိုလျက်၊တော်ဝင်နတ်ပန်း
ပန်ဆင်လိုက၊ခူးယူပြမယ်
သခင်အတွက်ဆို၊အသက်ကိုပင်
စတေးရစေ၊လက်မနှေးပ
ချစ်ပြပါမည်...
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment