Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 15 June 2013

ဆယ်နှစ်လရာသီလွမ်းချင်း

တစ်နေ့ ဝင်ပေါ်လာနိုး
မျှော်ကိုးသူမှာ ရွှေအားငယ်
ပိတောက်တွေရွှေရည်လူး
ထူးတဲ့အချိန် ပျော်ပျော်ရွှင်ရွှင်
ရေပွဲသဘင် နွှဲ့ ကြရှာ
မေ့ မှာမပျော်နိုင်
နွေနှောင်းဝဿန် ရာသီချိန်ကူး
တောင်ကခြိမ့်မြူး မိုးသားမြူတွေ
လေအဝှေ့  တစ်ရွေ့ ရွေ့ လာ
တွေးရင်တွေးရင်း မျက်ရည်လည်လာ
ဝါဆိုလမယ် ပုန်းညက်ကယ်
ခိုင်ပင်မင်းထက် တင့်ဆန်းဝေဖြာ
မြတ်လေးစံပယ် မွှေးပျံ့ ကြူသာ
လဝါခေါင် ရေဖောင်ဖောင်
သပြေညို သီးမှည့် လို့ ဝင်း
တစ်ဖြုတ်ဖြုတ်ကြွေ  မျှော်ရတာရှည်
လေးလရာသီရှိပြီမောင်...
တော်သလင်းမှာ လှေလှော်သဘင်
ပျော်ရွှင်ဆင်နွှဲ့  မေ့မှာတစ်ကိုယ်တည်း
ဆီးမီးရောင်ဖြာ သီတင်းကျွတ်ချိန်ခါ
ကြာဖြူကြိုင်သင်း အိုင်ရေကန်တွင်း
တန်ဆောင်မုန်း မောင်ဖုန်းရောက်မလာ
တစ်စဟေမာန် နတ်တော်လမယ်
နှင်းဖြူစကြဲ မျှော်နေမြဲ
ပေါ်မလာကြာ ရှစ်လရာသီရှိပြီ။
ခွာညိုကြိုင်သင်း ပြာသိုလ်တွင်း
ညအခါဆို ချမ်းခိုက်ခိုက်တုန်
ရင်ခွင်ခိုလှုံချင်ရဲ့  သို့ သော်ပေါ်မလာ
တပို့ တွဲမှာ ထမင်းနှဲ့ ပွဲ
ဆင်နွှဲ့ ပျော် ဇွန်ပန်းဖြူ
ကြူကြူမွှေး လတပေါင်းမှာ
ရွက်ဝါဟောင်းကြွေ
စောင့်ခဲ့တာရှည် ဆယ်နှစ်လရာသီရှိပြီမောင်။

No comments:

Post a Comment