မှိုင်းညိုရိပ်ဆင် ကောင်းကင်ထက်ဝယ်
လျှပ်နွယ်လျှပ်ပန်း ရောင်စုံဆန်းဖြာ
တိမ်ညိုလှိုင်း လေပြေရိုင်းနှင့်
မိုးသက်လေနှင် ပြိုဟန်ဆင်
မေထုန်ရာသီ အစပျိုး
အလှတိုးဖြာ။
မြတ်လေးစံပယ် တင့်တယ်ဝေဆာ
ပင်မာလာထက် ကြူသင်းလို့ ဖြာ။
ဖြန်းပတ်မိုးရေ စိုစွတ်မြေပြင်
စိမ်းစိုပြေ နွေနှောင်းဝဿန်
တစ်စတစ်စ အလှဆင်
ပုန်းသောသူပေါ် သေသောသူရှင်
နွေဘုရင်မောင်းထုတ် မိုးပေါက်အုပ်ဖြာ
မြေနံ့ ပျံ့ သင်း။
ရွှေပေလွှာစာဆိုပွဲ ခြိမ့်ခြိမ့်သဲ
နွှဲ့ ကြသည်ချိန်ခါ
ကောင်ကင်အလယ် ထက်ဝယ်ဘုံ
ဇေဌရွှေကြယ်မင်းငယ်
ထွန်းပလို့ လင်း။
No comments:
Post a Comment