မရေမရာ ပန်းတစ်ပွင့်
ကြွေကာလှမ်းဆင့် ဖြေစရာ
နွမ်းညစ်ညစ် ဝေဒနာ
တစ်ဆောင်းသစ်ခဲ့ ပြီ။
ခြေရာဟောင်းလို့  ရာသီပြောင်းလည်း
ရင်ခွင်အနာဟောင်း နာလို့ ကောင်းတုန်း
မမုန်ပါဘူး မမေ့ပါဘူး
ကတိသစ္စာ ဒီခေတ်ကြီးတွက်
အလကားလားလို့  ဟစ်တိုင်ပေါ်တက်
ကြေငြာလိုက်ချင်ရဲ့  သေသာသေလိုက်
နန္ဒိယ လို့  ကိုယ့်ကိုအပြစ်ဆို
မနှစ်မလိုသူက ထွက်ပြေးသွားပြီ။
No comments:
Post a Comment