အလှဆုံးမို့  မမုန်းနိုင်ဘူး
အသည်းညှာဆိုင် မခွဲမခွာ
အမြဲသာ ချစ်နေမှာ
သံသရာ အဆက်ဆက်
ပေါင်းချင်သူမို့ 
ဆောင်ဝင်လေချိုဖြန်း
သြော် နေညို ညနေချမ်းတိုင်း
လွမ်းနေရပါလား
တသသ တတော့
တစ်စစ ဝေးသွားမှာလည်း
စိုးရိမ်သား ပိုးအိမ်ဝယ်
တွယ်ငြိသလို တကယ်မချိ
ခံစားရပါလား သူအသံကြားက
လွမ်းသမျှနွမ်းတာတွေ ပန်းဘဝရောက်သွား၏
ညီညွတ်ညိန်း
No comments:
Post a Comment