ဝဿန်မိုးစက်
ရုတ်တစ်ရက်သာ
ထွက်ခွာလို့ရယ်
ဟေမာန်မြူနှင်း
ဖွေးဖွေးရွရွ
တစ်စစကျ
သိပ်လှနေပြီ
ရေပြင်ကြောဝယ်
ကြာညိုသင်းသင်း
ရနံ့အဆင်း
ပွင့်လန်းနေရှာ
ပန်းမာလာရယ်
ပင်ယံမြင့်မှ
ဖြူလှသဇင်
ဖူးငုံဝင်လို့
ပွင့်ရန်အားယူ
တော်ဝင်ပန်းမို့
ခူယူပန်ဆင်
ကေသာထက်ဝယ်
အလှဆင်ရန်
စောင့်နေရှာသည်
ဟေမာန်အစ
စာဖွဲ့မမှီ
လှပနေပြီ
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment