ဖခမည်းတော်မညှာတာ
ကြိမ်စင်္ကြာပြန်လို့သိမ်းတာကြောင့်
လာရန်ပင်အလွန်ခက်
မွှေးလွန်းသခင်မရယ်
ရန်ဆွယ်တွေများ
မောင်တော်သွားဝံ့လွန်ကျူး
မောင်တော်ရယ်အန္တရာယ်
လမ်းကြားမို့နှမတော်ပူရှာ
အမျှော်ထောက် ပေါ်မလာ
ဖြေရန်ပင်ခက်ပြီ
လေသာပြတင်းဆီ
မျှော်ရည်ငေးဆွေးစိတ်မဖြေ
တိုးကာရစ်ခွေချစ်ဦးမောင်တော်သခင်
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment