
လှည်းယာဉ်လေး
တငြိမ့်ငြိမ့်နဲ့ 
ပျော်စရာဌာနေ
အညာမြေ...
လယ်ကွင်းပြင်လေး
ရေဖွေးဖွေးမှာ
သံစုံမြည်တဲ့
ဖားငယ်လေးတို့ 
မိုးရေပတ်ဖျန်း
ရွင်လန်းနေကြပြီ...

တေးသံလေးက
ဟိုး...အဝေးကကြားရသူအဖို့ 
နားဝင်အလွန်ချို
ချိန်ညနေဆည်းဆာ
လုံမလေးငယ်လေးများ
ရေအိုးကိုယ်စီရွက်ခါ
လှမ်းလာနေတာ
မှန်းမျော်ခါပဲ
လွမ်းရနေတာ...

ထန်းတောညို
နွေကိုတေးဆို
ဥသြညိုကလေး
ကြင်သူအဝေး
ပြေးထွက်ပြေးလို့ 
မမောမပန်း
ခရီးကြမ်း
သူနှင့်နေပြီလေ...

လွမ်းရပြီလေ
မှန်းဆကာပဲ
တမ်းတနေရ
တစ်နေ့ တော့
ပြန်ခဲ့ပါမယ်
လွမ်းရတဲ့အညာမြေရယ်...

No comments:
Post a Comment