ခေတ်ဆန်သောအလှပတွေကြား
မြန်မာဆန်ဆန်လေးနဲ့သူမမရယ်
ပါးပြင်ထက်ဝယ်သနပ်ခါးလိမ်းခြယ်
ရိုးရိုးလေးဝတ်ဆင်ပုံရယ်
မြင်သူတစ်ကာစွဲမက်ဖွယ်
ဇင်ယော်တောင်မျက်ခုံး
မဟူရာမျက်ဝန်းလေးရယ်
သိပ်လှတဲ့အပြုံးတွေကြောင့်
ရင်ဘဝင်ထိစွဲငြိစေပြီ...
ဖွင့်ဟဖို့လဲမဝံ့ရဲပါကွယ်
တိတ်တိတ်ကလေးသာပဲ
ကြေကွဲနေလို့ရယ်
ငိုခဲ့ရတဲ့နေ့တွေညတွေ
ရေတွက်ခက်နေပြီ...
အချစ်ဆိုသည်မှာလဲ
အသက်ရွယ်အပိုင်းခြားရှိမယ်မထင်
အရွယ်ငယ်ငယ်ကောင်လေးမို့လဲ
ငြင်းပယ်မှာစိုးမိသည်
တိုးတိုးခဲ့အချစ်တွေသာ
နှလုံးအိမ်မှာရစ်ဖွဲ့လာ
အပြစ်ဆိုချင်ဆို
ချစ်ခွန်းချိုချို
ဖွင့်ဟမယ်ကြံတိုင်း
ဘာရယ်ကြောင့်စိတ်အားငယ်
မမရယ်...မမရယ်
ချစ်မိတာအပြစ်ရှိပါသလားကွယ်
ဝဋ်ရှိရင်လဲတိတ်တခိုးဒီဘဝ
ဒီမျှကြေပါတော့လား
မသေချာတဲ့မနက်ဖြန်တိုင်း
တွေဝေစွာရှေ့ဆက်ရမလား
ရင်မှဝေဒနာများမမသိပါစေသား...
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment