Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Tuesday, 18 June 2013

ငဲ့လော့.....ငဲ့လော့


နံနက်မိုးသောက် အာရုံရောက်ချိန်
ပဲပြုတ်သည်လေး
စားတော်ပဲပြုတ် တောင်းစုတ်လေးနဲ့ 
ခေါင်းထက်ပေါ်တင် ဟိုဝင်သည်ထွက်
ရပ်တကာလှည့် စက်ရုံလုပ်သား
ထိုလူများလည်း လက်တွင်းဆွဲချိုင့်
ကိုယ်စီကိုင်လျက် လုပ်ငန်းခွင်သို့ 
ဝင်ရောက်ချိန်ဝယ် လမ်းဘေးဈေးသည်
ကွမ်းသည်မကျန် ဟိုမှသည်မှ
တစ်စတစ်စ မနက်အလှ
စီခြယ်သချိန် ထိုမှတစ်ဖန်
ကြားရပြန်တာ ဗုဒ္ဓမြတ်စွာ
တရားဒေသနာ ပြန်လည်ဟောကြူး
ဆရာတော်မြတ် အသံသာသာ
ကြားရချိန်မယ် စိတ်ဝယ်ကြည်နူး
ပီတိထူး၏။
စက္ကန့် လက်တံ တစ်ရွေ့ ရွေ့ နှင်
အချိန်နာရီ နရီစည်းချက်
ပုံမှန်လည်ပတ် နေထွက်ချိန်မှ
နေမင်းရောင်ဖြာ နောက်ကျွန်းမေးတင်
မှောင်ရီကပျိုး ကြယ်ဖြူလုံးတွေ
ဟိုမှာသည်မှာ ပေါ်ထွက်လာချိန်
အိပ်တန်းပြန်ငှက် အသံသာနှင့်
အလုပ်ပြန်လာ လုပ်သားများသံ
ရောနှောယှက်တင် အလှဆင်သည်
ထိုအချိန်ဝယ် နားဝယ်ကြားရ
"သားလှလူလေး" လမ်းထိပ်ဈေးဆိုင် တစ်ဗူးဆန်ကို
သွားဝယ်ချေလော့
သားလှလူလေး အပြေးပြန်လာ
မနှေးစီမံ ညနေစာကို
မြိန်ရေယှက်စွာ စားသောက်ရ၏
နေ့ စဉ်ဝမ်းစာ တစ်နေ့ စာရှာ
သည်အသံများ ကြားရသည်က
အောက်ခြေလူစား သူတို့ ကြားမှာ
ကြားရမြဲ၏။
ငဲ့လော့.....ငဲ့လော့ သူတို့ တွေကို။
စိတ္တသုခကာယသုခချမ်းသာကြပါစေ.....ညီညွတ်ညိန်း

1 comment:

  1. ဒီကဗျာလေးအရမ်းကြိုက် ကိုခေတ်သစ်

    ဒါပေမယ့်...အကြံတစ်ခုပေးမယ်နော် စိတ်ဆိုးနဲ့

    လေးလုံးကဗျာလေးက နဲနဲလေး ကာယံလိုနေသလိုပဲထင်တယ်နော်...နောက်ကဗျာတွေမှာလည်း ဒီလိုကောင်းကောင်းတွေရေးပေးအုန်းနော် ......ဘိုင်......ပြန်တော့မယ်နော်

    ReplyDelete