မိန်ရာသီဦး၊လေရူးပွေစ
ညနေဆည်းဆာ၊အလှဖြာချိန်
လုံမငယ်လေး၊ရေအိုးလေးဖြင့်
ရေခပ်ဆင်းလာ၊အညာရပ်မို့ 
နေရှိန်မကျ၊နွမ်းလျရှာပြီး
သူကိုယ်ပေါ်မယ်၊ချွေးပေါက်ထွက်လို့ 
မျက်နှာလေးမှာ၊ညှိုးရှာနေသည်။
မိုးနှောင်းဝဿန်၊ရာသီမှန်က
အချိန်မှန်စွာ၊မရွာသွန်းပဲ
ပျက်ယွင်းလေသော်၊သဲသောင်ပေါ်က
လက်ယက်တွင်းငယ်၊ရေကြောငယ်ငယ်
အသွယ်သွယ်စီး၊စီးဆင်းသော်လည်း
ကမ်းပြည့်လျှံထွက်မရှိလှ။
လက်ယက်တွင်းဘေး၊ရေအိုးလေးချ
ဒူးတုပ်ထိုင်လျက်၊ခွက်ငယ်လေးနှင့်
ရေကိုခပ်ယူ၊ဗိုက်ပူအိုးသို့ 
မှန်မှန်ဖြည့်ရင်း၊တေးသီချင်းကို
နုတ်ဖျားမှလည်း၊ညည်းဆိုနေ၏။
လုံမေငယ်မှာ၊ဗေဒါရီလို
ဗူးပေါက်ကျင်းကျင်း၊ရေသွန်းသည့်နှယ်
ရေဖြည့်ရလေသည်။
သူရိန်နေမင်း၊အနောက်ကျွန်းသို့ 
ကွယ်ပျောက်လို့ ဝင်၊နေမင်းရောင်ရှိန်
မမြင်ရချိန်၊မှောင်ရီကပျိုး
အရှေ့ ရပ်က၊အလင်းရောင်လမင်း
ထွန်းလင်းပေါ်လာ၊သည်အခါမှ
ရေအိုးရေပြည့်အိမ်ပြန်၏။
No comments:
Post a Comment