!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Saturday 16 March 2013
အမေအိမ်
ကျေးငှက်သံဝေ၊မြိုင်ယံခြေက
မီးခိုးအူအူ၊နေပုဒဏ်ကာ
ထန်းလက်နဲ့ မိုး၊ဝါးရိုးကိုခွဲ
ယက်လုပ်ထရံ၊ပတ်လည်ရံကာ
ကြမ်းခင်းကြဲကြဲ၊ဖျာပြဲနှင့်ခင်း
အမေအိမ်လေး၊အဝေးကလွမ်း
မှန်းဆရင်းငိုမျက်ရည်ဝဲ။
အမိုးအကာ၊စုတ်ပြဲကာနေ
အမေ့အရိပ်၊ခေတ္တဝင်အိပ်ဖို့ 
တစ်ပါးသူတွက်၊စက်ဆုပ်မယ်ထင်
မြက်ခြောက်ခေါင်းအုံး၊အဝတ်ဟောင်းတွေ
စောင်အဖြစ်ခြုံ၊နွေးထွေးလုံခြုံ
လူလောကဘုံ၊သုခဘုံလေး
အမေအိမ်လေးအေးရိပ်လေး။
ဟိုအရင်ချိန်၊လသာချိန်က
အမေတေးဆို၊အသံသံချိုချို
မကြားရတာ၊နှစ်လကြာပြီ
ရာသီတွေပြောင်း၊ဇရာထောင်းလို့ 
ဆံဖြူသွားကြွေ၊ပါးရေနားရေ
တွန့် လိပ်နေပြီလားအမေ။
နူတ်ဖျားထက်ဝယ်၊အမေရယ်လို့ 
အကြိမ်ကြိမ်ခေါ်၊ရှိခိုးသော်လည်း
ကျေးဇူးဂုဏ်အင်၊မေတ္တာရှင်မို့ 
အမေကျေးဇူး၊အထူးထူးတွေ
ကြေမယ်မထင်၊မထင်ဘူးလေ
အို..ကျေးဇူးရှင်မေမေများတို့ ရယ်
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment