ရွက်ပျိုပင်နု၊အလှစုချိန်
ငှက်ကျေးပေါင်းစုံ၊ခိုလှုံနေ၏
အလွန်သာယာ၊ရောက်လာသူလည်း
အလွန်ပေါကြွယ်၊အလှကြွယ်သည်
နားခိုပြီးရင်၊စွန့် ခွာသွားလေ
ရွက်ခြောက်ရိုးကျန်၊အထီးကျန်နေ
သားတွေသ္မီးတွေ၊စွန့် ခွာလေချိန်
မိဘနှစ်ပါး၊မျက်ရည်များနဲ့ 
ကျန်နေခဲ့ရှာ။
ဇရာအိုချိန်၊အမွေရှိန်လည်း
မရှိလေသော်၊မျှော်နေသူများ
မိဘများထံ၊ရောက်မလာပေ
ဒီလောကတွင်၊မြင်တွေ့ စမြဲ
ဖြစ်နေမြဲပါလေ။
နှစ်ယောက်တည်းကျန်၊မိဘနှစ်ပါး
သနားစရာ၊မသိရှာပါ
ကျေးဇူးတရား၊မေ့ကာထား၏။
သို့ ပါသော်လည်း........
မိဘတွေက၊မေတ္တာမလျော့
မပြောင်းလဲခြင်း၊ချစ်ခြင်းများနဲ့ 
ချစ်နေဆဲပါ.............
No comments:
Post a Comment