Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Thursday 14 March 2013

ရွက်ဝါကြွေပြောင်းလတပေါင်း

ရာသီပြောင်းချိန်၊လေညှင်းမှုန်မှုန်
အနောက်တောင်မှ၊လှလှပပ
ဆော်သွေးလို့ ချီ၊ရွှေဖီငုံအဆင်း
အင်ကြင်းစုံညီ၊ရဂုံဆီမှ
လေပြေသယ်ရာ၊ရနံ့ ဖြာဖြာ
မွေးပျံ့ လို့ နေ၊လွင့်ပျံ့ လို့ နေ။
ခိုင်ရွှေညှာဝင်း၊ဝါဝါဝင်းဝင်း
ပင်အိုထက်ဖျား၊ရွက်ဝါများမှာ
လေပြေအဝှေ့ ၊ကြွေလွင့်ရရှာ
ရိုးတံကြဲကြဲ၊နေပူထဲဝယ်
အပင်အိုချင်း၊အလှချင်းပြိုင်
ဘယ်သူနိုင်မည်၊တွေးစိတ်ရည်ကြည့် 
မသိနိုင်ပါ၊လှတာတွေထူး
မိန်ရာသီဦး၊ချစ်သူဆီသို့ 
ဆွေးကာသာနေ၊ဆွေးကာနေ၏။
ခင်သူကလေး၊လွမ်းဆွေးစရာ
လေသာခန်းမှာ၊နွမ်းရရှာလို့ 
ချစ်စခင်စ၊အချစ်သခင်
နတ်မိမယ်လေး၊စက်ခန်းမှာ
ပျော်ရွှင်စေကြောင်း၊တောင်းပန်ဆုဖြာ
ခင်နဲ့ အတူ၊တူယှဉ်တွဲကာ
သဲပုံစေတီ၊တူစုံညီစွာ
ဦးခိုက်ချင်ရဲ့ ၊ဖူးလိုက်ချင်ရဲ့ ။
နွေကိုတေးဆို၊ကြိုဆိုနေသော
ကိုရွှေဥသြ၊လွမ်းသံပျပျ
ကြားရပြန်တော့၊နွမ်းလျော့့ရပြန်
တစ်ပြေတစ်ရွာ၊အလှမ်းကွာဝေး
ရွှေမျက်နှာတော်၊မော်ဖူးချင်လည်း
အမြင်မှာနီး၊ခရီးဝေးလှ
ဘယ်သောအခါ၊နီးရပါမယ်
တွေးဆကာလွမ်းရပြန်၏။
လက်ပံပင်အို၊ရွက်ပျိုမရှိ
လက်ပံပွင့်နီ၊လေချီရာဝဲ
မြေသို့ ကြွေကျ၊ကညာနှမ
လုံမေတစ်သိုက်၊ပလိုင်းပိုက်လျက်
လက်ပံပင်အောက်၊အတူကောက်ရင်း
နုတ်ဖျားမှလည်း၊တေးသီချင်းညည်း
အညာဓလေ့၊ပျော်မွေ့ စရာ
ရွက်ဝါကြွေပြောင်း၊လတပေါင်းမယ်
ရွက်ဝါတွေလို၊လေကိုခိုစီး
မေထံအပါး၊ခစားချင်ရဲ့ 
အခုတော့လေ၊မဖြေသာလို့ 
ငေးမှိုင်ကာပဲ၊အတွေးထဲမှာ
တစ်ဝဲလည်လည်၊မျက်ရည်ဝဲလို့ 
ကျွမ်းသကိုလေးကျွမ်းသကို။

No comments:

Post a Comment