နှလုံးသားဥယျာဉ်
အချစ်ရင်ပြင်လေးမှာ
ပန်းလေးတစ်ပွင့်
အလှတင့်စွာဝင့်ထည်
ပင်ယံမှာလန်းနေပါ၏
ကြွေကျမြေခရရင်လည်း
သခင်လက်တွင်း
ခြေတော်ရင်းမှာဝပ်တွားခစား
ဦးခိုက်ပါရစေလား..........
သခင်စေရာမငြင်းသာပဲ
ညွှန်းသမျှကိုတစ်ခွန်းမှကို
ခွန့် တုံ့ မဆိုအသက်ခန္ဓာ
မြေသို့ ကြွေလွင့်
ပြာတစ်ပွင့်ဖြစ်သွားပါစေ
ပေးဆပ်ဖို့ အသင့်လေ.....
ချစ်သဒ္ဒါပိုသူအပြစ်ယူခါ
အမုန်းလေးကြိုးတင်း
ရက်စက်ခြင်းလေးတော်နှင့်
ပစ်ခွင်းမည်ဆိုပါက
အချစ်တစ်လင်းပြင်မှာ
လည်စင်းကာသေပေးပမယ်....
No comments:
Post a Comment