သြော်...တန်ခူး
လေရူးတွေသုတ်ဖြူး
မုတ်သုန်ရာသီဦး
ပန်မျိုးစုံဖူး
ပိတောက်ရွှေရည်လူး
ငုဝါပွင့်ဖူး
အလှထူးသည့်နွေဦး
အတာကြူးခါ
မြူးကြပျော်ရွှင်
ရေတော်သဘင်
အလှဆင်သည့်
ယိမ်းသမလေး
ခါးသေးရင်ချီ
အများငေးလောက်ပါ၏
တူးပို့ ဒိုးသံ
ညံညံစာစာ
ကြားရပြန်လျှင်
လွမ်းရရင်မှာ
သောကဗျာပွေ
ပိတောက်ရနံ့ 
ထုံသင်းမွေးပြီ
ဟိုးဝေးရပ်က
ချစ်လှမေပျို
ဒီရင်ဆီကို
ပြန်လှမ်းခဲ့ပါတော့ကွယ်
No comments:
Post a Comment