!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Monday 27 May 2013
လွမ်းနေခွင့်ပြုပါနော်
ပန်းစကာဝါမြေ လွမ်းကာနေ
လှမ်းလာခဲ့တော့ ကြင်နာသူရယ်
နွမ်းကာကြေသော အသည်းတစ်စုံ
မျက်ရည်ပူဝေ စိမ့်စမ်းရေလို
ပါးပြင်ထက်ဝယ် ခရီးနှင်နေ
အညာလေရူး ဘယ်အခါမမေ့ဘူး
နမ်းခဲ့ဖူးသော စကားဝါ
သတိမှရပါစ။
တစ်နေ့ ဝင်ပေါ်လာနိုး
ဖြေမရွှင်သော်တာနိုး
ကြယ်ကလေးတွေတေးဆို
ငွေလရောင်ဆံဖျားနမ်း
သဝန်တိုတယ်သူဆိုပေ
အခုတော့...တစ်မြေခြား
မေ့နေပြီလား။
မှေးစက်ခေါ်ရော် စက်ခန်းမှာ
သာယာစေကြောင်း တောင်းဆုဖြာရင်း
လွမ်းနေခွင့်ပြုပါနော်....။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ......ညီညွတ်ညိန်း
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment