!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Thursday 9 May 2013
ရွက်ခြောက်တောကကလောင်ရှင်
မိုးတွေဖွဲ့ ချိန် ပျော်ခဲ့ဖူးသည်
သည်လိုမိုးရေတွေအာက် နှစ်ယောက်အတူတူ
မိုးရေတွေထဲဖြတ်လျှောက်ခဲ့တာ
မေ့ မရတဲ့နေလေးတွေပေါ့လေ.....
ဟေမာန်ရောက်တော့လည်း
ဆောင်နှင်းမြူတွေကြား
ပျော်မြူးခဲ့တာ မမေ့ နိုင်ဘူး
ဆောင်းနှင်းငွေ့ တွေ
ပြန်ထွက်ခွာလို့ .....
အနောက်တောင်လေနှင့်အတူ
ရော်ဝါကြွေတော့
အဖော်ဆိုတာဟိုးအဝေးဆီ
တစ်ဖြေးဖြေးထွက်ခွာသွားပြီလေ
အခုတော့ရွက်ခြောက်အထီးကျန်
ရိုးတံတောမှာ ကလောင်တံလေးကိုင်
ကဗျာရေးနေသူ ရင်ခြောက်ကပ်
အတွေးနောက်လို့ အာရုံပျောက်နေ
မပီဝိုးတဝါးရေရွက်မိတာက
ရွက်ခြောက်တော့ကကလောင်ရှင်
ခြောက်သွေ့ ရင်ခွင်
အကြင်နာမိုးရေတွေလဲမလိုချင်
တိမ်ပြိုတော့မည်ဟန် မြင်ရပြန်တော့
အတိတ်ကိုလွမ်း မျက်ရည်တွေဘယ်မခမ်း
သောကထမ်းလျက် ရွက်ခြောက်တောကကလောင်ရှင်
အနာဂတ်လှဖို့ ပြင်ဆင်ရန်အားမရှိ
ခြောက်သွေ့ လွန်းနေ၏
Labels:
ကဗျာ
Subscribe to:
Post Comments (Atom)
No comments:
Post a Comment