ဟိုအဝေးဆီကမစံပယ်ရေ...
ကိုမွေးရပ်မြေကိုမင်းမေ့နေပြီလား
မွေးမြေရပ်မှစွန့် ခွာ
ဟိုးအဝေးဆီမှာ
ပျော်နေပြီလားမစံပယ်ရေ...
ရောင်စုံဆန်းပြားအလှများကြား
မင်းရဲ့ ပါးထက်သနပ်ခါးမကပ်တော့ဘူးလား..
ဘောင်ဘီတိုလယ်ဟိုက်
ဝတ်ဆင်ခြင်းကိုမင်သိပ်ကြိုက်နေလား
မြန်မာပြည်မှာမွေးမြန်မာမလေးမို့ 
သူတို့ အဝတ်စားဝတ်ဆင်ခြင်းက
ဒေါင်းရောင်ဆောင်သောကျီးလို
မတင့်တယ်ပေမစံပယ်ရေ...
တစ်နေ့ ပြန်လာမျှော်ကိုးသူမှာ
အပူမီးလွမ်းဖြာကြားရသတင်း
နားတွင်းမခံသာဘူး....
ပြန်မလာတော့ပို လို့ ရူး
အခုတော့ငါငိုရတယ်တစ်နေ့ တော့
မင်းငိုရမယ်လေမစံပယ်ရေ...
ငယ်ငယ်တုန်းကမစံပယ်
အခုတော့ရာသီတွေပြောင်းငယ်ပေါင်းကိုသူမေ့ 
ဘဝလေဟပ်အခြေပျက်နေပြီလားမစံပယ်ရေ...
အခုတော့မစံပယ်မင်းဘဝ
ပန်းကောင်အညွန့် ကျိုး
မြင်းကောင်းခွာလိပ်
ဤအဖြစ်မျိုးလွတ်လပ်ခြင်းဆိုတဲ့
ဝေါဟာရအောက်မှာမင်းဘဝ
ပြားပြားမှောက်နေပြီလားမစံပယ်....
အထိန်းကွပ်မရှိတဲ့ကြမ်း
လင်မရှိသောမုဆိုးမ
ဘယ်ဟာမှမရေရာသလို
မင်းဘဝလဲဗေဒါလိုမမျောစေနဲ့ 
ကိုယ်ဘဝကိုယ်အခြေအမြဲစဉ်ခြင်လေ
သတိတွဲယှဉ်ပါမှဘယလှပပေမည်မစံပယ်...
No comments:
Post a Comment