Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Monday 23 September 2013

***လွင်(၂)**

ရုပ်အဆင်းဟန် ကြွားဝင့်လို့ ရယ်
မျက်နှာထားပြုံးပါရင် မင်းပပရှုံး
တစ်ဖတ်သား မုန်းနိုင်ပါဘူး
ယမင်းလှကေသွယ်
နုသားတော် ဝါဝါညက်ကယ်နှင့်
ရှုစားတော် အခါခါမက်ဖွယ်
နံ့ သားပန်းလည်း မလိမ်းခြယ်
မိန်းမမြတ်လို့  ခေါ်လောက်ပါရဲ့ 
ဟန်မူရာ ခြောက်ပြစ်ကင်းစင်။
မြင်လျှင်မြင်ချင်း ချစ်ကြိုးနှောင်သွယ်
သူဇာနတ်မယ် ယုံပါတော့ကွယ်
ရာသက်မခွဲ ပေါင်းဖို့ ရန်ရွယ်
မေတ္တာတော်မဖယ် ကိန္နရီမောင်နှံသဖွယ်
ပြိုင်စေဦးတော့ ဘယ်ခါမှမရှုံး
ယုံပါတော့ခင်။
တူနှစ်ကိုယ် နေ့ စဉ်တွေ့ ချင်တယ်
ပင်တိုင်တော်ဦး ကျော့မှုးကေသွယ်
မရရင်တော့ကွယ် ရူးရတော့မယ်
ဤကမ္ဘာနဲ့  နောက်ကမ္ဘာလဲ
အမြဲပဲချစ်ပမည် ဘယ်လိုပင်
သံသရာတွေလည်းဆုံးဦးတော့ မမုန်းဘူးကွယ်။
သွားလေရာ ခင်မျက်နှာ
မျက်စိမှာစွဲ ခက်လှတယ်လေး
မောင်ဖူးစာဖြစ်ဖို့ အရေး ဘုရားလည်းမစ
သိကြားလည်းမစ
ဘယ်သောအခါမှ နီးရပါ့မယ်။

No comments:

Post a Comment