ဥယျာဉ်မြေမှာပျိုးတဲ့ပန်း
လန်းဆန်းတာပဲမြင်ချင်တာပေါ့
ညှိုးနွမ်းမှာကိုဖြင့်ဥယျာဉ်မှုးတိုင်း
အလိုလားကြတာအမှန်ပါလေ
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်
ရနံ့ ထုံသင်းမွှေးပျံ့ ခြင်း
ဂုဏ်သတင်းကျော်ဇော
လေပြေသယ်ရာမွှေး
ပန်းကလေးပဲဖြစ်စေချင်တာ
ရင်ထဲကဆန္ဒပါလေ
ပန်တော်ကျဘဝမလှပခြင်း
မြင်သူရွံ့ ရှာခူးသူမဲ့
ပန်ဆင်သူမဲ့ပြီး
နွမ်းကြေရမှာကို
ဥယျာဉ်မှုတိုင်းမမြင်ရက်မကြည့်ရက်ပါဘူး
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်
ဥယျာဉ်တောမှာပွင့်လန်းနေချိန်
ပျားပိတုန်းတွေရန်ကို
ဥယျာဉ်မှုးကကာကွယ်ပေးမှာပါ
ပန်းကလေးဝတ်ရည်စုတ်လူး
ပျားဘီလူးတို့ အလယ်သနားစဖွယ်
အနွမ်းပန်းလေးမဖြစ်ရအောင်ပေါ့
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်
ကိုယ်တိုင်ပျိုးသည့်ပန်း
မခူးရက်မမွှေးရက်
ပင်ယံထက်ပဲလှပါစေချင်တာပါ
ခူးလို့ ခြွေနမ်းလို့ နွမ်းရင်လဲ
အမြဲလှပပန်းဘဝဖြစ်စေချင်တာ
ဥယျာဉ်မှုးတိုင်းရဲ့  ဆန္ဒပါလေ
သူသည်ပန်းတစ်ပွင့်ဖြစ်ခဲ့ပါလျှင်.............
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
No comments:
Post a Comment