Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 7 September 2013

****ကောင်မလေး......သို့....****

ကောင်မလေးရေ

တကယ်မချစ်ပဲနဲ့များ

ငါချစ်ခဲ့ပါ့မလား

အခုတော့

တလောကလုံး

တမိုးလုံးအောက်မှာ

ငါချစ်တာက မင်းတစ်ယောက်ထဲ......

တကယ်ချစ်တာကို

ဗီးနပ်စ်က သိပါလျှက်နဲ့

ဘာကြောင့်များ အလွမ်းတွေနဲ့

မှတ်ကျောက်တင် ကြည့်နေတာပါလိမ့်.......

အခုတော့

နံနက်ဖြန်တိုင်း နံနက်တိုင်းက

ကျောက်ဆူးချလို့ မရတဲ့ အိပ်မက်တွေနဲ့.....

ကတ်ကြေးတစ်လက်ပေးပါ

ကောင်းကင်ကို အထည်ချုပ်ပြီး

ကောင်းမလေးကို ဆင်မြန်းပေးမလို့

ကြယ်တွေ ကြွေပေးပါ

ကြယ်ပွင့်တွေကို

တစ်ပွင်စီ သီပြီး

ကောင်မလေးရဲ့ ကေသာ မှာ

ဆင်မြန်းပေးမလို့

ဖြစ်နိုင်ရင်

ကောင်မလေးကို ရင်ဘတ်ထဲ မှာထည့်ပြီး

ထာဝရ သိမ်းထားချင်ရဲ့

သံသရာ မဆုံး မချင်းပေါ့.....

ထင်မထားခဲ့ဘူး

အင်မတန်တည်ငြိမ်တဲ့

နှလုံးသား ရေပြင်က

ကောင်မလေးနဲ့ တွေ့မှ

လှိုင်းထန်သွားမယ်လို့

အခုတော့

နံနက်ဖြန်တိုင်း နံနက်တိုင်းက

ကျောက်ဆူးချလို့ မရတဲ့

အလွမ်းတွေနဲ့.......။ ။

ညိုလင်းမောင်(ရေဦး).....ရင်တွင်းဖြစ်(မူပိုင်)

No comments:

Post a Comment