Blogger Widgets

စာ

 photo JerryAni_zpsab17c18d.gifဘုရား၊တရား၊သံဃာ၊မိဘဆရာတို့ ကိုဦးထိပ်ထားလျက်ကျနော်ဝါသနာအရရေးသားသော photo JerryAni_zpsab17c18d.gifကိုတိုင်ရေးကဗျာများ photo JerryAni_zpsab17c18d.gifဆောင်းပါး photo JerryAni_zpsab17c18d.gifနည်းပညာ photo JerryAni_zpsab17c18d.gifဟာသ photo JerryAni_zpsab17c18d.gifပုံလှလှလေး photo JerryAni_zpsab17c18d.gifစာအုပ်စဉ် photo JerryAni_zpsab17c18d.gifflash songနားဆင်ရန် photo JerryAni_zpsab17c18d.gifကဗျာအကြောင်းလေ့လာရန် photo JerryAni_zpsab17c18d.gifcssကုတ်များ photo JerryAni_zpsab17c18d.gifရသ photo JerryAni_zpsab17c18d.gifစာပေတွေဖတ်ရှုသူအားလုံးကိုကျေးဇူးအထူးတင်လျက်.....ညီညွတ်ညိန်း

ကာလာ

သင်နှစ်သက်ရာ အရောင် ဖြင့်ရွေးချယ်ကြည့်ရူနိုင်ပါသည်

Saturday 7 September 2013

***ငါသည်သာ..ပန်းတစ်ပွင့်ဖြစ်၍...(၂)***

ဘ၀က

အချစ်ထက်ပိုပြီး

လေးနက်ခဲ့ရင်

ငါ့နှလုံးသားက

ဘာကြောင့်များ

အလွမ်းတွေကို

ဖွင်ထုတ်တေးသီရတာလဲ

ကောင်မလေးရယ်.....

အချစ်နဲ့ဘဝ

အသိုင်းဝိုင်းနဲ့ ကွာဟမှု့

အဲဒီပဋိပက္ခတွေကြား

လူငယ်တွေရဲ့နှလုံးသားတွေ

ဘယ်နှစ်ကြိမ်စတေးပြီးပြီလဲ...?

နှလုံးသားမဲ့ရပ်ဝန်းမှာ

အချစ်ကို

ပေတံတွေနဲ့တိုင်းထွာရင်း

သတ်စားခံခဲ့ရတဲ့

နှလုံးသားတွေအတွက်

ဘယ်သူလျော်ကြေးပေးမလဲ...?

မျက်ရည်စွန်းထင်ခဲ့တဲ့

ငါ့ရဲ့

အဖြူရောင် ကဗျာတွေတွက်

မင်းကို

အပြစ်မတင်ခဲ့ပါဘူး

ကမ္ဘာလောကရဲ့

တထောင့်တနေရာမှာ

မင်းကို

သိပ်ချစ်နေတဲ့ကောင်လေးတစ်ယောက်

ရှိခဲ့ဘူးတာ

မိုးစက်တွေကိုပြောပြလိုက်ပါ.....

ကောင်မလေးရေ

ပန်းပွင့်တွေအကြောင်း

လိပ်ပြာတွေသိပါတယ်

ကြယ်လေးတွေအကြောင်း

မိုးကောင်းကင်ကြီး သိပါတယ်

တိမ်တွေရဲ့အကြောင်း

လေပြေတွေသိပါတယ်

မင်းကိုချစ်တဲ့

ငါ့အချစ်တွေအကြောင်း

ငါ့ကဗျာတွေကိုသက်သေတည်

လောကကြီးသိဖို့မလိုပေမဲ့

မင်းလေးတစ်ယောက်

သိခဲ့မယ်ဆိုရင်

ငါ့ဘ၀ရဲ့

နေ၀င်ချိန်ထိ

ဆည်းဆာက လှပနေမှာပါ.....

ကောင်မလေးရေ

ကောင်းကင်ကို

ဆန့်တန်းထားတဲ့ လက်နှစ်ဖက်

ပြန်မရုတ်သိမ်းသေခင်

ကမ္ဘာမြေရဲ့

မိုးစက်တွေအောက်မှာ

ငါတို့

ပြန်ဆုံဖြစ်ခဲ့ရင်

ငါသည်သာ

ပန်းတစ်ပွင့်ဖြစ်၍

နောက်တစ်ကြိမ်

ပန်းပြန်ပွင့်ခွင့်ရခဲ့ရင်.....။ ။

ဆရာတာယာမင်းဝေ အား ထာဝရ သတိရလျှက်

ရေးဖွဲ့သီးကုံးသည်

ညိုလင်းမောင်(ရေဦး)

No comments:

Post a Comment