ပန်းမှာသုံးပွင့်
စီရီပွင့်
ပန်ခွင့်မကြုံရ။
ဖြစ်ရာဘဝ
ကျင်လည်ရ
များလှဒုက္ခရောက်။
ဖြစ်လိုက်ပျက်လိုက်
ဘဝဆက်
မျက်ရည်စက်တွေများလှပြီ။
ဓမ္မစည်ကြီး
ရိုက်ဆော်တီး
မည်ဟီးဘဝဂ်တိုင်။
ကိလေသာနား
ပိတ်၍ထား
တို့ များမကြားနိုင်။
မကြားဘိသော်
ပန်းရိရော်
ဟစ်အော်ညည်း၍မှိုင်။
ပန်းပွင့်သုံးပွင့်
ပန်ဆင်ခွင့်
လွဲလို့ ကျန်ခဲ့ပြီ။
ပွင့်ခဲ့သောပန်း
မခြောက်နွမ်း
မွှေးမှတော်ကြမည်။
မေတ္တယျပန်း
ဦးထိပ်မှန်း
ဆင်မြန်းဖို့ ရန်ရည်။
စိတ္တသုခကာယသုခပြည့်စုံကြပါစေ.....ညီညွတ်ညိန်း
No comments:
Post a Comment