သန္ဓေစတည်ရင်သွေးငယ်ကို
ကိုးလလွယ်ပြီး ဆယ်လတွင်းဖွား
အို...မိခင်သည် မီးတွင်းထဲမှာ
သေမင်းနှင့်စစ်ချီရပြီ...
မွေးဖွားသန့်စင် ကလေးရုပ်သွင်
မြင်သောအချိန် နာကြင်ပြင်းပြ
ဝေဒနာတို့သည် ကင်းစင်လွင့်ပျောက်
အပြုံးမျက်နှာ ဝေရှာနိုင်သည်
ကျေးဇူးဂုဏ်အင်အနန္တပင်။
ဤလူဘုံဝယ် ဝင်ရောက်သည်မှ
အိုဖခင်သည် လုပ်ကိုင်ကျွေးမွေး
ဖခင်ပခုံး ကျွဲပခုံးပမာ
အသားမာတည် ညိုညစ်ရောင်းသန်း
သို့သော်ဖခင် ပြုံးရွှင်မပျက်
အသည်းလှစွာ ဖွေရှာကျွေးခဲ့
ကျေးဇူးဂုဏ်အင်နှိုင်းမမှီ။
စိတ္တသုခ၊ကာယသုခ ပြည့်စုံပါစေ.....ညီညွတ်ညိန်း
!-မောင်(စွယ်စုံကျမ်း)-http:>
စာ
ကာလာ
Tuesday 1 January 2013
***အနန္တဂုဏ်အင်ကျေးဇူးရှင်**
Subscribe to:
Post Comments (Atom)
No comments:
Post a Comment