ငွေနှင်းမှုန်ကြဲ လေမှာဝဲခါ
ဖိုးရွှေလသာ ကြယ်တာရာတို့ 
ကခုန်ပျော်မြူး အလှထူးသည့်
သည်ဆောင်းဟေမာန် ချမ်းခိုက်ခိုက်တုန်
လေချိုတွေသွေး အေးတော့မည့်ဟန်
မျှော်ကာငေးမော ဆွေးစိတ်ကပို
ချစ်တဲ့သူကို မှန်းမျှော်လို့ သာ
လွမ်းစိတ်တွေက ဖြေမရလေ။
ငွေနှင်းစိုစို။
နွေကိုမလို တေးကိုဆိုနေ
စမ်းရေရောင်မြူး တံငါလောင်းလှေ
ကမ်းခြေသောင်ဦး အလှထူးကာ
ရေပြင်ဧရာ ဗေဒါမျောပါ
ရွှေငါးကြင်တွေဆန် ငါးတန်တွေကူး
အဖော်ဝေးသူဆွေးစေဖို့ ဖန်။
No comments:
Post a Comment