ရွက်နူဝေဆာ အကိုင်းဖြာဝေ
အလှပေါချိန် ပျော်စံကျေးငှက်
အုပ်ကြွက်ကြွက်နှင့် ပျော်ပါးမဆုံး
ဤကမ္ဘာပေါ်အလှဆုံးလေ။
သစ်ပင်အိုသည် အရိုးကျန်နေ
အမေတွေအို ဆန်ဖြူသွားကြွေ
ပါးရေးနားတွန့်  အလှပျက်နေ
အေးမြအရိပ် တစ်ခဏတောင်
ရောက်မလာနိုင်ကြပေ။
မိဘအိုတွေအရိုးရေတည်
မလုပ်နိုင်မကိုင်နိုင်
သူများတွေပေးကျွေးတာလေးနဲ့ 
မဝဝမ်းစာစားနေရတာ
သားသမီးများမှာလှည့်မကြည့်ပေ။
အကိုင်းတွေကျိုးမြေသို့ တိုးမှ
နောင်တတစ်သိုက်ရင်ဝယ်ပိုက်လျက်
ဆိုက်ဆိုက်ရောက်လာ
ငိုပွဲတစ်ရာဖြင့်သာ
သြော်လောကဓမ္မတာ
အပင်အိုများတွက်ကြေကွဲရပါလား......................။
ရင်မှပေါက်ဖွားအမေ့သားလေး
ReplyDeleteဘေရန်ကင်းလို့လိုရာပြည့်ရေး
အမြဲဆုတောင်းပေးတဲ့အမေကိုလွမ်းရတမ်းတမိပါတယ်