ဂုဏ်မဲ့သူသစ္စာထားလဲ
မေတ္တာတရားကင်းမဲ့ခါ
ပကာသနတွေကြား
တိုးဖောက်ဝင်ရောက်
မီးကိုတိုးသည့် ပိုးဖလံပမာ
ပူမှန်းသိလျက် ဇွတ်မိုက်သူရေ....
ဂုဏ်ချင်းထပ်လို့  မြတ်ခဲ့ရင်တော်သေး
အခုတော့.......
ပန်းဘဝပန်းအလှ
ကံကြမ္မာရဲ့ လှည့်ကွက်ထဲ
ကြွေခဲ့ရလေပြီ....
အရောင်ဆောင်ပကာသနကြား
ပျော်ပါးချင်သူ ဂုဏ်ရည်တူသူကို
မကြည်ဖြူနိုင် မှန်းဆထားတဲ့ဘဝ
မရောက်ခဲ့ရပါလား............
ဟိုတစ်ခါဆီကအပြုံးမျက်နှာ
အခုတော့ငိုကြွေးရင်နဲ့ သာ
သေပွဲဝင်ခဲ့ရှာ........
No comments:
Post a Comment