ချစ်အောင်လဲပြောတက်
ကြိုက်အောင်လဲဆွဲဆောင်
အချွဲအနွဲ့ ပလီပလာ
တီတီတာဆိုတက်လို့ 
အထင်ကရအလှကလေးနဲ့ 
အမြင်ကအဆမတန်ကွာ
ရုပ်ကလေးချောသလောက်
ကြောက်စရာအသွယ်သွယ်
ပေးခဲ့သောအချစ်အတွက်
ရင်နင့်ခဲ့ရပြီ..........
ဟိုးရှေးရာဇဝင်ထဲမှာ
ဒွေးမယ်နော်လေး
ငွေတောင်ပြည်ပြန်သွားလို့ 
သုဓနုလွမ်းရလေသည်။
ခေတ်သစ်ဒွေးမယ်နော်ရေ
ငွေတောင်ပြည်လဲမသွား
အနားမှာရှိနေပါလျက်
သဲကိုးဖြာကမ မာယာလေးတွေကြွယ်
သုဓနုမဟုတ်တဲ့ကိုယ်နှလုံးသား
မြင်နေလျက်နှင့် မကြင်ရက်စက်လေသည်။
အစကတည်းကချစ်သူရည်းစား
ရှိနေပါလျက်ကယ်နှင့်
မြူသလိုပြုစားလှည့်စားသူရေ...
အလိမ်ညာပလီပလာတွေ
နောက်တစ်ခါမကြုံရစေဖို့ 
နှလုံးသားကိုသော့ခတ်သိမ်းထား
စိမ်းသွားသူရေပျော်ပါစေ...........
နှစ်ဖြာသုခချမ်းသာကြပါစေ.....ခေတ်သစ်မင်းနန္ဒာ
No comments:
Post a Comment